Part-2

8.5K 476 8
                                    

Part-2

“ငါ လည်း အခုထွက်လာပြီ  Kyungie ရဲ့ ဒါပဲနော်”

ကမန်းကတန်းနဲ့ဖုန်းကို လွယ်အိတ်ထဲထည့်ကာ ထွက်လာတော့ အခန်းထဲဝင် လာသော မေမေနဲ့ဆုံသည်။

“မနက်စာ စားသွားဦးနော် သား   ကြိုက်တဲ့ ခေါက်ဆွဲ လုပ်ထားတယ်။”

“ဟို မေမေ --”

“ဘာမှ မပြောနဲ့ စားစေချင်လို့ တမင်လုပ်ပေးထားရတာကို စားသွား !!”

စူပုတ်ပုတ်မေမေ့မျက်နှာလေးကို Chanyeol  ချစ်စနိုးကြည့်ကာ မေမေ့ ပုခုံးကိုဖက်၍ အောက်ထပ်ကို ဆင်းလာလိုက်သည်။

“မေမေကြားလိုက်တယ် သား ဘယ်ကောင်မလေးနဲ့ဖုန်းပြောနေတာလဲ”

“တစ်ခါ ပြောဖူးတဲ့ ကျွန်တော့်ချစ်သူလေ မေမေရဲ့။ စာမေးပွဲတွေ   ပြီးတော့မှ မေမေနဲ့တရားဝင်မိတ်ဆက်ပေးဖို့ခေါ်လာမလို့…  နာမည်က Do KyungSoo တဲ့”
အစကတည်းက သူ့ချစ်သူ က ကောင်လေးလို့တော့ အရိပ်အမြွက်ပြောထားပေမယ့် မေမေ က ဘာမှ ဝေဖန်မှု မပြုခဲ့ပါ။ သား ပျော်ရင် ပြီးတာပဲတဲ့လေ.။ ထမင်းစားခန်းထဲေ၇ာက်တော့ ထိုင်ခုံဆွဲကာမေမေ့ကို အရင်ထိုင်စေပြီးမှ သူ ခုံဆွဲထိုင်လိုက်သည်။Arjima က အလိုက်တသိမုန့်ပွဲပြင်ပေး၏။

“လူကလည်း လန်းတယ်မေမေ။”

“ဘာလဲ သားက အတည်လား”

“ဟာ ပြောရက်တယ် မေမေရာ.ကျွန်တော် ဘယ်မိန်းကလေး ယောကျာ်းလေး အကြောင်းပြောတာ မေမေကြားဖူးလို့လဲ သူကမေမေ့ ချွေးမ အဲ့--သမက်ပေါ့ သမက် ဖြစ်လာမှာ. ”

သားကို ကော်ဖီထည့်ပေးလိုက်ရင်း Kim Sumi  ပြုံး၍ နားထောင်နေသည်။ ချစ်သူအကြောင်းပြောနေတော့ သားမျက်နှာလေးက လည်းပြုံးလို့…. ကောင်လေးကို ဓာတ်ပုံတော့မြင်ဖူးသား…တော်တော်ချစ်စရာတော့ကောင်း၏။…..

“ဒါနဲ့ မေမေ ကျွန်တော့်ကို ဇာတ်လမ်းတွေထဲကလို လူကြီးချင်းသဘောတူထားတာတွေ ဘာတွေ မရှိပါဘူးနော်”

“အယ် ပေါက်ပေါက်ရှာရှာ”

Kim Sumi ပြောပြီးမှ တစ်ချက် ပြန်စဉ်းစားမိ၏။ သူငယ်ချင်း Baejun ကလေးမွေးလာရင် ကလေးချင်းပေးစားကြမယ်ဆိုပြီး ကတိတွေထားခဲ့ကြတာ… တကယ်တမ်း Baejun  မွေးလာတာ မိန်းကလေး မဟုတ်ဘဲ ယောကျာ်းလေး…..

အချစ်ကို သူဖန်ဆင်း၏။Donde viven las historias. Descúbrelo ahora