Sehun'pov.....
လွန်ခဲ့တဲ့ ၁၈နှစ်က အမှန်တရားတစ်ခု.....
ငိုကြီးချက်မနဲ့ hyung ကိုချစ်မိတဲ့ ခံစားချက်တွေကို hyung ထံ ရင်ဖွင့်ခဲ့တဲ့နေ့......
တဖက်သတ်ချစ်ရသူ hyung ရဲ့ ချစ်ဇနီးက Hyung ရဲ့ ရင်သွေးလေးကို မွေးဖွားပေးခဲ့တဲ့နေ့.......
ဆေးရုံအသွား hyung ပါတဲ့ ကျွန်တော်မောင်းတဲ့ကား မတော်တဆမှုဖြစ်တဲ့နေ့.....
ပေါ့ဆမိတဲ့ မတော်တဆမှုကြောင့် ကျွန်တော်သိပ်ချစ်ခဲ့ရတဲ့ hyung
မီးလောင်ကားထဲပါသွားပြီး လူ့လောကထဲကနေ ပျောက်ကွယ်သွားတဲ့နေ့.....ကလေးငယ်ကိုမွေးမွေးပြီးချင်း ကလေးငယ်ရဲ့ မိခင် လူ့လောကထဲက ထွက်ခွာသွားတဲ့နေ့.......
ကျွန်တော့်ရဲ့ ကလေးငယ် Baekhyuneeလေး မွေးဖွားပြီး ကျွန်တော့်ရင်ခွင်ထဲစရောက်လာတဲ့နေ့......
May လ 6 ရက်နေ့..............
၁၈နှစ်လုံးလုံး အပြစ်သားတစ်ယောက်လို ခြောက်ခြားခဲ့ရတာ....
ကျွန်တော့်ကြောင့်....ကျွန်တော့်ကြောင့် Hyung သေရတာဆိုပြီး သေလောက်အောင် ငိုကြွေးခဲ့ရတာ.....
ကလေးငယ်သာ အဖြစ်မှန်တွေသိသွားခဲ့ရင် ကျွန်တော့်ကို မုန်းသွားမှာဆိုတဲ့ စိတ်ကြောင့် ရိုးတွင်းချဉ်ဆီထိတောင် တဆစ်ဆစ်နာကျင်နေခဲ့ရတာ.....Hyung ရဲ့ ကိုယ်ပွားလေး ကလေးငယ် Baekhyunee......
ကျွန်တော်ချစ်တဲ့ ကလေးငယ် Baekhyunee......
မျှော်လင့်ချက်မရှိတော့ပဲ သေဆုံးနေတဲ့ ကျွန်တော့်နှလုံးသားကို ဒုတိယအကြိမ် တဖန်ပြန်ရှင်သန်လာစေတဲ့ ကလေးငယ် Baekhyunee..........သူ.... သူသာ ကျွန်တော့်ရဲ့ ဖုံးကွယ်ထားတဲ့ အဖြစ်မှန်သာ သိသွားခဲ့ရင်....
သူ့အဖေကို သတ်တဲ့ လူတစ်ယောက်ဆိုတာသာ သိသွားခဲ့ရင်.....ကလေးငယ်ကျွန်တော့်ကို
ရွံရှာသွားမလား....မုန်းတီးသွားမလား.....စိတ်နာသွားမလား.....
အဆိုးဆုံးက ဒီရင်ခွင်ကို ထားရစ်ခဲ့မှာလား.......Suiside လုပ်ဖို့လား လွယ်လွန်းတယ်.......
မြတ်နိုးသူတစ်ယောက်သာ နှလုံးသားထဲ နေရာသာမယူခဲ့ရင် ထိုစကားလုံးခုနှစ်လုံးကြောင့်
ကျွန်တော်ဟာ ရှင်သန်ရာ ကမ္ဘာမြေပေါ်မှာ ခုထက်ထိ ရှိနေခဲ့မှာ မဟုတ်.......