မနက်ရုံးသွားရန် မှန်ရှေ့တွင် နက်ခ်တိုင်လေး ကိုချည်နေရင်း Kim JongIn မျက်နှာ ပြုံးနေမိသည်။မနေ့ညက Do KyungSoo ကို မလိမ့်တပတ်နှင့် ပင်ပန်းအောင်လုပ်ခဲ့သည်.။ အိမ်ပြန်ပို့ပေးတော့ နွမ်းနယ်နေသောမျက်နှာလေးကို သနားသလိုရှိပေမယ့် စနောက်ချင်စိတ်က ပိုနေ၏။ သူသည် တစ်ဖက်သားကို စနောက်တတ်သည့် သူမျိုးမဟုတ်သည့်တိုင် ထိုကတုံးလေးကိုတော့ ဖြင့် အမြဲစနောက်ချင်နေမိသည်။
ထိုစဉ် ဖုန်းမြည်သံတကတူတူနှင့်ပေါ်ထွက်လာသည်မို့ စားပွဲပေါ်ကဖုန်းကိုကောက်ကိုင်လိုက်သည်။##ဟုတ်ကဲ့ ပြောပါ..##
** ဘယ်မှာလဲ.***
## ဘယ်သူပါလဲ. ဖုန်းမှားနေတယ်ထင်တယ်.##
*** ခဏလေးး ခဏလေး..ဟူးးးးးးး စိတ်ချည်းပဲ JonIn Hyung.***
ဖုန်းချပစ်မည်ကြံကာမှ အလောတကြီး ထွက်လာသည့် အသံလေးကြောင့် JongIn ပြုံးသွားရသည်။
## BaekHyunee ##
** ဟုတ်ကဲ့ BaekHyunee ပါ. တွေ့ရအောင်နေရာ message ပို့ပေးလိုက်မယ်နော် နောက်မှမေးတော့ဒါပဲ****
ဘာမှ ပြန်မပြောနိုင်ခင် ဖုန်းအရင်ချသွားတာကလည်း BaekHyun. ပါပဲ.။ အောက်ထပ်ဆင်းလာက အဒေါ်ကြီးပြင်ပေးသည့် မနက်စာကို အမြန်စားလိုက်ရင်း JongIn မျက်နှာပြုံးနေသည်။ တစ်ချိန်လုံးခပ်တည်တည်နေတတ်သည်မို့ အဒေါ်ကြီးကတောင် မေးလာလေရဲ့.။ သူ ခုတလော စိတ်ပျော်စရာတွေနဲ့ပဲကြုံနေရပါလား။
တောင်ခနဲတက်လာသော message ထဲက အချိန်နှင့်နေရာနှင့်အတူ သူ့အတွင်းရေးမှူး SeoJong ကိုလည်း မနက်ရုံးမလာဖြစ် ကြောင်း message ပို့ထားလိုက်သည်။ချိန်းထားသည့် ကော်ဖီဆိုင်လေးထဲရောက်တော့အရင်ရောက်နှင့်သူက ကော်ဖီနှင့်ကိတ်ကိုသုံးဆောင်နေလေသည်။ သူ့ကိုမြင်သွားတာနှင့် စားလက်စ မုန့်တန်းလန်းနှင့်အတူ လက်လှမ်းပြသေးသည်။
“Hyung ဘာစားမလဲ”
“အဲ့ဒါ အသာထားပါ..မင်းက ဘယ်တုန်းက ဒီပြန်ရောက်နေတာလဲ..ငါ့ကို ဖုန်းလည်းမဆက်ဘူး။”
“ခုဆက်တယ်လေ.Hyung ရဲ့. ”
ပလုပ်ပလောင်းစားရင်းဖြေနေသည်ကို ကြည့်ရင်း နင်မှာစိုးရသည်မို့ ကော်ဖီခွက်လေးကို BaekHyun ရှေ့နားထိတိုးပေးလိုက် သည်။

VOCÊ ESTÁ LENDO
အချစ်ကို သူဖန်ဆင်း၏။
Fanficစစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။