Part-4

5K 496 5
                                    

“မတွေ့တာ ဘယ်လောက်တောင်ကြာပြီလဲ Sumi ရယ်”

“ဟုတ်တယ်နော်.. Baejun တို့နိုင်ငံခြားထွက်သွားပြီး သိပ်မကြာခင်ဘဲ ကျွန်မတို့လည်း ဆိုးလ် ပြောင်းသွားတာလေ.အဲ့ဒါကြောင့်အဆက်အသွယ်ပြတ်သွားတာ.အခုလို ရုတ်တရက်ကြီး ပြန်တွေ့ရတာ ဘယ်လို ၀မ်းသာလို့သာမှန်းကိုမသိဘူး။”

Kim Sumi နဲ့ Baejun နှစ်ယောက်သား Mall  ထဲက အအေးဆိုင်လေးမှာ။ တစ်ယောက်လက် တစ်ယောက်ကိုင်ကာ စကားကပြောမ၀။

“ဒါနဲ့ ဒီကိုပြန်ရောက်နေတာကြာပြီလား”

“မကြာသေးပါဘူး Sumi ရယ်..ကိစ္စကတော့ နာရေး.BaekHyunee လေးရဲ့ အဘွားဆုံးလို့လေ။ ကျွန်မတို့အမေရိကကို သွားပြီး သိပ်မကြာဘူး သားကဂန်းဝန်းဒိုကိုပြန်သွားတာ။သူ့အဘွားနဲ့သူနဲ့ နှစ်ယောက်တည်း Byun အိမ်တော်မှာနေကြတယ်..အခု သူ့အဘွားဆုံးတော့ အဲ့ဒီအမွေဆိုင်အိမ် ကို ခွဲကြဝေကြနဲ့ ရှုပ်နေတာဆိုတော့ BaekHyunee  အဖေ က သားကို အဲ့မှာ မထားချင်တော့ဘူး။သားကိုယ်တိုင်ကလည်း မနေချင်တော့ဘူးလေ..အဲ့ဒါဟိုကိုခေါ်သွားမယ်ဆိုတာကိုမလိုက်ဘူးတဲ့ Sumi ရေ.. ဒီမှာပဲနေချင်တယ်တဲ့။စိတ်မချဘူး သားကို..”

“ဘာကိုစိတ်မချတာလဲ Baejun ရဲ့..BaekHyunee လေးက လိမ္မာပါတယ်။”

“လိမ္မာတာက လိမ္မာပါတယ် ရှပ်ပြာပြာနိုင်တယ်။တစ်ခါတစ်လေ ကလေးစိတ်ကမပျောက်ချင်ဘူး။ သူတစ်ယောက်ထဲ မရပ်တည်နိုင်သေးဘူးလေ”

မျက်နှာလေးအိုကာ ပြောနေသော သူငယ်ချင်းကို Kim Sumi  ပြုံးကြည့်ကာ….

“သူတစ်ယောက်ထဲ မဟုတ်ပါဘူး။ BaekHyunee လေးကို  ကျွန်မ တို့နဲ့ထားခဲ့လိုက်။အစစ အရာရာ ဂရုစိုက်ပေးပါ့မယ်။”

“ဟယ် ဟုတ်သား…အဲ့လိုလုပ်လည်းရတာပဲ.  Chanyeollie လေးလည်းရှိတော့ အဖော်ရတာပေါ့.”

ပုစ္ဆာ ကိုအဖြေရှာတွေ့သွားသလို  Baejun  ခမျာတော်တော်စိတ်ချမ်းသာသွား ရသည်။ Sumi  တို့နှင့် ဆို စိတ်မချထားစရာဘာမှ မရှိ. ဂန်ဝန်းဒို မှာကတည်း က နှစ့်အိမ်တစ်အိမ်နေလာတာ.

“မေမေ!!”

Baejun နား အရိပ်လေးတစ်ခု လာထိုင်တာမို့ Sunmi  ကြည့်လိုက်မိသည်။ အဖြူရောင် ရှပ်လေးနဲ့ ဒူးထက် ဘောင်းဘီလေးနဲ့ နုနုနယ်နယ်ကလေး… ဖြူဥနေသောအသားလေးတွေက သိသာထင်ရှားစွာ..အို…ဒါ ယောကျာ်းလေးတဲ့ လား….

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now