နောက်နေ့မနတ်. . . .
တရားရုံးရဲ့ ရှေ့ မှာ အမျိုးသမီးလေး သုံး ယောက်
မတ်တပ်ရပ်လျက် တစ်စုံတစ်ယာက်ကို စောင့်မျော် နေဟန်ရှိ
သည်။
ထို အမျိုးသမီးလေးတွေဟာ မည်မျှစိတ်လှုပ်ရှားနေ
သည်မသိ မိမိတို့ လက်နှစ်ဖက်ကို ပူးကပ်စုပ်ကိုင်ကာ လုံးခြေ
နေသည်မှာ ကြိမ်ဖန်များစွာရှိလှသည်။
ဆံကေသာကို ဖီးလိမ်းထားခြင်းမရှိ၍ စုပ်ဖွာနေသည်။
မျက်ရည်စ တို့ကို အကြိမ်ကြိမ် ဖယ်ရှား နေရ၍ လားမသိ သူမလေးတို့ မျက်နှာမှာ နံ့သာ တစ်စက်မရှိ။ ပြောင်တလင်း
ဖြစ်နေ၏။
ရင်ထဲ၌ မေားဟိုက်နေမှုများမှာ နွမ်းလျလျ မျက်နှာငယ်
လေးပေါ်၌ အထင်းသား ပေါ်လွင်နေတော့သည်။
သိပ်မကြာခင် အချိန်လေးမှာပဲ သူမလေးတို့ မျော်နေ
သူတစ်ယောက်ယောက်လာခဲ့သည်။
တခြားသူမဟုတ် ရှေ့နေမလေး ပင်ဖြစ်သည်။
'' ရုံးတော်ထဲ မဝင်ဘဲ ဒီမှာ ဘာရပ်လုပ်နေကြတာလဲ''
ရုံးတော်ထဲကို မျော်ကြည့်ရင်း ပြေားလိုက်သည်။
'' ဆရာမ ကို စောင့်နေတာ ''
ဖြည်းညင်းစွားသော လေသံနှင့် မေစိုးမွန် က ပြန်ဖြေလိုက်
သည်။
'' ဒါဆိုလည်း ဝင်ကြမယ်လေ ''
ပြေားပြေားဆိုဆိုနှင့် ထွက်သွားသော သူမကို သု က လှမ်း
ဆွဲလိုက်ကာ
'' ဆရာမ ကျွန်မတို့ အဆင်ပြေမှာပါနော်။
ကျွန်မကြောက်တယ် '' ရှေ့နေမလေးရဲ့ မျက်
လုံးတွေကို အသေအချာကြည့်ရင်း ပြေားလေ၏။
သူမ လက်မောင်းကို ဆုပ်ကိုင်ထားသော သု ရဲ့ လက်
ကလေးတွေကို ကျန်တဲ့ လက်တစ်ဖက်နဲ့ အုပ်မိုးလိုက်ပြီး
သနားဂရုဏာသက်စွာ အားပေးစကားပြေားသည်။
'' အဆင်ပြေမှာပါ ။ သိပ်လည်း စိတ်မလှုပ်ရှားပါနဲ့
တစ်ခုပဲ သတိပေးချင်တယ်။
ရုံးတော်က မေးလာတဲ့ မေးခွန်းတိုင်းကို အမှန်အ
တိုင်း ဖြေပေးပါ ။ တရားသူကြီးလည်း ရောက်
တော့မယ် ဝင်ကြရအောင်''
သူမလေးရဲ့ စကားအဆုံးမှာ သု က ခေါင်းငြိမ့်ပြီး ကတိပေးလိုက်သည်။
အဲ့ဒိနောက် သူမလေးတို့ ရုံးတော်ထဲကို ဝင်သွားခဲ့ကြ
သည်။
ရုံးတော်ထဲမှာ လာရောက်ကြားနာတဲ့ ပရိတ်သက်တွေ
ဦးဉာဏ်လင်းအောင် နဲ့ တရာလိုဖက်က သက်သေ တွေ က
နေရယူနှင့်ပြီကြပြီ။
နာရီပိုင်း အကြာမှာ တရားသူကြီး ရောက်လာသည်။
