နှစ်ယောက်လုံး ကျောင်းဝန်းထဲက လူရှင်းသည့်နေရာတွင် ထိုင်နေကြပေမယ့် စကားတစ်ခွန်းမှ ပြောမလာသည့် KyungSoo ကြောင့် Chanyeol စကားစလိုက်သည်.။
“ငါ ဘာမှ ဂရုမစိုက်ဘူး Kyungie ..လာခဲ့ပါ..မင်း ငါ့ဆီလာခဲ့ရင် ရပြီ.။ငါ အားလုံး စွန့်လွှတ်နိုင်တယ်..”
ဦးတည်ရာ မရှိကြည့်နေသည့် မျက်လုံးလေးတွေက Chanyeol ကို ရင်ဆိုင်ကြည့်လာသည်။ မျက်ရည်တွေဖွဲ့နေသည့် မျက်နှာသည်..သက်ပြင်းငွေ့ငွေ့ချလိုက်သည်။
“ဖြစ်နိုင်ရင် ငါ မင်းဆီကိုပဲပြေးလာလိုက်ချင်တယ်. ဒါပေမယ့် ငါ --ငါ က သူနဲ့..”
မျက်လွှာပြန်ချကာ စကားမဆက်နိုင်သူကြောင့် Chanyeol လက်သီးဆုပ်ကာ အံတင်းတင်းကြိတ်မိသည်.။ Kim JongIn ….ယုတ်မာလိုက်တာ……..
“အဲ့ဒါ ဘာဖြစ်လဲ Kyungie ငါ လက်ခံနိုင်တယ်..အဲ့ဒါ ဘာဖြစ်နေလို့လဲ.???အဲ့တစ်ချက်နဲ့ မင်း သူ့ကိုယူစရာမလိုဘူး…။”
“အဲ့တစ်ချက်ထဲတင် မဟုတ်ဘူး Chanyeol ရယ်..ဖေဖေ….သူနဲ့ အခြေအနေတစ်ခုမှာ မြင်ထားတဲ့ ငါ့အဖေက မင်းနဲ့သဘောတူမယ်ထင်လား..။ ပြီးတော့ ငါ မင်းနဲ့နေမယ်လို့ဆုံးဖြတ်လိုက်တယ်ဆိုရင်တောင် Kim JongIn လက်ထဲမှာ ထဲထဲဝင်ဝင် ပတ်သက်နေတဲ့ င့ါတို့မိသားစုလုပ်ငန်းတွေကို အာမမခံနိုင်ဘူးလို့ Kim JongIn ကိုယ်တိုင် ငါ့ကို ပြောခဲ့တာ…..”
“ကျွတ်~~~ ခြိမ်းခြောက်ထားတာလား..”
“အားလုံးထက် အဓိက က ငါ့ကိုသူနဲ့လက်ထပ်စေချင်နေတာ ငါ့ဖေဖေ က..”
“ဟာကွာ အဲ့ဒါနဲ့ ငါတို့က ဝေးရမှာလား..”
Chanyeol စိတ်ပေါက်ပေါက်နဲ့ အနားက ပန်းပင်ပုလေးတွေကို လွှဲကန်ပစ်လိုက်သည်။ KyungSoo မျက်ရည်တွေကျလာသည်..။ပြီးတော့ ပေါက်ကွဲနေသည့် Chanyeol ခါးကို နောက်ကနေ သိုင်းဖက်လိုက်သည်..။
“စိတ်မဆိုးပါနဲ့ Chanyeol ရယ်….ကောင်းကောင်းနေထိုင်ပါနော်… ငါ--ငါတို့ သူငယ်ချင်းဆက်လုပ်ကြမယ်..ပြီးတော့ ငါ တစ်ချိန်ရောက်ရင် အဲ့လူဆီက သေချာပေါက် ရုန်းထွက်ခဲ့မှာ..အဲ့ထိတော့ ငါ့ကိုစောင့်ပေးနိုင်တယ်မလား…”
ခါးမှာဖက်တွယ်ထားသည့် KyungSoo လက်တွေကိုဖြုတ်ကာ မျက်နှာချင်းဆိုင်လိုက်သည်.။