“Channnie ဒေါ်လေးက ထမင်းစားရအောင်တဲ့”
“မစားတော့ဘူးလို့ပြောလိုက်.”
အနားတွင်ရပ်ကာ ပြောနေသော်လည်း Chanyeol က မူ ကုတင်ပေါ်တွင်ထိုင်ကာ ဖုန်းသုံးနေရင်းက ဂရုမစိုက်။ မျက်နှာသည်လည်း ခပ်တင်းတင်းမို့ BaekHyun ခမျာ ရှေ့ဆက်ပြောချင်တာလေးတွေတောင်ပျောက်သည်.။
“နေ့လည်ကလည်း မစားဘူးလေ..ညနေတော့ စားလိုက်ပါလား. ”
ဘာမှ ပြန်မပြောလာပါ.။ Park Chanyeol သည် စိတ်ဆိုးခြင်း သရုပ်ကို နှုတ်ဆိတ်နေခြင်းဖြင့် ဖော်သည်.။ နေ့လည်က KyungSoo Hyung ဖုန်းဆက်တော့လည်း မကိုင်တာကို တွေ့မိသည်.။
“ပြောစရာမရှိရင် သွားတော့!!!”
“ဟုတ်.”
နှင်တဲ့သူက နှင်လာပြီမို့ BaekHyun သူ့အခန်းထဲက ပြန်ထွက်လာခဲ့သည်.။ BaekHyun ပြောတာနည်းနည်းလွန်သွားမှန်းသိပါသည်.။မည်သူမဆို ချစ်သူကိုတခြားသူ့လက်ထဲ အလုခံလိုက်ရသည့် ခံစားချက်ကြောင့် စိတ်ထိခိုက်ကြမည်သာ..။
“JongIn Hyung ”
“လာ--BaekHyunee ..ဒီမှာ JongIn Shi က သားကို လာခေါ်တာတဲ့.။ ထမင်းစားဖို့ခေါ်တာကို ရပါတယ်ချည်း လုပ်နေတယ်.”
ဧည့်ခန်းထဲတွင် JongIn ကို Mr.Park နှင့် Kim Sumi က စကားပြောပေးနေကြသည်.။ JongIn သည် မိုးပြာရောင်ရှပ်နုနု ဂျင်းဘောင်းဘီ ရှည်နှင့် ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားသည်မို့ အပြင်ထွက်လည်ရန် လာခေါ်ကြောင်း BaekHyun တန်းသိသည်.။
“Hyung. ”
“ညဈေးမှာ BaekHyunee ကြိုက်တဲ့ အစားအစာတွေ သွားစားကြမယ်လေ.”
“တကယ် ??”
ညဈေးဆိုသည်နှင့် လက်သွားသော မျက်လုံးတို့နှင့်အတူ ပျော်ရွှင်သွားမှုအား အားလုံးက ၀ိုင်းရယ်ကြသည်.။ သူတို့၏ မျက်လုံးထဲတွင် BaekHyun သည် ချစ်စရာ ကလေးငယ်လေးသဖွယ်..။ BaekHyun လည်း ချက်ချင်း အခန်းထဲဝင်အ၀တ်အစား အမြန်လဲကာ JongIn ၏ ကားနဲ့လိုက်လာခဲ့သည်.။
ညဈေးတစ်လျှောက်လုံး လိုချင်တာတွေ စားချင်တာတွေ စားကာ BaekHyun ပြုံးပျော်နေခဲ့သည်.။ထို့နည်းတူ အလုပ်ဖိအားများကာ ပင်ပန်းနေရသည့် JongIn ၏ အပြုံးတို့၏ အသက်ဝင်နေခဲ့၏။

VOCÊ ESTÁ LENDO
အချစ်ကို သူဖန်ဆင်း၏။
Fanficစစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။