ကျွန်မ နှလုံးသားကို ထုတ်ယူဖို့ ကြိုးစားနေတဲ့ ကောင်လေး.....
အနည်ထိုင်နေတဲ့ နှလုံးသားကို ဘလောင်ဆူအောင် လုပ်ပြီး
တော့မှ.....
တည်ငြိမ်နေတဲ့ ရေပြင်ကို ခဲနှင့် ပေါက်ပြီး ပြေးသည့်အလား..
ဒီရင်မှာတော့ လှိုင်းထန်ပြီး ကျန်ခဲ့ရုံ မှ အပ... မတတ်နိုင်ခဲ့..
ဝိုင်ခြံ ကိစ္စနဲ့ ဘွဲ့ ယူ ပြီးပြီးချင်း တောင်ကြီး ကို တတ်လာခဲ့တယ်။
ရုတ်တရတ်ဆိုတော့ ကောင်လေးကိုတောင် မပြေားဖြစ်
ခဲ့ဘူး။ ခုလောက်ဆိုရင်တော့ သိနေလောက်ရောပေါ့ ။
ရွှေရေး မရှိတာကို သိရင် မောင်လေး ကိုတော့ မေးမှာပဲလေ ။ အဲ့ဒိချိန် ကျရင် မောင်လေးက ပြေားပြလိမ့်မယ်။
ဒါ ဆိုသူသိပြီပေါ့။
ရွှေရေး တွက် အလုပ်ဆိုတာ အချိန်ကို ကုစားခြင်း တစ်မျိုးပါပဲ။
အမြဲတမ်းလိုလို တစ်ယောက်တည်း ဖြစ်နေတတ်တယ်။
ကြာတော့ တစ်ယောက်တည်းနေတတ်လာပြီး ပျော်နေတယ်
လို့ ထင်ခဲ့တာ။
အဲ့ဒိ အထင်ကို အလွဲကြီးလွဲစေ ခဲ့တာက ထိုက် တောင်ကြီးကို ရောက်လာတဲ့ချိန်။
အဲ့ဒိနေ့က မောင်လေးပြေားလို့ ထိုက် လာမယ်ဆိုတာ
ကို သိတယ်။
စာရွက်စာတမ်းတွေ ထိုက် နဲ့ ထည့်ပေးလိုက်မယ်လို့
ဖုန်းဆတ်ထားတယ်။
ပါ မ ပါ မသေချာဘူးဖြစ်နေတော့ ထိုက် ကို လှမ်းမေးရတာ
ပေါ့ ။
ရွှေရေး ထိုက် ကို ဖုန်းခေါ် လိုက်တယ်။
'' ထိုက် မင်း ဘယ်မှာလဲ ''
''လမ်း မှာ မမ, ဘာဖြစ်လို့လဲ ''
''ဪ အိမ်က ထည့်ပေးလိုက်တဲ့ စားရွက်စာတမ်း တွေ ပါ လားလို့ပါ။''
'' မပါ ဘူး မမ ၊ဖြိုး ဖုန်းဆတ်တဲ့ ချိန် ကျွန်တော်က လမ်းရောက်နေပြီ''
'' ဟုတ်လား ဒါ ဆို တခြားနဲ့ ထည့်ပေးမှာနဲ့ တူတယ်
ဟုတ်ပြီ.. ဟုတ်ပြီ... ဒါ ပဲနော် ''
ဆိုပြီး ဖုန်းချလိုက်တယ်။
စိတိထဲမှာတော့တစ်မျိုးပဲ သူနဲ့ စကားတွေ ထက်ပြေားချင်နေ
သေး သလို။
နောက်ပြီး သူ ရောက်ရင် ဖုန်းပြန်ဆတ်လိမ့်မယ်လို့ ထင်နေ
တယ်လေ။
