BaekHyun ၏ မိဘတွေရော Sehun နှင့် Luhan တို့ပါ ရောက်လာကြည့်ပြီးသည့် ရက်အတန်ကြာသည်အထိ BaekHyun သည် သတိပြန်မလည်လာသေး.။ BaekHyun ၏ မိဘနှစ်ပါးကတော့ Chanyeol တို့အိမ်တွင်ပင် နေထိုင်ကာ BaekHyun သတိရလာမည့်အချိန်ကိုစောင့်ဆိုင်းကြသည်.။
အခင်းဖြစ်စဉ်တွင် JongIn က သူငယ်ချင်းဖြစ်သူ အထူးရဲတပ်ဖွဲ့က ရဲနှင့် အဖွဲ့ဝင် တစ်ချို့ကို အကြောင်းကြားခဲ့မှုကြောင့် Jung Woo က KyungSoo ကို သေနတ်ဖြင့် လှမ်းပစ်လျှင် ပစ်ခြင်း ရဲဘက်ကပါ သူ့ကိုပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်.။ လက်မောင်းကိုသာထိမှန်ပြီး ဒဏ်ရာနှင့် ထိုတရားခံကို တရားဥပေဒေက တစ်ဆင့် သက်ဆိုင်ရာက အဆင့်ဆင့်ဆောင်ရွက်သွားသည်.။ အားလုံး ငြိမ်သက်အေးချမ်းနေပေမယ့် နိုးထမလာသေးသူသည် BaekHyun ပင်ဖြစ်သည်.။
** သား… BaekHyunee လေး သတိရလာပြီ.။ထိုင်တောင်ထိုင်နိုင်ပြီ..သား ဆေးရုံ အမြန်ပြန်လာ ***
အိမ်ပြန်ရေချိုးခန်း ၀င်ကာ ပြန်ထွက်လာသော Chanyeolသည် ဖုန်းထဲက message ကိုမြင်ကာ ရင်ထဲ ၀မ်းသာစိတ်ဖြင့် ဒိန်းခဲဖြစ်သွားရသည်.။ဆံပင်ကိုပင် ခြောက်အောင်မသုတ်ရသေးဘဲ ရေစက်လက်ဖြင့် ကားကို အလောတကြီးမောင်းကာ ဆေးရုံသို့ ဦးတည်လာခဲ့တော့သည်.။
“အများကြီးစိတ်ပူသွားတယ်မလား. အားလုံးကို တောင်းပန်ပါတယ်နော်.”
“သားရယ် သတိရလာပေးတာကိုတောင် မေမေတို့က ကျေးဇူးတင်နေတာပါ.”
“ငါလည်း အရမ်းကိုအားနာပြီး ကျေးဇူးတင်တာထက်ပိုပြီး ဘာပြောရမှန်းကိုမသိပါဘူး BaekHyun ရယ်.။မင်းသာ မကယ်ခဲ့ရင် မင်း နေရာမှာ ငါဖြစ်နေမှာပါ”
မျက်နှာငယ်လေးဖြင့် KyungSoo ကို ဘေးကနေ JongIn က ပုခုံးလေးပုတ် အသာချော့သည်.။ BaekHyun သဘောကျစွာ ပြုံးလိုက်ကာ--
“Hyung က အားလုံးရဲ့နှလုံးသားလေးပါဆိုဗျာ.။ အဲ့တော့ကာကွယ်ပေးရမှာပေါ့.။ ဘာမှ စိတ်မကောင်းမဖြစ်နဲ့နော်.။JongIn Hyung ရဲ့ ယောကျာ်းဆိုတော့ ကျွန်တော့် ယောက်ဖလို့ပဲဆိုဆို.. အဲ့ ဘယ်လိုပြောရပါလိမ့်.”
ခပ်ပြုံးပြုံး BaekHyun ၏ စကားအောက် အားလုံး အသံထွက်ရယ်မောမိကြသည်.။ ထိုစဉ် ၀ုန်းခနဲပွင့်လာသော အခန်းတံခါးနှင့်အတူ Chanyeol က အလောတကြီး ပြေးဝင်လာသည်.။
YOU ARE READING
အချစ်ကို သူဖန်ဆင်း၏။
Fanfictionစစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။