Ep _ 19 ♥♥♥

1.1K 88 6
                                    

ချစ်ခြင်းဆိုတဲ့ လောင်းရိပ်အောက် လျှောက်လှမ်းတာချင်းအတူတူ
မင်းလေးက ပြည့်စုံတဲ့ ချစ်ခြင်း....ကိုယ်ဟာ တဖက်သတ်ဆိုတဲ့ ခေါင်းစဉ်အောက်က ချစ်ခြင်း.......

ဇာတ်ဆောင်နှစ်ယောက်ရဲ့ ချစ်ခြင်းမှ အချစ်စစ်လို့ သတ်မှတ်ကြပြီး
ဇာတ်ပို့ဖြစ်တဲ့ လူကြမ်းရဲ့ အချစ်ကြတော့ ချစ်ခြင်းမမည်ဘူးတဲ့လား....
သိပ်ဘက်လိုက်လွန်းတဲ့ သီအိုရီပဲကွာ.....
အများမုန်းတဲ့လူကြမ်းကတော့ ဇာတ်သိမ်းရောက်ရင် ငိုကြွေးရမြဲ ရှုံးနိမ့်မြဲဆိုပေမဲ့ ဇာတ်သိမ်းမှာ မင်းလေးနဲ့ နှစ်ပါးသွားကမဲ့ သူဟာ ကိုယ်ပဲ ဖြစ်ချင်တာမို့ အဲ့ သီအိုရီကို ကိုယ်ရူးရူးမိုက်မိုက်ပြင်လိုက်ချင်တယ်....

ကောင်းကင်ကို မော့ကြည့်လိုက်..... မင်းလေးဟာ တိမ်ဆိုင်လေးမို့ မင်းလေးရဲ့ အလှတရားကို ကိုယ်ငေးကြည့်နေရုံနဲ့ ရောင့်ရဲတင်းတိမ်ရုံ ကျေနပ်မယ်ထင်လား......
ဟင့်အင်း...သိပ်ချစ်မိလွန်းတဲ့ ကိုယ်ဟာ ငှက်ကလေးအသွင်နဲ့ မင်းဆီ အရောက်လာခဲ့အုံးမှာ.....

ပိုင်ရှင်ရှိပြီးသား မင်းလေးကို ရယူလိုချင်တဲ့ ကိုယ်ဟာ ၀ဋ်ကြွေးဆိုတာလည်း ဂရုစိုက်မနေတော့....
မင်းလေးနဲ့ ပတ်သက်လာရင် ဇာတ်နာမဲ့ ကံကြမ္မာကိုတောင် ကိုယ်ဟာ မဲ့ပြုံးတစ်ပွင့်နဲ့ ခေါင်းခေါက်လွှတ်မဲ့ လူစားမျိုး........

Byun Baekhyun ဆိုတဲ့ လူသားဟာ ကိုယ့်အပိုင်ဖြစ်လာမှာမို့ လွမ်းဆွတ်ခြင်းသံစဉ်တွေတောင် ကိုယ့်နားထဲ နှလုံးသားထဲ တိုးမပေါက်တော့.....
ကျိန်းသေပေါက်ကို ချိုမြိန်တဲ့ သံစဉ်ပဲ ဖြစ်နေမှာ......

မင်းလေးဟာ စတော်ဘယ်ရီသိပ်ကြိုက်တတ်သူမို့ ကိုယ်ဟာ စိုက်ခင်းထဲက
စတော်ဘယ်ရီခင်းကို ခြံထဲပြောင်းရွေ့စိုက်လိုက်ပြီကောင်လေး....
ချိုမြိန်တဲ့ စတော်ဘယ်ရီသီးတွေကို စိတ်ကြိုက်သုံးဆောင်ပါလေ..... ကိုယ်ကတော့ စတော်ဘယ်ရီသီးထက် မင်းလေးရဲ့ နီရဲရဲ နှုတ်ခမ်းလွှာလေးကို ပိုပြီး စွဲမက်တာမို့ စတော်ဘယ်ရီနှုတ်ခမ်းပါးလေးကို ကိုယ့်လည်း သုံးဆောင်ခွင့်ပေး.....

ချစ်ကြောင်းတွေ စာဖွဲ့မနေတော့ဘူး.....
ကိုယ့်ရင်ခွင်ထဲရောက်မှ မင်းလေးကို ဟောဒီက လူကြီး ဘယ်လောက်ချစ်ကြောင်း သက်သေပြမယ်ကောင်လေး.........
ကိုယ့်ရဲ့ စတော်ဘယ်ရီသီးလေး.........

လေးငယ်.... (Completed) Où les histoires vivent. Découvrez maintenant