ရွှေရေး အထင် မှန်ခဲ့ပါတယ်။ ညနေရောက်တော့ သူ့ ဆီက ဖုန်း ပြန်ခေါ်လာတယ်။
သူ ရွှေရေး ဆီ လာနေပြီ ဆိုတဲ့ အကြောင်း နဲ့ လိပ်စာကို တောင်းတယ်။
ကိုယ့်ဆီလာတဲ့ သူကို မလာနဲ့လို ပြေားမထွက်ပါဘူး။
ပြေားလဲမပြေားချင်ပါဘူး။
တစ်ယောက်တည်း ဖြစ်နေတဲ့ အတူတူ အဖော်ရတာပေါ့လို့
စဉ်းစားလိုက်တယ်။
ခြံထဲမှာ စပျစ်သီးတွေကို ခူးနေတုန်း သူရောက်လာ
တယ်။
ခြံထဲကို ကားနဲ့ ၀င်လာတော့ သူ့ ကားမှန်း တန်းသိ
တာပေါ့။
လက်ပြပြီး လှမ်းနှုတ်ဆတ်လိုက်တယ်။
သူက တော့ အူကြောင်ကြောင်နဲ့ ပြန်ကြည့်နေတာပေါ့။
မမှတ်မိသလို သူစိမ်း တစ်ရောက်လို ကြည့်နေတာလေ။
ဟုတ်မှာပေါ့ သူမမှတ်မိချင်လဲ မမှတ်မိစရာပဲ။
ရွှေရေး က ဆံပင် ညှပ်ထားတာလေ။တိုတိုလေးပဲ ရှိတော့တာ
အဲ့ဒါ ကြောင့် သူမမှတ်မိဘူး ထင်တယ်။
လက်ထဲက ကိုင်ထားတဲ့ ခြင်းနဲ့ ကပ်ကြေးတို့ကို ချပြီး
သူ့ ကားဆီ လျှောက်လာခဲ့လိုက်တယ်။
ကားနားရောက်မှ...
'' မမ... '' ဟု နှုတ်မှရွတ်နေသည်။
သူ အူကြောင်ကြောင် ဖြစ်နေတုန်း သူ့ ကိုယ်သူ မယုံနိုင်
ဖြစ်နေတုန်း အချိန်မို့ ဘာကို မှ ထက်မပြောချင်တော့။
ကားတံခါး ဖွင့်ပြီးတော့ သာဝင်ထိုင်လိုက်တော့တယ်။
အနားရောက်တော့ မှ အသေအချာကြည့်ပြီး ပြုံး တယ်း။
'' ဒါ မမ တို့ ခြံလား ''
'' အင်း... မ၀င်တော့ဘူးလား ''
''ဟင့်အင်း မ၀င်တော့ဘူး မမ ရှိနေပြီပဲ ဥစ္စ
ဘယ်သွား မလဲ ဟင် ''
'' ဘယ်မှ မသွားပါဘူး ။ ဒါ ပေမယ့် လာလည်တဲ့သူဆိုတော့ မုန့်လိုက်ကျွေးမယ်လေ''
သူက ခေါင်း ညိမ့် ပြတယ်။
'' ဒါ ဆို ခဏ နော်.. အ၀တ်အစား သွားလဲ လိုက်ဦးမယ်''
လို့ ပြေားပြီး ကားထဲမှ ဆင်းရန် ကားတံခါးကို ဖွင့်လိုက်
တော့ သူ ရွှေရေး လက်ကို လှမ်းဆွဲတယ်။
ရွှေရေး လှည့်ကြည့်တော့ သူက
'' မမ ကလည်း လှနေပြီးသား ကို ဘာလို့ လဲဦးမှာလဲ''
'' ဒီတိုင်းကြီး လိုက်ရမှာလား ''
'' ဒါ ပေါ့ ဒီလောက်ဆို ရပြီပေါ့..
