Kyung soo နှုတ်ခမ်းထောင့်မှ
သွေးစို့ဒဏ်ရာနှင့် ဖူးယောင်နေတဲ့ပါးပြင်ဟာ သူ့ကြောင့်ပါဆိုပီး jongin အပြစ်တင်လို့မဆုံး....သူသာ တစ်ယောက်တည်းထားမသွားခဲ့ရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူးဆိုကာ ရေချိုးခန်းထောင့်မှာ ကြိတ်ကာငိုကြွေးလေရဲ့.....
အဲ့လောက်တောင်ပဲ သေးသေးလေးကအစချစ်တတ်သလား.....
မျက်ရည်စတို့ကို ခပ်ကြမ်းကြမ်းသုတ်ကာ ရေချိုးခန်းထဲမှ ထွက်ပီး
Kyung soo ရှေ့ဒူးထောက်ထိုင်ချလိုက်ကာ kyung soo ဒူးနှစ်ဖက်ပေါ်မျက်နှာအပ်ပြီး ငိုပြန်သည်.....Kyung soo ကလည်း ရှိုက်သံသဲ့သဲ့ဖြင့်ငိုနေတဲ့ Jongin ဆံသားတို့အား အသာဖွပေးသည်.....
ထို့နောက် kyung soo လက်ဖမိုးလေးအား ဆုပ်ကိုင်ကာ ခေါင်းမော့လာတော့ နီရဲနေတဲ့ မျက်လုံးအစုံဟာ ဘယ်လောက်တောင်ငိုကြွေးထားသလဲဆိုတာအထင်းသား.....
"ကောင်လေး မင်းသိတယ်မလား ကိုယ်မင်းကိုချစ်မိနေတယ်ဆိုတာ.....
တစ်ဖက်သတ်ခံစားချက်ကို မင်းလည်း နားလည်တယ်မလား.....
ကိုယ့်ခံစားချက်ကို ငှဲ့ညာပြီးတော့ ပြန်မချစ်ရင်နေ အလိုက်သင့်လေးတော့
ကိုယ့်စကားနားထောင်ပေးနိုင်မလား...."Kyung soo ခေါင်းသာအသာညိမ့်သည်....
"ကြည့်ပါအုံး လက်ဖမိုးနုနုလေးတွေပေါက်ပြဲ ကုန်ပြီ... နာတယ်မလား.....
အင်း ကိုယ်လည်း အဆ၁၀၀ပိုနာတယ်... "ကလေးတစ်ယောက်ကို ချော့မြူနေဟန် စကားဆိုနေတဲ့ Jongin အား
Kyung soo ငေးမောကြည့်နေမိသည်... ဒီလိုကြင်နာမှုမျိုး သူ့Hyungဆီက လိုချင်မိတာ....
ထို့နောက် နဖူးချင်းထိကပ်ကာ Jongin လည်တိုင်အား လက်နှစ်ဖက်ဖြင့် ဖက်တွယ်လိုက်ကာ"ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်ဖို့မလိုပါဘူး သူစိမ်းတစ်ယောက်လိုတော့ ကိုယ့်ကိုမသတ်မှတ်ပါနဲ့လား"
ထို့နောက် ချိုမြိန်တဲ့ အနမ်းအား kyung soo ဘက်မှ စတင်လိုက်သည်.... ဦးဆောင်သူကတော့ သိပ်ချစ်မိသူ Jonginပေါ့.....
ပထမဦးအနမ်းမို့ ညင်သာသော စုပ်ချက်များဖြင့်သာ မြတ်နိုးစွာ ပေးအပ်သလို kyung soo လည်း မျက်လုံးအစုံတို့အားမှေးစင်းကာ မြတ်နိုးစွာခံယူသည်.....