“အကောင်းဆုံးတော့ ကြိုစားနေပါတယ်.။စိတ်တော့မကောင်းပေမယ့် လူနာက သိပ်အားရစ၇ာမရှိဘူး.ခင်ဗျ.”
သွေးလွန်နေသည်ကြောင့် သွေးပုလင်းများဖြင့် ခွဲခန်းထဲ ၀င်သွားသည့် သူနာပြုတွေနှင့် ဆရာဝန်တွေ ကိုကြည့်ရင်း ဆေးရုံကြမ်းခင်းနံရံတွင် Chanyeol ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်မိသည်.။
ရင်ထဲထိအောင့်တက်နာကျင်စိတ်နှင့်အတူ မျက်ရည်တွေကလည်း အတောမသတ်နိုင်.။
အဆုံးထိ ချစ်ပေးခဲ့သည်.။
နောက်ဆုံးထိ သူ ပျော်ဖို့သာတွေးပေးခဲ့သည်တဲ့လား.။
သူ့လက်တွင်ပေနေသည့် သွေးတို့ကို ပြန်ကြည့်ကာ နာနာကျင်ကျင်ရယ်လိုက်မိသည်.။
တောင်းပန်ပါတယ်…..တောင်းပန်ပါတယ် ကလေးရယ်.။
သူသာ လူကြီးမဆန်ခဲ့သူ။ နှလုံးသားကို အမုန်းတရားအောက်မြှုပ်နှံပစ်ခဲ့သူ.။ တစ်ကိုယ်ကောင်းဆန်သူပါလေ.။
“BaekHyunee အခြေအနေရော…ဟမ် Park Chanyeol ငါမေးနေတယ်လေ.။”
အလောသုံးဆယ်ပြေးလာသော Kim JongIn သည် ခြေဆင်းထိုင်ကာ မျက်ရည်လည်ရွှဲနှင့် Chanyeol ကိုကြည့်ကာ BaekHyun အတွက်စိုးစိတ်တို့ဆောင့်တိုးလာသည်။
“ဘာမှမဖြစ်ဘူး။Hyunee.. Hyunee က ခဏနေ နိုးလာတော့မှာ.။ Hyunee က ကျွန်တော့်ကို ပျော်စေချင်တာမို့ သူနိုးထလာမှာ.”
ပြောရင်းကနေ ရှိုက်ကြီးတငင်ငိုပြန်ပြီမို့ JongIn ကိုယ်တိုင်လည်း စိတ်မောလူမောဖြင့် သူ့ဘေးနားထိုင်ချလိုက်မိသည်.။
“မင်း မချစ်ဘူးလို့ ညာချင်သေးလား.???”
“ဟင့်အင်း ~~~ Hyunee ကို ကျွန်တော်ချစ်တယ် ။ အရမ်းချစ်တယ်.။သေလောက်အောင်ချစ်မိနေတယ်ဗျာ.။ ကျွန်တော် သူ့ကို သေချာတောင် ဖွင့်မပြောရသေးတာ.။ ကျွန်တော် သူ့ကို ၀န်ခံရဦးမှာ.။ ကျွန်တော့်အမှားတွေကို~လေ.. ။ JongIn Hyung ..သူ့ --သူ့ကို ရှင်သန်အောင်လုပ်ပေးရမယ်နော်..ဘာခိုင်းခိုင်းလုပ်မှာမို့ သူ့ကိုကျွန်တော့်ဆီ ပြန်ပို့ပေးပါနော်.”