မတွေရ့တဲ့ချိန် လှ လာ လိုက်တာ ကျွန်တော်တောင် မမှတ်မိဘူး.. ''
'' အပိုတွေ လျှောက် မပြေားနဲ့..စောင့်ရမှာဆိုးလို့မှတ်လား
မသိရင် ခတ်မယ်"
"မဟုတ်ပါ ဘူးတကယ်ပြေားတာပါ "
သူ့ ရဲ့ အပြေားအဆိုတွေက ယုံကြည်ရလောက်အောင်ကိုပဲ
မျက်နှာထားက မချို မချဉ်နဲ့ ။
ကားတံခါးကို ပြန်ပိတ်ပြီး ဆံပင်လေးကို သပ်လိုက် တယ်။
အိပ်ကပ်ထဲက နုတ်ခမ်းနီကို ထုတ်ပြီး ဆိုးတော့ သူက လှည့်
ကြည့်ပြီး မနိုင်ပါလားနော် ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြုံး တယ်။
နည်းနည်းတော့ ရှက်သလိုလို ပါ ပဲ။ဒါပေမယ့် ကိုယ့်ကိုကိုယ်
ယုံကြည်မှု ရှိအောင်တော့ လုပ်ရမယ် မလား။
တစ်ခါ မှ ဒီလို နှစ်ယောက်တည်း ရှိမနေဖူးတော့ လိုက်သာ လိုက် လာရတာ ကြောက်စိတ်နဲ့ တွေဝေနေတယ်။
တိတ်တစိတ် အတွေးတွေ နဲ့ နယ်လွန်နေတော့ သူဘယ်ခေါ်
လာမှန်းတောင်မသိဘူး။
ကားရပ်လိုက်တော့ မှ အပြင်ပတ်ဝန်းကျင်ကို ကြည့်မိတယ်။
ပန်းခြံပဲ ။ သူ ရွှေရေး ကို ပန်းခြံခေါ်လာတာပဲ။
တစ်ခါ မှ မရောက်ဖူးတဲ့ နေရာ။ ဒီလိုနေရာကို တစ်ခါ မှ အတူ
မလာဖူးတဲ့သူနဲ့ နှစ်ယောက်တည်း... ။
အမလေးလေး စဉ်းစားရင်းတောင် ကြောက်တယ်။
ကြောက်လဲ မရတော့ဘူး သူက အပြင်ရောက်လို့ ရွှေရေး ကို
တံခါး ဖွင့်ပေးပြီး ထွက်ခိုင်းနေပြီလေ။
အလိုက်သင့် နေပြီး လိုက်သွားခဲ့တယ်။
ရှက်တဲ့ စိတ်ကို ဘယ်လို ဖုံးဖိထားရမှန်းတောင် မသိဘူး။
မြင်တဲ့ သူတွေက အတွဲတွေလို့ ထင်တော့မှာ။
ထင်အောင်များ တမင်ရည်ရွယ်ပြီး လုပ်နေသလားပဲ။
မသိတော့ဘူး ဒီတိုင်း တိတ်တိတ်လေး သူနော့က်က
လိုက်သွားခဲ့တယ်။
တွေ့တဲ့သူတိုင်းက ကွက်ကြည့် ကွက်ကြည့် နဲ့ပေါ့။
ဒီလို နေရာကို ယောင်္ကျား လေး မိန်းကလေး နှစ်ယောက်တွဲ
လာတော့ အားလုံးက တမျိုးထင် ပြီပေါ့။
ပထမဆုံး သူ က ဂိမ်းသွားဆော့ တယ်။
အရုပ်ကောက်တယ်။
ဘောလုံးပစ် မြှားပစ် အစုံပဲ။
သူက ကစားခိုင်းပေမယ့် ဒီလိုမျိုး တစ်ခါ မှ မဆော့ ဖူး
