စိတ်ကျရောဂါသည်တစ်ယောက်ဖြစ်သွားခဲ့သည့် Baekhyun ဟာ တစ်နှစ်ကျော်ကြာ ရောဂါပျောက်ဖို့ ကုသခဲ့ရသည်.......
အရှင်းမပျောက်သေးတာကြောင့် တစ်ခါတစ်ရံ အခန်းထဲ တိတ်တဆိတ်ငိုခဲ့ရတဲ့ ရက်ပေါင်းလည်း မနည်းတော့.......
တဂယ်ဆို မေ့ပျောက်သင့်ပါပြီလေ........
ကိုယ့်ကိုကိုယ်နှိပ်စက်တာလည်း တော်သင့်ပါပြီလေ........
ဒီအဖြစ်ကို ကြည့်နေမဲ့ Kyung soo ကရော ၀မ်းသာပါ့မလား.......
သူသိပ်ချစ်တဲ့ သူ့Hyung က သူ့ကြောင့်ငိုကြွေးနေတာကို မြင်ပြီး စိတ်မကောင်းဖြစ်နေမှာ အမှန်ပဲလေ.........အတိတ်ကို မမေ့ပစ်ခိုင်းပါဘူး......
အနာဂတ်ကို မရှေ့ဆက်ပါပဲ အတိတ်မှာပဲ ကျင်လည်နေတာကို ရပ်တန့်စေချင်တာ........
အတိတ်ဆိုတာကြီးကို ကျော်လွှားစေချင်တာ.........တောက်ပတဲ့ baekhyun အဖြစ် တဖန်ပြန်လည် ရှင်သန်စေချင်တာ........
နှစ်နှစ်......အတိတ်ကို ချန်ရစ်ထားခဲ့ဖို့ ကြိုးစားခဲ့တာ နှစ်နှစ်ဆိုတဲ့ အတိုင်းအတာထိရောက်သွားခဲ့ပြီ...........
လူကောင်းတစ်ယောက်အသွင်နဲ့ Baekhyun ဟာ အများနည်းတူ တက္ကသိုလ်ဆိုတာလည်း တက်နိုင်နေခဲ့ပြီ.........
အရွယ်ရောက်လာတဲ့ Baekhyun ဟာ အထက်တန်းတုန်းကနဲ့မတူ အကွာကြီး ပိုလို့တောင် ချောမောလာခဲ့ပြီ.............
အင်း.....Oh Sehun ကြီးဟာလည်း သူ့ပေါက်စလေးကို မျက်စိရှေ့ကနေ လုံးဝကို အပျောက်မခံတော့တဲ့အထိ သည်းသည်းလှုပ်လာခဲ့ပြီ..........
.
.
.
.
"စာကို သေချာအာရုံစိုက်....
လေးငယ် ကျောင်းရှေ့က ကော်ဖီဆိုင်မှာ စောင့်နေမယ်
အတန်းပြီးတာနဲ့ လေးငယ်ဆီပဲ တန်းလာခဲ့နော်
ကလေးငယ် လေးငယ်ပြောနေတာကြားလားဟေး.... အဲ့ Gameဆော့တာကြီးရပ်တော့ အတန်းဝင်ရတော့မှာကို
ဟေး!"ကျောင်းရှေ့ရောက်နေတာတောင် Lover seat ပေါ်မှ Game အား သည်းကြီးမည်းကြီးဆော့နေသည့် baekhyun.......
လမ်းတစ်လျှောက်လုံးလည်း ဆဲဆိုကာ တစ်ဖက်Gameကလူအား မေတ္တာတွေပို့နေတော့သည်.........
"ကလေးငယ် မဆော့နဲ့တော့လို့"
"ဘာလဲ လေးငယ်ရာ.... ခဏလေးပဲ.... နောက် ၅မိနစ်နေရင် ပိတ်မယ်လေနော်"
