အချစ်ဆို တာ မီးတောက် တစ်ခုလို လောင်မြှိုက် တတ်
တယ် ဆိုတာကို ကျွန်မ မသိခဲ့မိဘူး။
ကျွန်မ နှလုံးသားကို မီးလောင်တိုက်သွင်း မယ့် အချစ်ဆိုတဲ့ ခမ်းနားလှတဲ့ နိဒါန် တစ်ခု......'' အစ်မ ရွှေရေး...
အစ်မ ရွှေရေး...''
ရွှေရေး ကို အသည်း အသန် ခေါ် နေခဲ့တာ ဒီလောက်
ဆို ဘယ်သူတွေလဲ ဆိုတာ တန်းသိတာပေါ့။
ဘယ်သူတွေ ရှိဦး မှာလဲ
မောင်းလေး သူငယ်ချင်း တွေ ပဲ နေမှာပေါ့ ။
စာကြည့် ခန်းမှာ စာဖက်နေရာမှ အိမ်ရှေ့ ကို ထသွား
လိုက်တယ်။
ထင်တဲ့ အတိုင်းပါ ပဲ ။မောင်လေး သူငယ်ချင်း ကောင်းကောင်း နှင့် မသိသေးတဲ့ ကောင်လေးတစ်ယောက်
ဆိုင်ကယ် ပေါ် ကနေမဆင်းပဲ အော်နေကြတယ်။
ရွှေရေး ကို တွေ့တော့ နှစ်ယောက်သား ပြုံးပြကြတယ်။
'' ဂျလေဘီ အထဲ မ၀င် ဘဲ ဘာလို့ အသည်း အသန် ခေါ် နေတာလဲ
ကျောင်းမတတ် ဘဲနဲ့ ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ''
မျက်နှာချိုချိုနဲ့ ရွှေရေး ကိုပြန်ကြည့်ပြီး
'' အိမ် က ခေါ် လို့ ပြန်လာတာ
အစ်မ မောင် က မုန်ဖိုး ၀င်ယူခိုင်းလို့
ပြီးတော့ အကြော် အလှော်တွေလည်း ယူခိုင်းလိုက်တယ်'''' ဒါ ဆိုလဲ အိမ်ထဲဝင်ဦး မမ သွားယူဦးမယ်''
ကောင်းကောင်း နဲ့ ပါ လာတဲ့ ကောင်လေး က ဘာစကား မှ မပြေားပေမယ့် စိတ်ဝင် တစား ကြည့် နေတာကိုတော့ သတိထားမိလိုက်တယ်။
ိ. လူငယ်ဆန်ဆန် ၀တ်စားပြင်ဆင်ထားပုံက သူနဲ့ လိုက်ဖက် လွန်းလှသည်။ကြည့်ကောင်းလွန်းလှသည်။
....... ....... ........ ....... .......
'' ထိုင် ဦးနော် ..မမ ကော်ဖီ ဖျော်ပေးမယ် ''
အိမ်လာတိုင်း စားပြီး မှ ပြန်နေကျ ဆိုတော့ ကောင်းကောင်း က မငြင်း ရှာ ပါ ဘူး။
''မုန့် ကော် ယူလာ နော် ''လို့တောင် နှောက်ပြောင် လိုက် သေးတယ်။
ကိုယ် ကလဲ ငယ်ငယ် ကတည်းက ထိန်းလာခဲ့တော့ မောင်လေး အရင် တွေလိုပါ ပဲ။
သူတို့ ဖြစ်ချင်တာလေးတွေကို ပြည့်အောင် ဖြည့်ဆည်း
ပေးနေကျ။
သူတို့ ကလည်း ပူဆာ နေကျလေ။
မုန့် နဲ့ ကော်ဖီ ကို ယူပြီး မီးဖိုချောင် ထဲက ထွက်လာတော့
ကောင်းကောင်း က လာသယ်ကူတယ်။
ပြီးတော့ သူ့ သူငယ်ချင်းကို အရင် ချပေးပြီး
'' ငထိုက် သောက် ။ ဖြိုးပြည့် မမ က ကော်ဖီ ဖျော်တာ အရမ်းကောင်းတာ '' လို့ ကောင်လေးကို စသလိုနောက်
သလို ပြေားတယ်။
ကောင်လေးက ပြုံးရောင် သန်းစွာ လှမ်းကြည့်လာတော့
ပြန်ပြုံး ပြရတာပေါ့။
'' အစ်မ ဒါ သား တို့ သူငယ်ချင်းသစ် ''ထိုက် ''
တဲ့ ။ သားတို့ နဲ့ မေဂျာ တူပဲလေ ''
'' ဟုတ်လား ဂျလေဘီ တစ်ယောက်တိုးတာပေါ့ ''
ဒီလို ပြေားတော့ ကောင်လေး သွားပေါ်အောင် ပြုံးပြပြန်တယ်
'' အစ်မ ဘာလို့ စာတွေကျက်နေတာလဲ ။ ဘာတွေ ဖြေဦးမလို့လဲ... ''
'' ဟဲ့ စာဆိုတာ ဖြေစရာရှိ မှ လေ့လာရတာ မဟုတ်ဘူး
အစဉ်အမြဲလေ့လာနေရတာ ''
ပြေားရင်းဆိုရင်း မောင်လေးမှာတဲ့ ပစ္စည်းတွေ သွားယူ
လိုက်တယ်။
'' ဟို တလေားက မှ သူ့ အကောင့် ထဲ ထည့်ပေးထား
တာ..