တော့ မကစားတတ်ဘူး။
စိတ်ထဲမှာလဲ မပျော်နိုင်ပါဘူး။
ရှက် သလို ကြောက်သလို မရိုးမရွ ဖြစ်နေမိတယ်။
ပိုဆိုးတာ က အဲ့ဒိက ၀န်ထမ်းတွေက အတွဲလို့ ထင်ပြီး
ပြုံးစိစိ ကြည့်ကာ တိုးတိုး ပြေားနေကြတာပဲ။
ရှက်တာနဲ့ ဆတ်မကစား ခိုင်းတော့ပဲ သူ့ ကို ခေါ်လာ လိုက်
တယ်။
နှစ်ယောက်သား ပန်းခြံထဲကို လျောက်ကြည့်နေတုန်း
တစ်နေရာရောက်တော့ သူ ရုတ်တရတ် ရပ်လိုက်တယ်။
'' မမ အရုပ် လိုချင်လား ''
'' ဘာအရုပ်လဲ ''
'' ဟို မှာလေ '' ဆိုပြီး သေနတ်ပစ်ပြီး ယူ ရတဲ့ အရုပ် ကစားတဲ့ နေရာကို လက်ညိုးထိုးပြတယ်။
သနတ်ပစ်မယ်ဆို ကြာမှာလေ။ပြီးတော့ ၀န်ထမ်းတွေ ကလဲ တမျိုးထင်ပြီး စောင့်ကြည့်ကြဦးမှာ။
ဒါ ကြောင့်.... '' မလိုချင်ပါဘူး... ကလေးမှ မဟုတ်တာ ''
လို့ ပြန်ပြေားလိုက်တယ်။
သူ က ရွှေရေး မျက်နှာကို အနီးကပ် မြင်ရအောင် ခါး
အနည်းငယ် ကုန်းပြီး ကြည့် တယ်။
ပြီးတော့ ရယ်တယ်။
မျက်လုံးတွေ ကို ဆုံ အောင်ကြည့် ပြီးတော့မှ
'' ကလေး မဟုတ် ဘူးတဲ့လား... '' ကလေးတစ်ယောက်ကို
ချော့မြူ ပြေားနေသလို ပြေားနေတာ။
ရင်ထဲမှာ တလှပ်လှပ်ပဲ။
ဒီခံစားချက် ကို ဆတ်ပြီး သည်းမခံနိုင်တော့ဘူး။
သူ့ ရှေ့ကနေ လှည့်ထွက် ခဲ့တော့ လက်ကို လှမ်းဆွဲတယ်။
'' လာပါ.. မမ ရဲ့ ခဏလောက် ပစ်ရအောင်နော် ''
မျက်နှာငယ်လေးနဲ့ တောင်းဆို နေပြန်တယ်လေ။
မူယာ မာယာ များလိုက်တာ အရမ်းပဲ။
မတတ်နိုင်ပါဘူး ။ သူ့ ကို သူဖြစ်ချင်တာ ဖြစ်ခွင့် ရစေချင်တာ ၊ ပျော်စေချင် ။ သူ့ စိတ်ဆန္န အရမ်းပြင်းပြနေ
တော့ လည်း အလျော့ပေးလိုက်ရတော့တာပေါ့။
ဒါ ပေမယ့် နည်းနည်းတော့ မာ ပြရသေးတယ်လေ။
'' အင်းလေ... ပစ်ချင်လဲ ပစ်ပေါ့ ။ ထိအောင်တော့ ပစ်နော်
မထိ လို့ ကတော့... မင်းခေါင်းကွဲပြီသာမှတ်.. '' ဟု မစီမဆိုင် ကြိမ်းဝါး လိုက်သေးသည်။
လက်မှတ်ဝယ်ပြီး သေနတ်ပစ်ရတယ်။
ပစ်မှတ်ကို ခြောက်ချက် မှန်ရင် အရုပ် တစ်ရုပ်ရမှာ။
သူ က တော်တယ် ပဲ ပြေားရမလားပဲ။
