အပိုင်း(၆)

30 1 0
                                    

မေစိုးမွန် အလှည့်သို့ ရောက်လာခဲ့သည်။
ဦးဉာဏ်လင်းအောင် ပဲ စတင်စစ်ဆေးခဲ့၏။
'' မလိုက်ချင်တဲ့ သူငယ်ချင်း နှစ်ယောက်ကို အတင်းခေါ်လာတဲ့ ရည်ရွယ်ချက်က ဘာလဲ။
အကြောင်းပြချက်တစ်ခုတော့ရှိမှာပေါ့။''
''ဘာ အကြောင်းပြချက်မှ မရှိဘူး။ ''
'' အဲ့ ဒိနေ့ ညနေက ဦးနိုင်ကြီး မင်း ကို အိမ်ပြန်လိုက်
ပို့ ပေးခဲ့တယ်နော်။ ''
''ဟုတ်ပါတယ်''
''ကားပေါ်မှာ မင်းကို ဘာတွေပြေားခဲ့လည်း။
မင်းသူငယ်ချင်း နှစ်ယောက်ကို ခေါ်လာရင် ပိုက်ဆံ
ဘယ်လောက် ပေးမယ်လို့ ပြေားလဲ။
ဒီလို လုပ်စားနေတာ ဘယ်လောက်ကြာပြီလဲ''
ဦးဉာဏ်လင်းအောင် ဟာ စစ်မေးသည် မဟုတ်ပါပဲ
စိတ်ထင်ရာဆွဲတွေးပြီး တရားခံကို စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်
တုန်လှုပ်အောင် ဖန်တီးပြေားဆိုနေသည်။
ဒါကြောင့် စစ်မှန် အချိန်မှီ ကန့်ကွက်လိုက်သည်။
''ကန့်ကွက်ပါတယ်။''
စစ်မှန် ရဲ့ အသံကို ကြားလိုက်သောအခါ ဦးဉာဏ်လင်းအောင် လှည့်ကြည့်လိုက်သည်။
ဝံပုလွေတစ်ကောင်ရဲ့ ကောက်ကျစ်တဲ့ အကြည့်မျိုးနဲ့
စစ်မှန် ရဲ့ မျက်လုံးအိမ်ထဲသို့ ထိုးဖောက်ကာကြည့် နေ၏။
ခြင်္သေ့တို့ရဲ့ ရဲရင့် ပြတ်သားတဲ့ အကြည့်တို့နဲ့ ဦးဉာဏ်လင်းအောင် ရဲ့အကြည့်တို့ကို တုံ့ပြန်လိုက်သည်။
ထို့နောက် တရားသူကြီးမင်း အား ဦးတိုက်လျှောက်
ထား၏။
'' တရာလိုရှေ့နေဟာ ကျွန်မ အမှုသည် အပေါ် စိတ်ပိုင်းဆိုင်ရာ ကြောက်လန့် လာအောင် ရည်ရွယ်ချက်ဖြင့်
သက်သေအထောက်အထား မရှိသော စကားလုံးများကို အသုံးပြုကာ ဖိအားပေး ခြိမ်းခြောက်နေပါတယ်။
တရားသူကြီးမင်းမှ တဆင့် တားမြစ်ပေးစေလိုပါတယ်''
'' တရားလိုရှေ့နေ အမှုနဲ့ သက်ဆိုင်တဲ့ မေးခွန်းကို
သာမေးပါ။ မိမိ စိတ်ထင်တဲ့ အရားတွေကို စွပ်စွဲပြေားဆိုခြင်း
မျိုး မလုပ်ပါနဲ့''
ဦးဉာဏ်လင်းအောင် ဒေါသထွက်သွားသည်။
ဒါပေမယ့် ဘာမှ မတတ်နိုင်ဘဲ တခြားမေးခွန်းပြောင်းမေး
လိုက်ရသည်။
'' ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က မင်း အိမ် ကို ပိုက်ဆံ
ပို့ခဲ့တယ်နော်''
''ဟုတ်ပါတယ်''
''အဲ့ဒိ ပိုက်ဆံ ဘယ်က ရလည်း။''
မေစိုး ဘာမှ ပြန်မပြောပဲ ငြိမ်နေ၏။ ပြေားစရာ စကားမရှိဖြစ်နေသည်။
'' မင်း ကြောင့် အရင်တုန်းက ကောင်မလေး တစ်ယောက် ဘဝ ပျက်ဖူးတယ်နော်။ ဟုတ်လား''
'' ကျွန်မ ကြောင့် မဟုတ်ဘူး ။ သူ့ဖာသာသူ. . .''
