ဆေးရုံကုတင်အထက် Baekhyun ဟာ မျက်လုံးအစုံမှိတ်ကာ မှေးစင်းလို့နေရာမှ မျက်ဝန်းထောင့်မှ စီးကျလာသောမျက်ရည်စများဟာ ခေါင်းအုံးအထက်တပေါက်ပေါက်ကျရောက်၍ ခေါင်းအုံးပင် ရွှဲနစ်ကုန်သည်.......
ဘယ်ဘက်ပါးပြင်နှင့် ရင်ဘတ်တို့မှာ မီးလောင်ဒဏ်ရာများဖြင့် ပြည်ပင်တည်လို့နေတာကြောင့် သေမတတ်ကိုက်ခဲနာကျင်ခံစားနေရသည်......
Baekhyun နည်းတူပင် မီးလောင်ရာမှ ဒဏ်ရာရရှိသူများတာကြောင့်
ဆရာဝန်များ လက်မလည်ဖြစ်ကာ အနာသက်သာစေရန် အရင်ဆုံး ဇကာကွက်လေးများဖြင့်သာ အုပ်ပေးထားကာ ဆေးသာလိမ်းပေးထားသည်.......သီးသန့်အဆောင် အခန်းရယ်လို့ မဟုတ်ပဲ လူနာများပြည့်နှက်နေသည့် နေရာကျယ်ဟာ ဒုက္ခသည်စခန်းလိုပင်.....
တစ်ချို့သောသူများမှာ လှဲစရာကုတင်ပင်မရှိ....ကြမ်းပြင်အထက်၌ အ၀တ်စခင်းကာ လှဲသူကလှဲကြသည်........အော်ညည်းနေကြသော လူနာများကြောင့် ဆေးရုံတစ်ခွင်လုံးဆူညံလို့နေကာ
ဆေးရုံရောက်မှ ဆုံးပါးသွားသော ရုပ်အလောင်းများအား ဖက်ကာ ငိုကြွေးသံများလည်း ပြည့်နှက်လို့နေသည်......စိုးရိမ်တကြီးရောက်လာကြသော လူနာရှင်များထဲ လေးငယ်များပါလေမလား
မျှော်တော်ယောင်ဖြင့်........ဆယ်ကျော်သက်ကလေးတစ်ယောက်ပေမို့ ယခုလိုအဖြစ်ဆိုးကြီးအား အသည်းခိုက်အောင်ကြောက်လန့်ရပါ၏........
Baekhyun အတွက် ယခုအလိုအပ်ဆုံးအရာဟာ လေးငယ်၏ ရင်ခွင်ကျယ်ပင်.......
ကုတင်ခြေရင်းမှ ကုတင်တိုင်အားမှီကာ တရှုံ့ရှုံ့ငိုကြွေးနေပါသော
၅နှစ်အရွယ်လောက်ရှိမည့် ကလေးငယ်တစ်ယောက်ကြောင့် Baekhyun ကုတင်ပေါ်မှ ဆင်းကာ
ထိုကလေးရှေ့ ဒူးထောက်ချလိုက်သည်.......ထို့နောက် ရှုပ်ပွနေသော ဆံသားများအား သပ်တင်ပေး၍ ကလေးပါးပြင်မှ မျက်ရည်စများအား တုန်ရီနေသော လက်သွယ်သွယ်လေးဖြင့် သုတ်ပေးကာ ချော့မြူရှာသည်.....
"တစ်ယောက်တည်းလား ကလေး....
မိဘတွေရော? "Baekhyun မေးကာမှ လေအ၀င်အထွက် ရှိုက်သံများမှာ ပို၍ပြင်းလာခဲ့သည်......