စပစ် ကတည်းက လုံးဝ မလွဲဘူး။ သိလိုက်ရတာ တစ်ခုက သူ့ မှာ မိန်းကလေးတစ်ယောက် သဘေားကျတဲ့ အရည် အချင်း တွေရှိတယ်လေ။
ရွှေရေး ကလည်း မိန်းကလေး တစ်ယောက်ဆိုတော့
သဘေားကျခဲ့သည် ဆိုပါ တော့။
သူ သနတ်ပစ်ပြီးတော့ အရုပ် တစ်ရုပ်ရတယ်။
'' မမ ကြိုက်တဲ့ အရုပ်ယူလေ '' ဆိုပြီး ရွေးခိုင်းတယ်။
ဒါ တောင်နောက်ထက် ပစ်ချင်နေသေးတာ ။မနည်းချော့ ပြီး
ပြန်ခေါ်လာရတာ။
ပြီးတော့ ပန်းခြံကို တစ်ပတ်ပတ် တယ်။
တစ်ချက်တစ်ချက် လက်ကို ဆွဲပြီး ခေါ် သေးတယ်။
သူက လက်ကို လာကိုင်တိုင်း ကြောက်လန့်တကြား ရုန်းမိနေ
သေးတယ်။
မဖြစ်နိုင်ဘူး။ မဖြစ်ပါ ဘူးဆိုတဲ့ စိတ်က နှလုံးသားကို လုံးဝ အလွတ်မပေးဘူး။
ကြိုးတံတား ပေါ် ရောက်တဲ့ချိန် နေတောင် ၀င်နေပြီ။
နေ၀င်ချိန် နှင့် မြို့ ကို အပေါ် စီးကနေ ကြည့်ရတဲ့ မြင်ကွင်း
က ဘယ်လောက်တောင် ရင်ခုန်စရာ ကောင်းလိုက်လဲ။
အရမ်းလဲ လှတာပဲ။ ပြီးတော့ သူ အနားမှာ ရှိ နေတော့ ဘယ်လိုခံစားချက် ဖြစ်မိမှန်းတောင် မသိပါ ဘူး။
သူက ဓာတ်ပုံရိုက်ပေးမယ်လို့ ပြေားတယ်။
ရွှေရေး ဓာတ်ပုံရိုက် ရတာ ကို ကြိုက်တာ သူသိနေတယ်လေ။
ဒါ ပေမယ့် လက်မခံခဲ့ပါ ဘူး။ အသေအချာ လှလှပပ မပြင်ဆင် ခဲ့ရလိုယုံကြည် မှု မရှိဘူးလို့ ပြန်ပြေားခဲ့တယ်။
အဲ့လိုပြေားတိုင်း သူ က ရွှေရေး ကို ကြည့်ပြီး '' ဘယ်လောက်တောင် လှချင်နေတာလဲ မမ ရယ် ၊ ဒီလောက် လှရင် တောပြီပေါ့ '' လို့ ပြေားတတ်သေးတယ်။
ကျေနပ်တာပေါ့။ လှချင်တဲ့သူကို လှတယ်လို့ ပြေားတာ
သဘေားကျတာပေါ့။
နေ၀င်ချိန်နဲ့ အတူ ဓာတ်ပုံလေးတွေ ရိုက်ပေးခဲ့တယ်။
မရိုက်ဖိုပြေားပေမယ့် မရဘူးလေ။
ညနေလဲစောင်းနေပြီ။ မှောင်လဲ မှောင်လာပြီ ဆိုတော့ ပြန်ဖို့ ပြေားခဲ့တယ်။
သူ က ပြန်လိုက်မပို့ သေးပါ ဘူး။
ကားပေါ် ရောက်တော့ '' မမ ရုပ်ရှင် သွားကြည့် ရအောင် ''
ချစ်သူ ရည်းစားတွေ လုပ်တဲ့ အလုပ်တွေကို ဘာဖြစ်လို့ လိုက်
လုပ်နေမှန်း မသိဘူး။