''ဟုတ်တယ် မဟုတ်ဘူး ဆိုတာသာ ဖြေပါ ။အပိုတွေ မပြေားပါနဲ့''
''ကန့်ကွက်ပါတယ် ။ တရာလိုရှေ့နေဟာ အမှုနဲ့
မဆိုင်တဲ့ မေးခွန်းတွေကို မေးနေပါတယ်။''
စစ်မှန် ရဲ့ စကား မဆုံးခင်မှာပဲ ဦးဉာဏ်လင်းအောင်
က လျှောက်လွဲချက်ပေးလိုက်သည်။
'' တရားသူကြီးမင်း ခင်ဗျာ ဒီအမှု ကို ကိုင်တွယ်ဖြေ
ရှင်းရာမှာ တရားခံရဲ့ နောက်ကြောင်းရာဇဝင်ကို သိဖို့ လို ပါတယ်။ ဒါကြောင့် စစ်မေးခွင့်ပြုပါ။''
''လက်ခံတယ် ။ ဆတ်မေးပါ။''
တရားသူကြီးမင်းက ခွင့်ပြုလိုက်သည်နှင့် ဆတ်မေးသည်။
'' မင်း အဲ့ဒိ မိန်းကလေး ကို လူကြီး တစ်ယောက်ဆီ ခေါ်သွားခဲ့တယ် မဟုတ်လား။''
''ဟုတ်ပါတယ်''
''အဲ့ဒိ မိန်းကလေး မင်းကြောင့် ဖျက်ဆီးခံလိုက် ရတယ် ။
မင်း ကိုယ်တိုင်ကော် ယောက်ကျားတွေနဲ့ ဘယ်နှစ်ခါ
ဆတ်ဆံဖူးလည်း''
မေစိုး ရဲ့ စိတ်ကို ဝမ်းနည်းနာကျင်စေခဲ့သည်။
'' ယောကျာင်္းတွေနဲ့ ဆတ်ဆံ ရအောင် ကျွန်မ ပြည့်တန်ဆာ မဟုတ်ဘူး'
ဒေါသ တို့ ရောယှက်နေသော အသံဖြင့် အော်ပြေားလိုက်သည်။
'' ဒါဆို ဘာလို့ ပိုက်ဆံယူခဲ့တာလဲ ''
ခပ်ထန်သော လေသံဖြင့် မေစိုး ရဲ့ မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး အော်လိုက်သည်။
ဦးဉာဏ်လင်းအောင် ရဲ့ စကားတို့ဟာ ရုံးတော် တစ်ခုလုံးကို ကိုင်လှုပ်လိုက်သလို ဖြစ်သွား၏။
အားလုံးသော လာရောက်ကြားနာသူများဟာ အံ့သြခြင်း
ကြီးစွာ ဖြင့် မေစိုးမွန်းအား ကြည့်နေကြသည်။
တချို့သော အကြည့်များမှာ မယုံနိုင်ဖြစ်နေသောအကြည့်။
တချို့သော အကြည့်များဟာ ရွံရှာစက်ဆုပ်သော အကြည့် ။
ထို အထဲတွင် ရှေ့နေမလေး သစ္စာစစ်မှန် လည်း အပါအဝင်ဖြစ်သည်။
ထို အကြည့်တို့ကို ရင်မဆိုင်ရဲသော မေစိုးမွန် မှာ ခေါင်းငိုက်စိုက်ကာ ငိုကြွေး၍သာ နေတော့၏။
ဒီလို အခြေအနေကို အသုံးချပြီး ဦးဉာဏ်လင်းအောင်
သည် လိုရာကို ဆွဲကာ အတည်ပြုပြေားဆိုနေတော့သည်။
'' တရားခံ မေစိုးမွန် ဟာ အခင်းဖြစ်ပွားတဲ့နေ့က
ဦးဝဏ္ဏတို့ ဘက်က ပေးတဲ့ ပိုက်ဆံကိုယူ ခဲ့ပါတယ်။
ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် မေစိုးမွန် ဟာ
အစကတည်းက အကြံအစည် ဖြင့် လုပ်ခဲ့တယ်ဆိုတာ သက်သေပြနေပါတယ်။
ဘယ်လောက်ပဲ ပြည့်တန်ဆာ မဟုတ်ဘူးလို့ ပြေားနေပါစေ ပိုက်ဆံကိုယူခဲ့တယ် ဆိုတဲ့ လုပ်ရက် ဟာ
ငြင်းလို့မရအောင် သက်သေပြနေခဲ့ပါပြီ။
