“မေးမယ် မေးမယ်နဲ့မေ့နေတာ.ဟိုတစ်နေ့ကလေ မင်းတို့ Mall မှာ မင်းနဲ့ Kin JongIn ဆိုတဲ့ လူကိုတွေ့လိုက်တယ်.အသိတွေလား ??”
Xiumin မေးသည်က မျက်လုံးလေးတွေ တလက်လက်နှင့်..။ KyungSoo မျက်မှောင်ကြုံ့လိုက်ပြီးမှ
“မင်း မျက်နှာကြီးကဘာဖြစ်နေတာတုန်း.?? စပ်ဖြီးဖြီးနဲ့. ”
“ဟာ--မင်းကလည်း Kim JongIn ရဲ့ Kae လုပ်ငန်းစုကဒီလောက်နာမည်ကြီးတာ.သူ့နဲ့တွေ့ခွင့်ရဖို့ကြိုးပမ်းနေကြတဲ့လူတွေ အများကြီးရှိတာ မင်းမှမသိတာ. ငါက အဖေ့လုပ်ငန်းကို ၀င်ကူနေရလို့…အဲ့ဒါ မင်းနဲ့အသိတွေ ဆို မိတ်ဆက်ပေးစမ်းပါ .. ဒါဆို ငါ့အဖေ ငါ့ကို ဖူးဖူးမှုတ်ထားမှာ..”
တပြုံးပြုံးနှင့်ပြောနေလေသော Xiumin ကို KyungSoo နှင့် Suho ၀ိုင်းရယ်ကြတော့သည်..။ သူတို့အားလုံးသည် ကျောင်းတက်ရင်းနှင့် အလုပ်တွေကိုပါ လေ့လာရကြတာဖြစ်ပေမယ့် KyungSoo ကတော့ ဒီနှစ်ပိုင်းတွင်မှ ဖခင်ဖြစ်သူလုပ်ငန်းထဲ လေ့လာဖြစ်ခြင်းပင်.။
“အဲ့ဒီတော့ သူနဲ့ သိတယ်လား ?/”
Suho က အအေးလေး တစ်ငုံစုပ်သောက်လိုက်ရင်း မေးသည်ကို KyungSoo ခေါင်းညိတ်ပြလိုက်သည်။
“ငါ့ အသိတော့ မဟုတ်ဘူး.။ဖေဖေ နဲ့ သိတာပါ..ငါတို့အိမ်ဘေးက အိမ်အသစ်ကိုပြောင်းလာတာလေ.”
“ဘာ --မင်းတို့အိမ်ဘေးမှာနေတာလား.??”
Xiumin က ခေါင်းတဆတ်ဆတ်နဲ့ ဘာတွေကြံစဉ်နေမှန်းမသိ.။ Suho ကလည်း သူ့အအေးဆက်သောက်နေရင်း အဖေ့ကို ပြောပြရဦးမည် ဟုရေရွတ်နေသည်.။ KyungSoo လည်း ကိုယ့်ဘာသာ နေ့လည်စာဆက်စားနေလိုက်သည်။ Chanyeol ရယ် Chen ရယ်နဲ့က KyungSoo တို့သုံးယောက်နှင့် မေဂျာမတူသည်မို့ တစ်ခါတစ်လေ နေ့လည်စာကို တူတူမစားဖြစ်ကြပေ.။
“Do KyungSoo..”
Suho တစ်ချက်သီးသွားသည်.။ ခုလေးတင်မှ သူ့အကြောင်းပြောနေသည်ကို ထိုလူသားက မျက်စိရှေ့မှောက်…။ Xiumin နဲ့ Suho ပြူးကြည့်နေကြပေမယ့် KyungSoo ကတော့ တစ်ချက်ပဲကြည့်ကာ သြော် ထိုင်လေ တဲ့……။
“နေ့လည် မင်း အတန်းချိန်မရှိတော့ဘူးမလား..။ ကိုယ်နဲ့ စက်ရုံလိုက်ခဲ့ရမယ်.”
YOU ARE READING
အချစ်ကို သူဖန်ဆင်း၏။
Fanfictionစစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။