ရွှေရေး ကတော့ မကြည့် ချင်ဘူး။
နှစ်ယောက်တည်းလေ ။ပြီးတော့ ည အချိန်ကြီး ။
သူ့ ကို မယုံတာမျိုး မဟုတ်ပေမယ့် မိန်းကလေးဆိုတော့
ကြောက်တော့ကြောက်တယ်။
လိမ္မာ ပါးနပ်စွာ ပဲ ငြင်းလိုက်ပါတယ်။
'' မမ.. က ရုပ်ရှင် ကြည့်ရတာ သဘေားမကျဘူး။''
အဲ့လို ပြေားတော့ သူ့ မျက်နှာ မကောင်းဖြစ်သွားတယ်လေ။
အဲ့လို ဆိုတော့လဲ စိတ်မကောင်း ပြန်ပါဘူးလေ။
ရွှေရေး က လူတိုင်းကို ပျော်စေချင်တာ။ ကိုယ့်ကြောင့် စိတ်မကောင်း မဖြစ်စေချင်ဘူးလေ။
ဒါ ကြောင့် လိုက်လျော ရပြန်တာပေါ့။
'' မင်း ကကြည့်ချင်တာလား..
ကြည့်ချင် ရင် ကြည့်လေ... ''
သူ ပျော်သွားတဲ့ မျက်နှာကို မြင်ရတာ ကျေနပ်လိုက်
တာ အရမ်းပဲ။
ပြီးတော့ သူပေးတဲ့ အရုပ် ကလေးကို ပိုက်ထားပြီး ဆော့နေမိ
တယ်။ အရုပ်ကလေးကိုလဲ တရှုံရှူံ့ နမ်းနေတာတွေ့ တော့
'' အရုပ် မလိုချင်ဘူးဆို ...ကလေးမှ မဟုတ်တာဆို
ခု ကျတော့ ကလေးထက်ဆိုးနေပါလား.... ''
တဲ့။
ရုပ်ရှင်လက်မှတ်သွားဖြတ်တော့ ရုပ်ရှင်က ခုနစ်နာရီ ခွဲမှ
တဲ့ ။ ဒီတော့ တစ်ခုခုစားရင်း စောင့်ခဲ့ကြတယ်။
နှစ်ယောက်တည်း ဆိုတဲ့ ခံစားချက်က ရင်ထဲ တမျိုးပဲ။
ဘယ်လိုကြီးဖြစ်နေမှန်းတောင်မသိဘူး။
ပိုဆိုးတာက သူ ကရှေ့တည့်တည့် မှာ မျက်နှာချင်းဆိုင် ထိုင်တော့ ဘယ်လိုတွေတောင်စားရမှန်းမသိဘူး။
စားစရာတွေကို ကိုယ်တိုင်ပြင်ပေးတယ်။ ဖျော်ရည်ဘူးကို အသေအချာ ဖောက်ပေးတယ်။ တစ်ရှုးလေးတွေကို ခေါက်ပြီး
အသေအချာချပေးတယ်။
သူ့ ရဲ့ အပြုအမှုတွေက ရင်ကို လှုပ်ခတ်စေတယ်။
နှလုံးသားကို ရင်ခုန်နှုန်း မြန်လာစေတယ်။
တစ်ချက်တစ်ချက် ဆိုရင် အနှောင့် အသွား မလွတ်တဲ့ စကားတွေလည်း ပြေားတတ်သေးတယ်။
ဥပမာ ရွှေရေး က ပညာရေးကော်လိပ် တတ်မယ်
ပြေားရင် " ဒါ ဆို ကျွန်တော်လည်း ပညာရေးကောလိပ် တတ်တော့ မယ် '' အဲ့လိုမျိုးတွေ မထိတထိ ပြေားတတ်တယ်
ဘာကို ဆိုလိုတယ် ဆိုတာ သိပါ တယ်။ ဒါ ပေမဲ့ လည်း မသိ
ချင်ယောင်ဆောင်ရတာပေါ့။
