Part-19

5K 449 12
                                    

အပြင်ဘက်ကနေ အခန်းတံခါးကို တဒေါက်ဒေါက်ခေါက်နေသံကိုကြားသော်လည်း KyungSoo အရေးမစိုက်.။ ပိုက်ထားသည့် အညိုရောင်ဝက်ဝံရုပ်ကြီးကိုသာ တင်းတင်းပွေ့လျက် မျက်ရည်တွေကျနေမိသည်.။ Chanyeol ရှေ့တွင်မို့ မျက်နှာထားစရာ မရှိလောက်အောင်ရှက်သည်။ လူကို အရုပ်တစ်ရုပ်လို တန်ဖိုးမထားဘဲ ဆက်ဆံလိုက်သည့် Kim jongIn ကိုလည်း စိတ်နာသည်.။

“Kyungie~~ တံခါးဖွင့်စမ်း !!”

“ကျွန်တော်အိပ်တော့မှာ ဖေဖေ.”

“မင်းယောကျာ်းအိမ်ဘက် မင်းပြန်အိပ်လေ.။ဘာလို့ငါအိမ်ဘက်လာနေတာလဲ.။ပြီးတော့ ဟိုက ခဏခဏလာချော့နေတာ အပေါ်ထပ်နဲ့အောက်ထပ်ကိုတင် ဘယ်နှစ်ခေါက်ရှိနေပြီလဲ.။ မင်း က ဘာကိုကောက်နေတာလဲ.”

အခန်းအပြင်နဲ့အတွင်း ခပ်ကျယ်ကျယ်အော်ပြောနေသော ဖခင်ဖြစ်သူကြောင့် KyungSoo အိပ်ရာထဲမှ ထကာ တံခါးဖွင့်ပေးလိုက်သည်.။ Mr.Do က အခန်းထဲထိ ၀င်လာသည်.။

“တစ်ခါတစ်လေ.ဒီဘက်မှာလာအိပ်ချင်လို့လေ.။ဖေဖေ တို့ကဒါလေးတောင်ခွင့်မပြုပေးချင်ဘူးလား.”

ဝမ်းနည်းဟန်စွက်နေသည့် စကားသံကြောင့် Mr.Do သက်ပြင်းအသာချလိုက်ကာ-ကုတင်စွန်းတွင် ၀င်ထိုင်လိုက်သည်.။ KyungSoo သည် ၀က်ဝံရုပ်ကြီးကိုပိုက်လျက် ပီဘီကလေးငယ်သဖွယ် အပြစ်ကင်းစင်လှသည်.။

“သမက် Kim က လာခေါ်နေတာကို သားက ပြန်မလိုက်ချင်ဘူးဆိုတော့ ဘာတွေများဖြစ်လာသလဲလို့ပါ.။ဖေဖေ လည်း အစတုန်းက နည်းနည်းစိတ်ပူခဲ့တယ်.။ သမက် Kim လို အစစအရာရာပြည့်စုံတဲ့လူက ဖေဖေ့သားကို တကယ် လက်ထပ်ချင်တာရော ဟုတ်ရဲ့လားလို့.။ဒါပေမယ့် သူ မလိုချင်ဘဲနဲ့တော့ ဘ၀တစ်ခုနဲ့ပတ်သက်ဖို့ ဆုံးဖြတ်မှာ မဟုတ်ဘူးလေ.။ အဲ့ဒါကြောင့် သားနဲ့လက်ထပ်ပေးခဲ့တာပါ.။ဧည့်ခံပွဲနေ့မှာ သားကို ကန်ထဲတွန်းချတဲ့တစ်ယောက်ကိုလည်း သူ သတိပေးထားတာ သိလား ?? KyungSoo ကိုထိရင် မင်းတို့ငါ့ကိုငြိတာနဲ့အတူတူပဲတဲ့.။ ပြီးတော့ သား ပြော !!! မချစ်တဲ့လူနဲ့လက်ထပ်ရတာကလွဲရင် သူ့ကြောင့် သား စိတ်ဒုက္ခအကြီးကြီးရောက်ဖူးလား ??”

KyungSoo လည်း အလေးအနက်တော့ စဉ်းစားမိပါသည်.။ မနက်တိုင်း ကျောင်းသွာခါနီး ကြိုက်တာမှ မစားရရင် မနက်စာ မစားဖြစ်ဘူးဆိုကာ အဒေါ်ကြီးကို အမှတ်မထင်ပြောမိပေမယ့်.နောက်နေ့ကစ စားရသည်က KyungSoo ကြိုက်တဲ့မနက်စာ.။ မလိုဘူးလို့ခပ်ပြတ်ပြတ်ပြောထားခဲ့သော်လည်း လိုလိုပိုပို kyungSoo အတွက်ဆိုကာ ဂိုထောင်ထဲမှာ လည်း ကားတစ်စီးကအသင့်..။နောက်မှ ပြန်စဉ်းစားမိသည်က ဖေဖေ့ကို ကားအသစ်ပူဆာမိသည့်အကြောင်း.။ ပြီးတော့ တူတူနေရသည့်အိပ်ခန်းအတွင်းမှာလည်း အစက အစိမ်းနုရောင် အပြင်အဆင်တွေဖြစ်သော်ငြား နောက်ပိုင်းကစ KyungSoo ကြိုက်တဲ့မိုးပြာရောင်နုနု ကာလာ.။ အခန်းခွဲအိပ်ဖို့ကလွဲပြီး ကျန်တာအားလုံးနီးပါး သူ လက်ခံပေးခဲ့သည်.။ အရေးကြီးဆုံးတစ်ချက်က KyungSoo ကို သူမတရားသိမ်းပို်က်ယူခဲ့သည့်  ညကလွဲပြီး တစ်ခါမှ စည်းမဖောက်ခဲ့.။ အင်း---- သေမလိုနမ်းတာတော့ရှိတာပေါ့လေ.။
ခြုံတွေးကြည့်ရင် နောက်ဆုံး မီဒီယာတွေနှင့်ကိစ္စက အဆုံး ထိုသူသည် KyungSoo ကို ဂရုတစိုက်တော့ရှိသည်.။

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now