Ep _ 20 ♥♥♥

1.3K 85 9
                                    

မေ့မျောခြင်းမှ နိုးထလာသည်နှင့် kyung soo ဟာ hyung ဖြစ်တဲ့ Baekhyun ကိုပင် မျက်နှာမပြရဲတော့.......kyung soo အပေါ်ထားရှိသည့် Baekhyun ၏ ဖြူစင်တဲ့ ချစ်ခြင်းကို အားနာသည်ထင်.....

Baekhyun, kyung soo အား လာတွေ့လျှင် အိပ်နေသည်ဟုဆိုကာ ပြန်စေသည်.....

သူရှောင်နေခဲ့တာပေါ့.............

စာမေးပွဲလည်း သွားမဖြေတော့.......

အထက်တန်းကျောင်းဆိုတာတောင် ပြီးဆုံးသွားခဲ့ပြီ.......

...................................................................

ကျွန်တော် Do Kyung Soo သည် Hyung ပေါ် ရယူလိုခြင်းမရှိပဲ
ရိုးသားစွာ ချစ်မြတ်နိုးပါ၏.... ပေးဆပ်ကာ ချစ်မြတ်နိုးပါ၏......

တစ်ခါတစ်ရံတော့ ဘယ်လောက်လွမ်းကြောင်း ဘယ်လောက်အားငယ်ကြောင်းတွေကို hyung ရင်ခွင်ထဲ တိုးဝင်ကာ ဖွင့်ဟချင်ပါ၏.......

Hyung ရင်ခွင်ထဲမှာပဲ တသက်တာ အိပ်စက်ချင်ပါ၏..........

ကျွန်တော် ချစ်မိနေသူတစ်ယောက်က သူစိမ်းသူရင်ခွင်ထဲက နှလုံးသားတစ်စုံဆိုတာ တွေးမိတိုင်း hyung နဲ့ ကျွန်တော်ဟာ စကတည်းမတွေ့ခဲ့ကြရင်ကောင်းသားလို့ အကြိမ်ကြိမ်တွေးခဲ့ဖူး၏....

ကျွန်တော်သည် hyung နှင့် ရေစက်မဆုံချင်ပါ.... ဖူးစာသာဆုံချင်ပါ၏.....

Hyung အား ချစ်စကားလေးတွေ တီတီတာတာ ပြောချင်ပါ၏.....

ညတိုင်း hyung နဖူးအထက် အနမ်းတစ်ပွင့်ချွေကာ ရင်ခွင်ထဲ တိုးဝင်ကာ အိပ်စက်ချင်ပါ၏.....

သာယာတဲ့ နေ့တစ်နေ့တာအား hyung ရဲ့ အနမ်းတစ်ပွင့်ဖြင့်သာ စတင်ဖြတ်သန်းချင်ပါ၏......

ချစ်တယ်....သိပ်ချစ်တယ် hyung လို့ ဖန်တလဲလဲ ပြောလွန်းလို့ တယုတယပျိုးထောင်ထားတဲ့ ပန်းပွင့်လေးတွေတောင် နားရှက်လောက်ပြီထင်.....မတတ်နိုင်.... ကျွန်တော်က သိပ်ချစ်လွန်းနေတာကိုး.....

"ချစ်တယ် Hyung......"

"Hyung လည်း သိပ်ချစ်တယ်"

"Hyun... Hyung..... "

ညီအကိုလို သူငယ်ချင်းလို ချစ်ခြင်းမဟုတ်လား..... မတူဘူးလေ hyung.....

"ဘာလို့ hyung ကို ရှောင်နေတာလဲ"

"........."

Baekhyun အခန်းတံခါးအား အသာပိတ်ကာ kyung soo ကုတင်ပေါ် ဘေးချင်းကပ်ထိုင်လိုက်သည်.....

လေးငယ်.... (Completed) Where stories live. Discover now