တရားသူကြီး နေရာယူပြီးသည်နှင့် ကြားနာစစ်ဆေးမည့် ရှေ့
နေ နှစ်ဦး မိတ်ဆတ်ကြသည်။
ရှေ့နေနှစ်ဦးလုံး တရားသူကြီး ရှေ့မှောက်မှာ နေရာ
ယူကြသည်။
အဲ့ဒိနောက် တရာလို ရှေ့နေက ဦးစွာ မိတ်ဆတ်သည်။
'' တရားသူကြီးမင်း ခင်မျာ ကျွန်တော် အလွတ်တန်း ရှေ့နေ ဦးဉာဏ်လင်းအောင် သည် တရာလို ဘက်မှနေ၍ ဤအမှုကို ကြားနာစစ်ဆေး သွားပါမည်။''
'' တရားသူကြီးမင်း ရှင်
ကျွန်မ တရားလွှတ်တော်ရှေ့နေ ဒေါ် သစ္စာစစ်မှန်
သည် တရားခံ ဖက်မှ နေ၍ ဤအမှုကို ကြားနာ
စစ်ဆေးသွားပါမည်''
'' ကောင်းပြီ . .ကြားနာစစ်ဆေးမှုမှာ မသမာမှု ကင်း
အောင် ဆောင်ရွက်ပါ''
တရားသူကြီး မှတ်ချက်ပေးပြီးနောက် အမှုကို စတင်
စစ်ဆေးခဲ့သည်။
တရားလိုဖက်မှ စတင်စစ်ဆေးခဲ့သည်။
'' ပထမဦးစွာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသူ
ဦးဝဏ္ဏကျော်လွင် ကို စတင်မေးမြန်းခွင့်ပြုပါ။''
တရားသူကြီးရဲ့ ခွင့်ပြုချက်နဲ့အတူ တရားလိုမှာ ရုံးတော်
ရှေ့မှောက်၌ နေရာယူလိုက်သည်။
ထိုနောက် ကျမ်းသစ္စာ ကျိမ်ဆိုခဲ့သည်။
'' ကျွန်ုပ်သည် ဤအမှုတွင် မှန်မှန်ကန်ကန် ကြားနာ
ပါမည်။
မမှန်မကန် ထွတ်ဆိုခဲ့ပါက ဤကျမ်းစာပါ ကျိန်စာများ
ကျွန်ုပ်အား သင့်ပါစေသား''
အရှေ့မှ ရှေ့နေ တိုင်ကြားပေးသည့်အတိုင်း တရားလိုဖြစ်သူ ဦးဝဏ္ဏကျော်လွင် က လိုက်ဆိုပေးခဲ့သည်။
အဲ့ဒိနောက် ဦးဉာဏ်လင်းအောင် က သူ့ အမှုသည်
ကို အသားပေး သောမေးခွန်း တွေကိုသာ မေးခဲ့သည်။
'' ဦးဝဏ္ဏကျော်လွင် အခင်းဖြစ်တဲ့ အချိန်မှာ မိမိ ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ အမျိုးသမီးကို အသေအ
ချာ မှတ်မိရဲ့လား''
YOU ARE READING
အကြမ်းဖက်ခံ ဘဝများ(lives of violence)
Non-Fictionရှေ့နေမလေး သစ္စာစစ်မှန် ဟာ အမျိုးသမီးများအကြမ်းဖက်မှု မှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ တရား လွှတ်တော် ရှေ့နေဖြစ်ပါတယ်။ တစ်နေ့မှာ မတရားသဖြင့် တရားစွဲဆို ခံထားရသော အမျိုးသမီးလေ...