( ကမ္ဘာကြီး ပြောင်းလဲသွားခြင်း )

1.8K 207 1
                                        

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ

Book 5 (ဇီဖူ တန်ခိုးရှင်)

Chapter 12 ( ကမ္ဘာကြီး ပြောင်းလဲသွားခြင်း )

ဂျိမိုက ရင်ထဲကနေပြီးတော့ သူ့ကို ဆရာအဖြစ် သတ်မှတ်ပေမဲ့ ဂျိနင်က ဘယ်လိုလုပ်ပြီး လက်ခံလို့ ရမှာလည်း။ ဓားမှာ ၀ိဉာဉ် ပါနေဖို့ဆိုတာမှာ တာအိုကို နားလည်မှ ရမယ်။ ဒါက သင်ပေးလို့ တတ်တဲ့ အရာ မဟုတ်ဘူးလေ။ နင် လူငယ်လေးတွေကို တစ်ယောက်ပြီး တစ်ယောက် လမ်းညွှန် သင်ကြားပေးလိုက်ပါတယ်။ လူငယ်လေးတွေရဲ့ အပြုအမူဟာ လုံးဝကို ပြောင်းလဲသွားပါတော့တယ်။ သူတို့ကိုယ် သူတို့ နှိမ့်ချပြီးတော့ နင်ကို လေးလေးစားစား ရိုရိုသေသေနဲ့ ဆက်ဆံလာကြပါတယ်။ သူတို့အတွက် ဓားသိုင်းမှာ ခက်ခဲတဲ့ အရာတွေ အကုန်လုံးကို နင်က ဖြေရှင်းပေးလိုက်ပါတယ်။

နင် သူတို့ကို ၄နာရီ တိတိ သင်ကြားပေးပြီးတဲ့အခါမှာတော့ ပြန်ခိုင်းလိုက်ပါတော့တယ်။

"ပြန်ပြီးတော့ အချိန်ပေးပြီး ဒီအရာတွေကို သုံးသပ်ထားလိုက်ပါ။ မင်းတိုက ဒီမှာ နေဖို့ မလိုအပ်တော့ဘူး။"

နင် သင်ကြားပေးပြီးတာနဲ့ ထွက်ခွာသွားပါတော့တယ်။

လူငယ်လေး ၆ယောက်က နင်များ ထပ်ပြီးတော့ သင်ကြားပေးနိုင်မလားဆိုတာ တမ်းတပြီး ကျန်ရစ်ခဲ့ပါတော့တယ်။

.....

ညအချိန်...

နင် က အိပ်ရာပေါ်မှာ ကြာပန်းသဏ္ဍာန်ထိုင်ပြီးတော့ တရားကျင့်နေပါတယ်။ ဓာတ်စွမ်းအင်တွေဟာ သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လာပြီးတော့ ကီစွမ်းအင်အဖြစ်ပြောင်းလဲသွားကြပါတယ်။ အချိန်တော်တော်ကြာတော့ သူ့သွေးကြောတွေ ဖောင်းကားလာတာကို ခံစားမိလိုက်တဲ့အချိန်မှာ သူ ရပ်တန့်လိုက်ပါတယ်။

"နောက်ထပ် လနည်းနည်း ကြာရင် ကီတန်ခိုးရှင်အနေနဲ့ ငါ့ရဲ့ ခရမ်းရောင် နန်းတေ်ာကို တည်ဆောက်လို့ရပြီ။ ဒါပေမဲ့ ဖင်းဂေါ့ ခန္ဓာကိုယ်ကနေ ဇီဖူအဆင့်ရောက်ဖို့က အနီရောင် ကောင်းကင်ကိုးဆင့် ကျင့်စဉ်ကို အဆင့် ရအထိရောက်မှ ရမယ်။ ဒီအဆင့်ကိုရောက်ဖို့ ငါဘယ်လောက်ကြာကြာ လေ့ကျင့်ရဦးမလည်း မသိဘူး။"

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁မှ စာစဉ် ၆ ပထမတွဲအထိ)Where stories live. Discover now