"ဒါက ဘယ်သွားမလို့လဲ"
တီလေးပြောစကားတောင် အဖက်မလုပ်ပဲ အထုပ်ပိုက်ပီး ထွက်သွားတဲ့
Baekhyunခြံပြင်မထွက်ခင် အော်သွားသေးတယ် ဘာတဲ့ "အဲ့ နယ်က ဧည့်သည်မပြန်မချင်း အိမ်ပြန်မလာဘူး"ဆိုပဲ
"Yaaaaaa!!!!! Baekhyun!!!!!!"
"အာ မမကလည်း ကလေးငယ်ကိုမအော်ပါနဲ့
ငယ်လေး ပြန်ခေါ်ခဲ့မယ်""ငယ်လေး နင် နင် ကျပ်ကျပ်အလိုလိုက် ဟိုက နင့်ခေါင်းပေါ်ချီးတက်ပါသွားလိမ့်မယ်
ဟိုဧည့်သည် နင်လည်း ပြန်တော့ ဘာမှ သောက်သုံးမကျဘူး"
"ဗျာ ဟုတ် ဟုတ်ကဲ့"
ဧည့်သည် ခင်ဗျာ အ၀တ်ထုပ်လေး ပိုက်ပီး ထွက်သွားတော့ တံခါးနားရောက်မှပြန်လှည့်လာရဲ့
"အမ ပိုက်ဆံမပေးရသေးဘူးလေ"ဆိုပီး လက်ဖြန့်တောင်းတော့
ဟိုကမဆောင့်ကန်လိုက်တာပဲ ကျေးဇူးတင်ရမည်.....ဖြစ်ပုံက ဒီလို
Flash back......
Baekhyun နိုးနိုးချင်း ဘေးကို စမ်းကြည့်တော့ ခေါင်းအုံးလေးတောင်
အရာမယွင်းဘူး"တဂရ်ကြီးသွားအိပ်တာလား? "
နာရီကိုကြည့်တော့ ၇ခွဲ အတော်ပဲဒါဆိုကျောင်းတက်ဖို့ အေးဆေးပြင်ဆင်ချိန်ရသေးသည်......
အစကတော့ လေးငယ်အခန်းထဲပဲ ရေချိုးမယ်ပေါ့.... ဒါမဲ့
လေးငယ်အခန်းထဲလည်း Baekhyun ကျောင်းဝတ်စုံမရှိတာနဲ့
ကိုယ့်အခန်းမှာပဲ ရေချိုးမယ်ဆိုပီးဝင်လာတော့.......Sehun ရင်ခွင်ထဲ အိပ်နေတဲ့ ဧည့်သည်
အံမယ် မျက်နှာကြီးကို ပြုံးဖြီးလို့....."သာယာနေကြတယ်ပေါ့ ဟုတ်လား"
အစမရှိအဆုံးမရှိထပြောလိုက်တဲ့စကားကြောင့် Oh Sehun ခင်မျာ ကြောင်တောင်တောင်.... သူ့ရင်ခွင်ထဲ ငနဲအိပ်နေမှန်း သူမသိသေး
"ကလေးငယ်နိုးနေပီလား sorry ကွာ လေးငယ်ညက ပင်ပန်းထားတော့"
"ဘာ...ခင်... ခင်ဗျား အရှက်မဲ့လိုက်တာ သူများအခန်းမှာ..သွား.. ရွံတယ်"
ပြောချင်တာပြောပီး ဗီဒိုထဲကအ၀တ်တွေ အိတ်ထဲဆွဲထည့်ကာ ထွက်သွားသော ကလေးငယ် ....