မှောင်စက တဖြည်းဖြည်းပျိုးလာသည်နှင့်အတူ ဖြေဆိုသူမဲ့နေသည့် ဖုန်းလေးကိုလည်း ခေါ်နေမိတာ အထပ်ထပ်အခါခါပင် ဖြစ်သည်.။ဘူဆန်က အပန်းဖြေခြံက ခြံဝင်းအစနှင့် နှစ်ထပ်အိမ်လေး၏ ကြားတွင် ကားဝင်သည့်လမ်းက ရှည်လျားကျယ်ဝန်း လှသည်.။ခြံစောင့် အိမ်ငယ်က ခြံထိပ်ဘက်နားတွင် ဖြစ်၍ ယခု အိမ်ကျယ်ကြီးထဲတွင် BaekHyun တစ်ယောက်တည်း။ ခြံစောင့် ဦးလေးကြီး၏ အမျိုးသမီးကတော့ ညနေက လိုအပ်တာတွေ လာပြင်ဆင်ပေးသွားသည်။
“Channie ကလည်းကြာလိုက်တာ.ဘာများဖြစ်နေလဲ မသိဘူး။”
Chanyeol မလာသေးလို့ တစ်ခုခုဖြစ်နေမှာကို သူ ပိုစိတ်ပူပါသည်။ ၀ရန်တာကနေ မြင်နေရသည့် ကောင်းကင်ကလည်း မဲမှောင်နေသည်မဟုတ်ပါလား။ လျှပ်စီးလျှပ်နွယ်တစ်ချို့ကလည်း ပေါ်စပြုနေပြီ.။
“မီးပျက်သွားလို့ မဖြစ်ဘူးနော်..ကျေးဇူးပြုပြီး.”
ထိန်ထိန်လင်းနေသည့်ခြံဝန်းထဲတွင်မို့ BaekHyun မကြောက်မလန့်နေနိုင်တာဖြစ်သည်။ မီးပျက်ပြီး မှောင်မည်းသွားမှာကို သူ သေလောက်အောင်ကြောက်သည်.။ သို့ပေမယ့် ဆုတောင်းမပြည့်ပါလေ. ။ဝေါခနဲရွာချလာသည့် မိုးတို့နှင့်အတူ ခြံဝင်းတစ်ခုလုံး မှောင်မည်းသွားသည်.။ ၀ရန်တာ အစပ်နားမှာရပ်နေသည့် BaekHyun တစ်ကိုယ်လုံးတောင့်တင်းသွားကာ အိမ်ထဲလည်း ပြန်မ၀င်ရဲ.။နံရံနားမှာ ကပ်ရပ်ထိုင်ချလိုက်ပေမယ့် အညှိုးတကြီးရွာချနေသည့် မိုးစက်များက ကိုယ်ကို လာရောက်ဖြန်းပက်သည်.။ မရွှေ့ရဲပါ.။ သူ ဒီနေရာကနေ တစ်လက်မမှ မရွှေ့ရဲပါ။ ကုပ်ကုပ်လေးထိုင်နေမိသည်မှာလည်း အချိန်တချို့ကြာခဲ့သည်.။မိုးက မရပ်သည့်အပြင် ပို၍ သည်းသည်းမဲမဲ ရွာချနေသည်။
“Channie~~ Channie မ-လာ -သေး-ဘူး-လား ”
တစ်ကိုယ်လုံးကိုပျံ့နှံ့လာသည့် စိုးစိတ်နှင့်အတူ ဖုန်းခေါ်ဆိုနေသည့် လက်တို့ တဆတ်ဆတ်တုန်သည်။ ထိုအချိန် လင်းလာသော ဖုန်း screen သည် BaekHyun အတွက် ကယ်တင်ရှင်ပင်ဖြစ်သည်။
**Chan—Channie~~ **
## ဟင် BaekHyunee အသံကဘာဖြစ်တာလဲ .အဲ့မှာလည်းမိုးရွာနေတာလား ##

ŞİMDİ OKUDUĞUN
အချစ်ကို သူဖန်ဆင်း၏။
Hayran Kurguစစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။