Part-14

4.6K 445 5
                                    

ကျောင်းဝန်းထဲက ထွက်လာတော့ ရှေ့မှာရပ်ထားသည့် ကားလေးကို တွေ့ပြီး BaekHyun ပြုံးကာ ခပ်ဖြေးဖြေးပဲသွားလိုက်သည်။ ဗိုက်က အနည်းငယ်အောင့်နေသည်မို့.။

“Hyung က အချိန်ကွက်တိကို လာတာပဲဗျာ.”

“ဒါပေါ့ ငါက ဘယ်သူမို့လို့လဲ Kim JongIn လေ”

ပြောမိတာတောင် မှားပါပြီဆိုသည့် ပုံစံမျိုးနှင့် BaekHyun က ခေါင်းလေးတခါခါ.။ JongIn ဖုန်းဆက်လာသည့်အချိန်နှင့် ညနေ အတန်းပြီးချိန်က ကွက်တိလောက်ကျနေတာမို့ မုန့်သွားစားရအောင် ဆိုသော JongIn က ကျောင်းရှေ့လာကြိုခြင်းဖြစ်သည်.။  အမေရိက က ဖေဖေ ကတော့ ကားတစ်စီးဝယ်ပေးချင်သော်လည်း မိခင်ဖြစ်သူက ဆိုးလ်မှာကားမောင်းမှာစိတ်မချဟုဆိုကာ  Chanyeol လေးကို လိုက်ပို့ခိုင်း တဲ့.။ Channie က သူ့ဘာသာတောင် တစ်ခါတစ်လေ အားတာ မဟုတ်.။တစ်ခါတစ်လေ.Hyung ၏ ယောကျာ်းလေးအပါအ၀င် သူ့သူငယ်ချင်းတွေနဲ့ အပြင်ထွက် ထွက် သွားတတ်သည်.။ခု လည်းကြည့် !!!! ကျောင်းဝန်းထဲကနေ ထွက်လာကြသော သူတို့သူငယ်ချင်းအုပ်စု.။ Kim JongIn ကို မြင်သည်နှင့်  Chanyeol မျက်နှာက တည်တင်းသွားကာ BaekHyun ကိုလည်း ခပ်စူးစူးလှမ်းကြည့်နေသည်.။ KyungSoo ကတော့ မမြင်ချင်ယောင်ဆောင်၍ ဘေးက Suho နှင့် စကားပြောနေသည်.။

“ဘယ်လိုလုပ်မလဲ သူတို့နှစ်ယောက်ကို တွဲမြင်ရင် တစ်ခုခု ကစားလိုက်ရမှ ကျေနပ်တယ်.”

“JongIn Hyung ~”

JongIn သည် ခပ်မြန်မြန်အရှိန်နှင့် KyungSoo တို့နားရောက်သွားတော့ BaekHyun နောက်ကနေ အမြန်လိုက်လာခဲ့သည်.။ Chanyeol ကလည်း စိတ်လက်တစ်ဆစ်နဲ့ထိကြခိုက်ကြကုန်မှဖြင့်.။

“အတန်းပြီးပြီမလား Kyung တစ်ခါတည်းကိုယ်နဲ့ပြန်လိုက်ခဲ့လေ.”

“ကျွန်တော် သူငယ်ချင်းတွေနဲ့ အပြင်သွားဦးမှာ ခင်ဗျား ဘာသာပြန်နှင့်လိုက်ပါ.။သြော် BaekHyun နဲ့ ချိန်းထားတာထင်တယ်.”

BaekHyun ဘက် လှည့်ပြောလာသောကြောင့် ခေါင်းပဲငြိမ့်ပြရမလို.။ Kim JongIn က BaekHyun ဘက်ကို အသာစောင်းငဲ့ကြည့်ရင်းက--

“BaekHyunee နဲ့က နောက်မှ သွားလို့ရတယ.်.ညနေ ဧည့်ခံပွဲတစ်ခုလည်း ရှိနေတာ မင်း ကိုယ်နဲ့အတူတက်ရမယ် လာခဲ့.”

အချစ်ကို သူဖန်ဆင်း၏။Tempat cerita menjadi hidup. Temukan sekarang