"အမလေး Oh baekhyun တို့ မွှေချက်များ လက်လန်တယ်"
စားပွဲပေါ် ကားသော့ ပစ်တင်၍ မောပန်းကြီးစွာ ပြောလာသည့် မမ....
"ဘာလို့လဲ မမရဲ့ ကလေးငယ်က ဘာလုပ်လို့လဲ"
"နင့် ကလေးငယ် ကောင်မလေးတစ်ယောက်ကို စာလိုက်ပေးနေလေရဲ့
အပေးခံရတဲ့ ကောင်မလေးကလည်း နောက်ကတကောက်ကောက်လေးပေးနေတဲ့ နင့်တူကြောင့် ရှက်လို့ ထင်ပါရဲ့ ပါးကို ဖြောင်းခနဲ ချပြီး ပြေးထွက်သွားပါလေရော""ဘာ!!! အဲ့ကောင်မလေးက ကလေးငယ်ပါးကို ချတယ်
ဘယ်သူလဲ.....လိုက်ပြ"ကားသော့ဆွဲယူကာ ထွက်ဖို့ပြင်နေသည့် မောင်ဖြစ်သူအား အမဖြစ်သူရှန်ရှန်မှ အသည်းအသန်ပြန်ဆွဲထားရသည်.......
သူ့ကလေးငယ်ကို ထိတာနဲ့ ရှူရှူဒိုင်းဒိုင်းဖြင့် ဒေါသအိုးပေါက်ကွဲလာသည်မှာ Sehun ရယ်ပါ.....
သူသာ ကိုက်ချင်ကိုက်မယ်... အသားနာအောင် လုပ်မိရင်လုပ်မိမယ်....
သူကလွဲ ဘယ်သူ့မှ သူ့ကလေးငယ်ကို ထိတာမကြိုက်......တယုတယနမ်းရှိုက်တဲ့ ကလေးငယ်ပါးကိုမှ ရိုက်သည်မို့ ထိုမိနုးလေးအား Sehun မကျေနပ်ပါ.....
"ကလေးငယ်ရေ အိမ်ရှေ့မှာပဲ တစ်ချိန်လုံး ရပ်နေတော့မှာလား"
တီလေးခေါ်သံကြားသည့်နှင့် Oh Baekhyun တို့ ခေါင်းနပန်းကြီးရပြန်သည်.....
"Oh Baekhyun!!!မင်းလာခဲ့လိုက် ဒီကိုခုချက်ချင်းလာခဲ့လိုက်!!"
"ငယ်လေး အကြောင်းအရင်းသေချာမေးပြီးမှဆူ အရေးကြီး Meeting တက်စရာရှိလို့ မမ ရုံးပြန်သွားလိုက်အုံးမယ် အရမ်းကြီးလည်း မဆူနဲ့အုံး"
မှာစရာရှိတာမှာ၍ မမမှ ထွက်သွားတော့ တီလေးလက်ကောက်ဝတ်အား လှမ်းဆွဲကာ မျက်နှာငယ်လေးနှင့် Baekhyun......
တီလေးလည်း သူလည်းမတတ်နိုင်ဘူးဆိုသော မျက်နှာထားဖြင့် လက်ကို ဖြုတ်ချကာ ထွက်သွားသည်.......
"Hk...ယောက်ျားလေးကို ရိုးသွားပြီပေါ့"
Sehun အမှန်အကန် ဒေါသထွက်နေသည်မှာ လည်ပင်းရိုးများပင် ထောင်ထွက်လာသည်......