Part-8

4.5K 403 4
                                    

မျက်ရည်တွေနှင့် ဖုန်းဆက်လာသော KyungSoo ကြောင့် Chanyeol စိတ်တွေရှုပ်ထွေးသွားရသည်.။

** ဖေဖေက ငြင်းဖို့ မကြိုးစားနဲ့တဲ့…။င့ါ ရည်းစားရှိတယ်ဆိုရင်တောင်ဖြတ်ထား..Kim JongIn ကိုပဲယူရမယ်တဲ့..အဲ့လူကြီးကလည်း ရူးနေလားမသိဘူး..ငါက ယောက်ျာားလေးကို အီး…ဟင့်……ဘယ်လိုလုပ်မလဲ Chanyeol  ခုလာခဲ့ တွေ့နေကျနေရာကို..။****

သက်ပြင်းမော တစ်ချက်ကိုချကာ အိပ်ရာပေါ် ပစ်လှဲချပစ်လိုက်သည်..။ သူ  KyungSoo ကို လက်မလွှတ်နိုင်ပါ..။ သူငယ်ချင်းတွေအဖြစ်ကနေ တစ်ဆင့်တိုးကာ ချစ်သူတွေဖြစ်လာသည်မို့ အချစ်ေ၇ာ သံယောဇဉ်ရောရှိလှပါသည်.။ KyungSoo လည်း မချစ်သည့် လူလက်ထဲ ထည့်မပေးလိုက်နိုင်..။ ချက်ချင်းထ၍ ကားသော့ဆွဲကာ အခန်းထဲက ထွက်လာခဲ့လိုက်သည်.။

“Channie ..ဒီမှာကြည့် ကျွန်တော် လုပ်ထားတဲ့ ကြက်ပေါင်းရည် သေချာစပယ်ရှယ်လုပ်ထားတာနော်.. Channie သင်တန်းက စာမေးပွဲရှိတယ်ဆိုလို့..။”

BaekHyun က ဟင်းရည်ပန်းကန်လုံးလေးကိုင်ကာ မီးဖိုခန်းထဲက ထွက်လာပုံပေါ်၏။ ခါးပေါ်မှာလည်း apron လေးဝတ်လျက်သားနဲ့.။ Chanyeol စိတ်လောနေသည်မို့ တစ်ချက်ကြည့်ကာ---

“နောက်မှ သောက်မယ်နော်..”

“ဟာ အရင်သောက်လိုက်ပါ..ခုမှလုပ်ထားတာ ပြီးမှသွားနော်..ညနေစောင်းနေပြီ ဗိုက်ဆာနေဦးမယ်..”

“မဆာဘူး ရတယ်..”

“Channie ကလည်း..ခဏပဲဆို..”

ဟင်းရည်ပန်းကန်တစ်ဖက် ကိုင်လျက်နှင့် BaekHyun သည်ကျန်လက်တစ်ဖက်နှင့် Chanyeol လက်ကို လှမ်းဆွဲသည်.။ စိတ်တွေက ရှုပ်ထွေးလှသည်မို့ လျှပ်တစ်ပြက် ပုတ်ထုတ်လိုက်မိသည့်တစ်ခဏသည်----

“ခွမ်း..~~~~”

“အ..~!!”

“ဟာ-- Baek-BaekHyunee.”

စွပ်ပြုတ်ပူပူတို့သည် BaekHyun ၏ လက်ကို လောင်းမိပြီးမှ ပန်းကန်က အောက်ကိုကျသည်.။မျက်နှာလေးပါ ချက်ချင်းရဲတက်လာသည်မို့ အပူရှိန်ကိုခန့်မှန်းမိ၏။

“အရမ်းပူသွားလားဟင်..တောင်းပန်ပါတယ် ကိုယ် တောင်းပန်ပါတယ် BaekHyunee ရယ်. ..”

အချစ်ကို သူဖန်ဆင်း၏။Where stories live. Discover now