ရှုပ်ရှင် ကြည့်တော့လဲ သူ ခိုးခိုးကြည့်တယ်။ ရွှေရေး နဲ့
အသားချင်း လိုက်ထိတယ်။ သိတာပေါ့ ။ အရမ်းလဲ သိသာနေတယ်လေ။
မျက်လုံးအားနည်းတော့ အရမ်းအကြာကြီး ကြည့်လို့ မရဘူး။ ဒါ ကြောင့် ခဏ ဖွင့်ကြည့်လိုက် ပြန်မှိတ်လိုက် လုပ်
နေရတာ။
အဲ့ဒီတော့ သူလည်း စိတ်မချမ်းသာဘူး ထင်တယ်။
'' မမ ပြန်မလား " လို့ မေးရှာတယ်။
ရုပ်ရှင်ပြီးအောင် မကြည့် ဖြစ်ခဲ့ပါဘူး။
ပြန်လာခဲ့တယ်။
သူက ရွှေရေး ကို ပြန်မပို့ ချင်သေးဘူး။
ခေါ် ထားချင်သေးတာ။
မိုးလည်းချုပ်နေတော့ ခြံထဲမှာ အတူနေတဲ့ အစ်မ ကလည်း
ဖုန်းဆတ်နေပြီ။
ပြန်မှ ဖြစ်မယ့်အကြောင်း ပြေားပြရတာပေါ့။
သူက နားလည်ပါတယ်။
ပြန်ပို့ ပေးခဲ့တယ်။
အိမ်ပြန်ရောက်တာတောင် သူဖုန်းဆတ်လာသေးတယ်။
စကားတွေ လည်း တော်တော် ကြာ အောင်ပြေားဖြစ်ခဲ့တယ်။
ဖုန်းချလိုက်သည့်တိုင်အောင် စာ ပို့ နေတုန်းပဲ။
ဖုန်းချမှာ ဆိုးလို့ ခြိမ်းခြောက်သေးတယ်။
'' မမ ဖုန်းချလိုက်ရင် မနတ်ဖြန် ပြန်တော့မယ်တဲ့ ''
ရွှေရေး အလုပ်ကိစ္စတွေ ပြီးမှ အတူပြန်ဖို့ ပြေားထားတာ။
အဲ့ဒါ က သူ့ တွက် အခွင့်ကောင်းဖြစ်သွားတယ် နဲ့ တူတယ်။
တစ်ခါ မှ ဖုန်းအကြာကြီးမပြေားဖူးဘူး။
ဖုန်းဆတ်ရတာကိုလည်း သဘေားမကျဘူး။
ဒါ ပေမယ့် ကောင်လေး နဲ့ တွေ့မှ ဒီအရာတွေကို နှစ်သက်
လာခဲ့တယ်။ သူ့ အပြေားတွေမှာ သာယာ လာခဲ့တယ်။
ဒါ ဟာ ကျွန်မ နှလုံးသားကို တံခါးခေါက်ခြင်းပေါ့ ။
အစပိုင်းတော့ ပျားရည်တွေ လိုပဲ....
နောက်တော့ သံရည်ပူ အလား.... ...
ကျွန်မ နှလုံးသား မှာ အချစ်ဆိုတဲ့ အရာ ဟာ တစ်ဟုန်ထိုး
လောင်မြိုက်လာတော့သည်။
YOU ARE READING
အကြမ်းဖက်ခံ ဘဝများ(lives of violence)
Saggisticaရှေ့နေမလေး သစ္စာစစ်မှန် ဟာ အမျိုးသမီးများအကြမ်းဖက်မှု မှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ တရား လွှတ်တော် ရှေ့နေဖြစ်ပါတယ်။ တစ်နေ့မှာ မတရားသဖြင့် တရားစွဲဆို ခံထားရသော အမျိုးသမီးလေ...