ယခင် အချိန်တုန်းက လည်း ယခုဖြစ်ရက် နှင့် အလားတူပင် မိန်းကလေးတစ်ယောက် ကို လူကြီးတစ်ယောက် ဆီ ပို့ဆောင်ပြီး ငွေကြေးအမြတ်ထုတ် မှု
တွေရှိခဲ့ပါတယ်။
ဒီအခြေအနေတွေကို သုံးသပ်ရမည်ဆိုပါက မေစိုးမွန် ဟာ အရင်ကတည်းက ပြည့်တန်ဆာခေါင်း လုပ်ခဲ့တယ် ဆိုတာ သက်သေပြနေပါတယ်။
ဒါကြောင့် ဒီ အမှုမှာလည်း မေစိုးမွန် ဟာ မိမိ ရဲ့ ငွေကြေး လိုအပ်ချက်များကြောင့် အကြံအစည်ဖြင့် သူမ ရဲ့
သူငယ်ချင်း နှစ်ယောက် ကို ခေါ်လာခဲ့ပြီး ငွေကြေး အမြတ်ထုတ်ဖို့ ကြိုးစားခဲ့ တာပါ။
ကျွန်တော့ အမှုသည် ဟာ ဒီ အမှုမှာ နစ်နာ သူသာ ဖြစ်ပါတယ် ဆိုတာကို တရားသူကြီးမင်းအား ရိုသေ စွာ လျှောက်ထားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်''
ဦးဉာဏ်လင်းအောင် ဟာ သူ့ရဲ့ လျောက်လွှဲချက်တွေကို မာန်ပါပါ ဖြင့် ယုံကြည်ချက်ရှိစွာ ပြေားနေလေ၏။
ထို့နောက် ရုံးတော်ကို ရပ်ဆိုင်းလိုက်သည်။
ရုံးချိန်းကိုတော့ နောက်တစ်ပတ် မှာ ပြန်လည်စစ်
ဆေး သွားမှာပါ။
         ရက်ပိုင်းလောက်ပင် မကြာလိုက်  သတင်း မီဒီယာတွေမှာ ရေးသားဖော်ပြမှုတွေရှိလာခဲ့သည်။
           အမျိုးသမီးအရေး ဆောင်ရွက်သူတွေ၊ အကြမ်းဖက်
မှု ဆန့်ကျင်ရေး အဖွဲ့အစည်း တွေ ၊ လူ့ အခွင့် အရေး တတ်ကြွ လှုပ်ရှားသူတွေ က အထူး စောင့်ကြည့် နေကြသည်
        သတင်းထောက်များရဲ့ အလိုချင်ဆုံးသော အကြောင်း
အရာ များ ဖြစ်လာခဲ့သည်။
         မတူညီတဲ့ အတွေး အမြင် အယူအဆ များနှင့် အတူ
တစ်နိုင်ငံလုံး စိတ်ဝင်စားနေကြသည်။
           ရုံးတော် ကနေ ထွက်လိုက်တယ်ဆိုရင်ပဲ သတင်း
ထောက်များ အပြေးအလွှား ရောက်လာကြသည်။
            ဦးဉာဏ်လင်းအောင် အပေါ် အာရုံ ရောက်နေတုန်း
စစ်မှန် တို့ ရှောင်ထွက်လာ ခဲ့သည်။
       မေစိုး တို့လည်း စစ်မှန်  ရဲ့ကား နှင့် အတူ ပါလာခဲ့သည်။
          စစ်မှန် စိတ်ထဲမှာတော့ လက်ပစ်ဗုံး အလုံးတစ်ရာ ပေါက်ကွဲ သလို ဒေါသ တို့ ပေါက်ကွဲနေလေ၏။
            မျက်နှာမှာလည်း ထို ဒေါသ တို့ ရောင်ပြန်ဟပ်နေ
လေသည်။
         ဘယ်သူမှ ဘာမှ မပြေားရဲ ပဲ ဖြစ်နေသည်။
        ဒီအတိုင်း တိတ်တဆိတ် သာ လိုက်လာခဲ့ကြသည်။

          အခန်းထဲကို ဝင်ဝင်ချင်းပင် လက်ထဲမှ ပစ္စည်းများကို
ဧည့်ခန်းထဲရှိ ထိုင်ခုံပေါ်သို့ ပစ်တင်လိုက်သည်။
            ထို့နောက်  တင်းထားသော စိတ်တို့ ကို လွှတ်ချ
