Ep _ 14 ♥♥♥

1.5K 103 3
                                    

"Hyung ဘာလာလုပ်တာလဲ"

နှုတ်ခမ်းတစ်တောင်လောက်ဆူထွက်နေတာက kyung soo ရယ်ပါ...
Baekhyun ကျောင်းသွားရင် ပန်းချီသွားထားမယ်ဆိုတဲ့ သူ့အကြံအစည်ပျက်ပြီလေ.....

"Hyung ခွင့်တိုင်ခိုင်းမလို့ kyung soo မှ ဖုန်းမကိုင်ပဲ အ့ကြောင့် အိမ်လိုက်လာတာ.... အတော်ပဲ Sam လည်းရှိတယ်ဆိုတော့
တစ်ခါတည်းတိုင်လိုက်မယ်"

"ကွကိုယ်သွားတိုင်ပါလား"

ရေစိုနေသော ဆံပင်ကို dryer ဖြင့် မှုတ်ကာ ဆိုလာတဲ့ Jongin..
ဟုတ်သည်လေ ကျောင်းပျက်တာက kyung soo မှမဟုတ်ပဲ...
ကိုယ်ပျက်တာ ကိုယ့်ဘာသာကိုယ် တိုင်သင့်တာ မဟုတ်ဘူးလား......
Kyung soo ကအစားတိုင်ပေးရအောင် အုပ်ထိန်းသူလည်းမဟုတ်....

"အိုခေလေ မတိုင်ပေးရင်နေပေါ့....
ဒါ ဒါ့ ဒါ ဒက်မှာကြည့် ဓာတ်ပုံတွေ့လား မတိုင်ပေးရင် School page မှာတင်လိုက်မယ်..... ကြာပါတယ်ခုပဲတင်လိုက်မယ်"

စောစောက ကလိထိုးနေသော Jonginနှင့် kyung soo တို့ဟာ ဓာတ်ပုံထဲမှာ အထင်သား.....

ထိုအခါမှ  kyung soo အသည်းအသန်ဝင်တားသည်........

"Hyung ကဘာလို့ခွင့်တိုင်တာလဲ"

"Hyung နေလို့မကောင်း ဖြစ်နေလို့.... ခွင့်တိုင်ပေးမယ်မလား kyung soo"

"တိုင်ပေးရမှာပေါ့.....hyung ရာ ဂရုစိုက်ပါဗျ...hyungသာ တစ်ခုခုဖြစ်ရင် ကျွန်တော်...."

"အဟမ်း kyung soo မင်း Hyung ကနေကောင်းတာမဟုတ်ဘူး
နားနားနေနေနေခိုင်းလိုက်တော့....

Baekhyun Samတိုင်ပေးမယ်ဟုတ်ပြီလား"

"Nae...ကျေးဇူးတင်ပါတယ် ပြန်ပြီနော် bye bye"

Baekhyun ပြန်သွားမှ kyung soo ဖုန်းကို ယူကာ ဖွင့်ကြည့်တော့.... ဟုတ်ပါသည်.... Hyung ♥ ဟူသော missed call 5 ကြိမ်ခေါ်ထားသည်ကိုတွေ့ရသည်.......

*Hyung တော့ ဒီထိလာရတာပင်ပန်းနေတော့မှာပဲ*

"Hyung ကျွန်တော့်ဖုန်းကို silent လုပ်ထားတာလား"

"အင်း ဟုတ်တယ် ဖုန်းလာရင် မင်းအိပ်ရေးပျက်မှာစိုးလို့ Hyung ညက silent လုပ်ထားလိုက်တာ"

Kyung soo Jongin အား ဘုကြည့်ကြည့်ကာ လက်မောင်းအား လက်သီးဖြင့်တစ်ချက်ထိုးသည်.... ထို့နောက် အားမရသေးဘူးထင်.... လက်သီးဆုပ်လေး လေထဲထပ်ဝဲလာတော့ kyung soo လက်သီးဆုပ်လေးအား ဖမ်းဆွဲကာ ပေါင်ပေါ်အား ထိုင်စေသည်......

လေးငယ်.... (Completed) حيث تعيش القصص. اكتشف الآن