အမှတ်မထင် တိုက်မိခြင်းနှင့်အတူ မြေပြင်ပေါ်ပြန့်ကျဲသွားသည်က KyungSoo ၏ စာအုပ်တွေ…။
“ဟာ ဆောရီးနော် ဆောရီး..ကျွန်တော် တကယ်မမြင်လို့ပါ..”
ပြာပြာသလဲ ကောက်ပေးမိရင်း မတ်တပ်ရပ်ပြန်ပေးလိုက်တော့ KyungSoo Hyung..က ခပ်တည်တည်လေး ကြည့်နေသည်။ BaekHyung နှစ်လိုစွာပြုံးပြလိုက်မိ၏။
“အင့် KyungSoo Hyung…စာအုပ်တွေ.”
“ကျေးဇူးပဲ..”
ထိုကောင်လေးကို KyungSoo မှတ်မိပါသည်..။ တစ်နေ့က JongIn နှင့်အတူ ဆိုင်တစ်ဆိုင်မှာတွေ့ခဲ့သည်ကို…။ ကြည့်ရတာ တော်တော်တော့ ရင်းနှီးကြသည်ထင်၏။
“ကျွန်တော်က Byun BaekHyun ပါ..Hyung..။ ဟိုလေ ဟို JongIn Hyung ရဲ့..”
“ရပါတယ် ပြောပြစရာမလိုဘူး. Hyung စိတ်မ၀င်စားဘူး..သွားပြီနော်..”
“KyungSoo Hyung..”
“Kyungie..”
တစ်ပြိုင်နက် ထွက်လာသော အသံနှင့်အတူ BaekHyun နောက်လှည့်ကြည့်မိတော့ Chanyeol နှင့် တွဲတွေ့ရတတ်သော Hyung တစ်ယောက်..။
“Kyungie …တစ်ယောက်တည်းလား ဟိုနှစ်ကောင်ရော..”
“Chanyeol !! သြော် တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက်လုံး အလုပ်မအားဘူးတဲ့…Chen မင်းရော ပြည်ပခရီးသွားနေတာဆို ဘယ်တုန်းကပြန်ရောက်လဲ..”
“မနေ့ကပဲ ရောက်ရောက်ချင်း ကြားရတဲ့သတင်းကကွာ..ကျွတ်…”
သူငယ်ချင်းတွေမို့ Chanyeol နှင့် KyungSoo ၏ ဆက်ဆံရေးကို တည်မြဲစေချင်သူတွေသာဖြစ်ကြသည်…။ Chen စကားကြောင့် KyungSoo မျက်နှာပြိုတော့မယ့်မိုးလို ဖြစ်သွားသည်..။
“တော်ပြီ မပြောနဲ့တော့ ကျောင်းပြင်မှာ နေ့လည်စာ သွားစားကြမယ်ကွာ..”
Chen က နှစ်ယောက်လုံး၏ ပုခုံးကိုသိုင်းဖက်လိုက်သည်..။ ခုထိ BaekHyun သည် နေရာတွင်တောင့်တောင့်လေးရပ် လျက်သားပင်ရှိသေးသည်..။ KyungSoo က လှည့်ကြည့်လာကာ---
“နေ့လည်စာ မစားရသေးရင် လိုက်ခဲ့လေ မင်း လည်း…”
“နေပါစေ..သူ့ဘာသာ စားလိမ့်မယ်လေ..”
ဝင်ပြောလာသည့် Chanyeol ကြောင့် BaekHyun မျက်နှာလေးငယ်သွားသည်.။အမှန်ဆို သူ လိုက်ချင်ပါသည်.။ JongIn Hyung အတွက်ပဲဖြစ်ဖြစ် KyungSoo Hyung နဲ့ ပိုရင်းနှီးချင်သည်..။
YOU ARE READING
အချစ်ကို သူဖန်ဆင်း၏။
Fanfictionစစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။