လိုက်ပြီး အကြောင်းအရင်းမှန်ကို မေးလိုက်သည်။
               '' တကယ်ပဲ လုပ်စား နေခဲ့တာလား''
စက်စုတ် ရွံရှာနေသော အကြည့်များဖြင့် ခတ်ထန် မာကြော
စွာ ပြေားလိုက်သည်။
မိမိ ကို ထိမ်ချန် ထားခဲ့တာတွေ ရှိနေသေးတယ် ဆိုတာကို သိလိုက်ရတဲ့အခါ ယုံကြည်မှုကို အလွဲသုံးစား လုပ်
တယ်ဆိုပြီး ဒေါသစိတ် ဖြစ်သွားသည် ထင်၏။
စစ်မှန် ရဲ့ စကားတွေကို ကြားတဲ့အခါ ခေါင်းငိုက်စိုက် ကာ ငို နေသော မေစိုးမွန် ဟာ စစ်မှန် ကို မော့ကြည့်လာ
သည်။
သူမ ရဲ့ မျက်လုံးများဟာ မျက်ရည်စတို့ဖြင့် ပြည့်နေလေ၏။
တချို့သော မျက်ရည်စ များဟာ မျက်လုံးအိမ် အတွင်းမှ ပင် ဖန်ခွက် အတွင်းမှ ပြည့်လျှံကျနေသော ရေ ပမာ အတားအဆီး မရှိ လျှံကျနေလေသည်။
သူမ၏ အကြည့် များဟာ အင်အားချိနဲ့လွန်းလှ၏။
ဝမ်းနည်းစွာ တောင်းပန်နေသော အကြည့်။
'' မဟုတ်ပါဘူး . .မဟုတ်ပါဘူး ဆရာမ ရယ်''
ရှိသမျှ အားအင် များကို စုစည်းက ကြိုးစားပြီး ပြေားလိုက်
သည်။
     '' မဟုတ်ဘူး ဆိုရင် ဘာလို့ အဲ့ဒိ ပိုက်ဆံ တွေကို ယူခဲ့တာလဲ။
            မင်း တို့ ဘက် ကသာ ရိုးသားရင် ဘာ အကြောင်း
နဲ့ မှ သူတို့ ပေးတဲ့ ပိုက်ဆံ ကိုယူစရာ အကြောင်း မရှိဘူး။
           ဘာလဲ ကျွန်မ ကို အသုံးချပြီး အမှန် တရားကို ဖုံး
ကွယ်ဖို့ ကြိုးစားမယ်ပေါ့ ဟုတ်လား။
           မင်း တို့ သိထားဖို့က အမှန် တရားကို ဘယ်
တော့မှ ဖုံးကွယ်လို့ မရဘူး ဆိုတာပဲ။
        မင်း တို့ ဘက်ကနေ ဆတ် ပြီးရပ်တည် ပေးဖို့ တွက်
ပြန် စဉ်းစား ဖို့ လိုလိမ့်မယ်''

        စစ်မှန် သည်ပင် ဒေါသတကြီး ပြေားဆိုနေတော့သည်။
သူမ ပြေားချင်တာတွေကို ပြေားပြီး ချက်ချင်းလှည့်ထွက် သွားသည်။
         ထိုစဉ်. . .
             ''  ပြန်ပေးခဲ့ပါတယ်။   အဲ့ ဒိ ပိုက်ဆံတွေကို ကျွန်မ တို့ ပြန်ပေးခဲ့ပါတယ်။
           မယူခဲ့ပါဘူး။''
              မေစိုး က ငိုရှိုက်သံများနှင့် အတူ အော်ဟစ်၍ ပြေားလိုက်သည်။
              စစ်မှန် ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်။
        မေစိုး နှင့် မျက်နှာချင်းဆိုင် အနေအထား ကို ပြောင်း
လိုက်ပြီး မေစိုး ဘာပြေားမလဲ ဆိုတာ ကို နားစိုက် နေ၏။

ို




အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now