ခွပ်ခနဲ အသံထွက်အောင်ထိုးလာသည့် Mr.Do နှင့်အတူ KyungSoo ကြမ်းပြင်ပေါ်ကိုပုံခနဲလဲကျသွားသည်.။Mrs Do က အတင်းဆွဲထားသည်.။ ထိုးမည် မထင်လိုက်သော JongIn လည်း အံ့သြသွားကာ ထူပေးလေတော့ KyungSoo က လက်ကိုပုတ်ချကာ သူ့ဘာသာ သူ ထလိုက်သည်။
“ငါ့ကို အရှက်ခွဲလိုက်တာလား Do KyungSoo.. ဟမ် ဘယ်လိုပဲ ယောကျာ်းလေးဖြစ်နေပါစေဦး..။ လက်မထပ်ခင်တူတူနေတာကတော့--”
Mr.Do ရှက်သည့်စိတ်ကြောင့် စကားကလမ်းတစ်ဝက်တင်ရပ်သည်.။ KyungSoo က ကျလာသည့်မျက်၇ည်များကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်ကာ----
“ကျွန်တော့် သဘော ဘာမှ မပါဘူး ဖေဖေ.. ကျွန်တော် ဘာမှ မသိဘူး။။အတင်းခေါ်သွား--ခံ---”
“မင်း ပါးစပ်ပိတ်ထားစမ်း..!!!”
Mr.Do စိတ်ဆိုးတကြီးနဲ့အော်ဟစ်ပစ်လိုက်သည်။ မနေ့ညက ပွဲက အိမ်ပြန်နောက်ကျလေတော့ ညဉ့်နက်မှပြန်ရောက် ချိန်တွင် KyungSoo အပေါ်ထပ်တွင် အိပ်နေပြီ ထင်ခဲ့တာ..။ ဒီမနက် JongIn ဖုန်းဆက်လာမှ အဖြစ်တွေကို အားလုံးသိခဲ့ရသည်.။ စေ့စပ်မည့် အဆင့်ကိုကျော်ကာ JongIn ကလက်ထပ်ပွဲ တန်းလုပ်ချင်ကြောင်းပြောလာ၏။ ခု ဒင်း က ငြင်း ယောကျာ်းလေးကလည်းဖြစ် JongIn ကလည်း KyungSoo မှ လက်မခံတာ ထားလိုက်ပါလေ ဆိုရင်တော့ အားလုံးပြီးပြီပဲ.။ မိဘက ကောင်းစေချင်လို့ စီစဉ်သည်.။ JongIn ကလည်း သိပ်လှသည့်မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေသည့် ကြားမှ KyungSoo ကိုသာလိုချင်သည်.။ အာလုံး အဆင်ပြေနေကာ လက်ထပ်ပေးမည်ဆိုကာမှ ခုလိုလုပ်ရပ်က ကောင်းလေသလား…….။
“အားလုံး ကျွန်တော့် အပြစ်ပါ..အန်ကယ် သူ့ကို ဘာမှမလုပ်ပါနဲ့ ကျွန်တော့်ကိုထိုးပါ…ကျွန်တော် စိတ်အလိုလိုက်ပြီး ဖြစ်သွားခဲ့တာပါ.။အမြန်ဆုံး လက်ထပ်ယူချင်ပါတယ်. အန်ကယ်”
Mr.Do တို့ဇနီးမောင်နှံ က တစ်ဖက် အိမ်ကို ကူးသွားတော့မှ KyungSoo အရုပ်ကြိုးပျက်ထိုင်ချမိသည်။ မျက်ရည်တွေက တသောသောကျလျက်..
“ဘာလုပ်လိုက်တာလဲ Kim JongIn ..ခင်ဗျား ကျွန်တော့်--ကို ဘာလုပ်လိုက်တာလဲ..”
မနက် နိုးလာတော့ သူ က ကုတင်ပေါ်မှာ JongIn ၏ ည၀တ်အင်္ကျီအကြီးကြီးနှင့်..တစ်ကိုယ်လုံးလည်းကိုက်ခဲနေခဲ့သည်.။ Kim JongIn က ခါးတွင် တဘက်တစ်ခုပတ်လျက် ရေစက်လက်နှင့်ထွက်လာခဲ့သည်။ အဖြစ်အပျက်တွေကို သေချာမသုံးသပ်ရသေး ခင်မှာဘဲ တစ်ဖက်က ဖေဖေ တို့ရောက်လာခြင်းပင်.။
YOU ARE READING
အချစ်ကို သူဖန်ဆင်း၏။
Fanfictionစစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။