"၀မ်းနည်းစရာစကားက kyung လေးရော Jongin ပါ လူ့လောကမှာမရှိတော့ဘူးဆိုတာပဲ"
လေးငယ်ရဲ့စကားအဆုံး အင်္ကျီစအား ကိုင်ထားသောလက်ကလေး ဆတ်ခနဲ တင်းကျပ်စွာ ဆုပ်ကိုင်လို့လာသည်......
ထို့နောက် တသိမ့်သိမ့်တုန်လာသော ကိုယ်လေးကြောင့် သေချာပြီ ကလေးငယ် စိတ်ထိခိုက်ကာ အသံတိတ်ငိုကြွေးလို့နေပြီ......."စိတ်လွှတ်ပြီးသာ ငိုချလိုက်ပါ ကလေးငယ်...လွတ်လွတ်လပ်လပ်သာ ငိုကြွေးလိုက်ပါ......."
Sehun ဟာ baekhyunအား ပိုတိုးလို့ဖက်ကာ ဆိုလာတော့
ရင်ခွင်ထဲက နာကျင်ခြင်းကြောင့် အော်ဟစ်ကာ ငိုကြွေးတော့သည်....."အီး......ဟီး....... Wae?!!!! .. ဘာလို့ ကျွန်တော့်ထက်အရင် ထွက်သွားကြတာလဲ!!!!အီး.... ဟီး.... Kyung soo yaa!!! ပြန်လာခဲ့ပါ.... ပြန်လာခဲ့ကြပါ"
"အား!!!!!!!!!!!!!!"
နာကျင်စွာ အော်ငို၍ စားပွဲပေါ်မှ ပစ္စည်းများအား လက်နှင့် တိုက်ချကာ နံရံအား လက်သီးဖြင့် အားကုန်ထိုးသည့် ကလေးငယ် ရင်ခွင်ထဲ မီးတောင်ကြီးတစ်ခု ပေါက်ကွဲသလိုပါပဲ......
မြင်သမျှအရာတိုင်းအား လက်ဖြင့် တိုက်ချကာ အော်ဟစ်ငိုကြွေးနေသည့် ကလေးငယ်ဟာ ရင်ဘတ်ကိုလည်း တဘုန်းဘုန်းထုရိုက်ပြန်သည်......
Sehun သိတာပေါ့ ချစ်ရသူတွေ စွန့်ခွာသွားတဲ့ ခံစားချက်ကို.... ကောင်းကောင်းကြီး နားလည်ခဲ့တာပေါ့........
သွေးစို့နေသော လက်သီးလေးအား Sehun လှမ်းဆွဲပြီး ရင်ခွင်ထဲ ထိန်းကာ ဖက်ထားလိုက်သည်........
Sehun ကလေးငယ်ကျောပြင်အား ခပ်ဖွဖွပုတ်ပေးရင်း စိတ်ငြိမ်စေရန် ချော့မြူလို့နေသည်......"လေး... ငယ်.... ပြန်ခေါ်ပေးပါ..... အီး... ဟီး..... Kyungလေးရော Sam ကိုပါ ပြန်ခေါ်ပေးပါ"
ငိုပါစေလေ.... လွတ်လွတ်လပ်လပ်သာ အော်ငိုပါစေလေ......
ပြီးရင်တော့ အမှန်တရားကို နားလည်လက်ခံပေးပါကလေးငယ်......."Yaaaa!!!! Kyung soo yaaa မနောက်ကောင်းတာမို့ စနေတာပါဆိုပြီး နံရံနောက်ကွယ်က ထွက်ပြီး အရူးလိုအော်ငိုနေတဲ့ Hyung ကို လှောင်ပြောင်လှည့်ပါ ကျေးဇူးပြုပြီး......."
![](https://img.wattpad.com/cover/168538329-288-k105772.jpg)