ခု ကုန်ပြီ ။
အသုံးအဖြုန်းကလည်း ကြီးလိုက်တာ
ပိုက်ဆံ ကို ချွေတာ သုံး ...
ရေလို သုံးမနေကြနဲ့ ကြားလား'''' အစ်မ ကလည်း အဲ့လောက်လဲ မသုံးပါ ဘူး''
'' ဘာ အဲ့လောက် မသုံးဘူးလဲ တစ်လ ကို လေး ငါး သိန်း
လေ ဒါ ကျောင်းသား တစ်ယောက် သုံးရမယ့် ပမာဏ မဟုတ်ဘူး ။
ရော့ ဒါ က ဖြိုး အတွက် ။
ဒါ က မင်းတို့ နှစ်ယောက်တွက် မုန့် ဖိုး ။''
'' အဲ့ဒါ ဆို မမ သားတို့ ပြန်တော့မယ် ''
''အေး ..အေး..''
အိမ်ရှေ့ ထိ လိုက်ပို့ ပြီး ...
'' ဆိုင်ကယ် သေချာမောင်းနော် ။ ဆိုင်ကယ် ဦးထုပ်ကို လည်း သေချာဆောင်း မေးသိုင်းကြိုးသေချာတပ် ။'''' အစ်မ ကလည် မော်တော်ပီကယ် ကျနေတာပဲ ''
'' မင်း တို့ တွက် ပြေားနေတာ
ဒီလောက်ပြေားတာတောင် တန် ကာ မကျဘူး
လူလစ်တာနဲ့ ဆိုင်ကယ်လ် အုပ်ထုပ် ချွတ်တော့မယ် လေ
ဩော် ပြေားဦးမယ်
ဆိုင်ကယ်လ် တစ်စီး ကားတစ်စီး နဲ့ အလေလိုက်မနေနဲ့ နော်
စာလည်းကျက်ဦး ကြားလား ''
'' ဟုတ်ကဲ့ ပါ အစ်မရယ် ။
အရမ်း စကားများတာပဲ ။
သွား တော့မယ်... ''
စကားတစ်လုံးမှ မပြေားပဲ ဒီတိုင်း ပြုံးပြီးကြည့်နေတဲ့ ကောင်လေး ....
သူ့ ရဲ့ အပြုံးတွေက လေးနတ်တဲ့ အဓိပ္ပာယ် တစ်ခု ရှိနေတယ်။
တစ်ချိန်လုံး စကားမပြေားတဲ့ သူက ပြန်ခါ နီးမှ
ဖွင့်ဟ လာတဲ့ စကားတစ်ခွန်း...
'' မမ ပြန်တော့ မယ်နော် ''
မမ တဲ့..
တစ်ခါ မှ တစ်စိမ်း တစ်ယောက်ဆီက မကြားဖူးတဲ့ စကားတစ်ခွန်း...
မောင်လေး ဖြိုး ဆီက ပဲ ကြားနေကျ စကားတစ်ခွန်း..
ဒီနေ့ မထင်မှတ်ပဲ ကောင်လေး ဆီက ကြားလိုက်ရတယ်
မှတ်ထားခဲ့ခြင်း မဟုတ်ပေမယ့်
မှတ်မိ နေခဲ့တယ်...
သူရဲ့ အပြုံး ၊ အချိန်တော်တော်ကြာ အောင် မင်သက် စွာ ရပ်ကြည့် နေခဲ့တဲ့ သူ့ ရဲ့ အပြုံး...
အဲ့ဒိ အပြုံး ရဲ့ နောက်ကွယ် က အဓိပ္ပာယ် က.....
ဟုတ်တယ် သဘေားကျခြင်း...
သူ့ အပြုံး ရဲ့ အဓိပ္ပာယ် က သဘေားကျခြင်း....
သူ သဘေားကျနေခြင်း က ပြေားနေတဲ့ စကားတွေကိုလား
ဒါ မှ မဟုတ် ...........
အဲ့ဒိလို နဲ့ ရွှေရေး ဆိုတဲ့ ကျွန်မ နှလုံးသားကို မီးမြှိုက် မယ့် မီးခြစ်ဆံ တစ်ချောင်းဟာ မထင်မရှား ရေးသား
ထားတဲ့ မှင်ရည်လို မျိုး မထင်မရှား ၀ိုးတ၀ါး နဲ့ ကျွန်မ ဘဝ
ထဲ ၀င်ရောက်လာခဲ့တော့၏။
ကောင်လေး ကျွန်မ ဘ၀ ထဲ ၀င်ရောက်လာခြင်းကို မကြိုဆိုခဲ့ပေမယ့်
သူ့ကို ဘ၀ ထဲက ထုတ်ပစ်ဖို့ ခတ်ခဲ လိမ့်မယ်ဆိုတာကို မသိမိခဲ့ဘူး။
အမှား တစ်ခု ကို စတင် ကျူးလွန်မိခဲ့ခြင်းလေလား
ကျွန်မ မသိတော့ဘူး..
သေချာတာ တစ်ခုက အဲ့ဒိ အမှားကို ကျွန်မကိုယ်တိုင် လက်ခံ
မိခဲ့ချေပြီ။
........ ........ ........
YOU ARE READING
အကြမ်းဖက်ခံ ဘဝများ(lives of violence)
Non-Fictionရှေ့နေမလေး သစ္စာစစ်မှန် ဟာ အမျိုးသမီးများအကြမ်းဖက်မှု မှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ တရား လွှတ်တော် ရှေ့နေဖြစ်ပါတယ်။ တစ်နေ့မှာ မတရားသဖြင့် တရားစွဲဆို ခံထားရသော အမျိုးသမီးလေ...