တတိယအကြိမ် ရုံးချိန်း စတင်ခဲ့ပါပြီ။
ဒီ ရုံးချိန်မှာ မေစိုး တို့ ဘက်က အပြစ်မရှိကြောင်းကို အကြေ
အလည် ယှဉ်ပြိုင်ပြေားဆိုရမှာ။
ရုံးတော် ထဲမှာတော့ စစ်မှန် က မေစိုး ကို စစ်ဆေး မေးမြန်းနေ၏။
'' အဲ့ ဒိ နေ့က တကယ်ပဲ ပိုက်ဆံ ယူခဲ့တာလား''
'' ဟုတ်ပါတယ်။
ဒါပေမယ့် ချက်ချင်း ပြန်သွားပေးခဲ့ပါတယ်။''
'' သေသေချာချာ ပြေားပြပေးပါ''
'' အဲ့ ဒိည က ကျွန်မ သူတို့ပေးတဲ့ ပိုက်ဆံကို ယူပြီး ပြန်လာခဲ့ပါတယ်။
ဒါပေမယ့် ကျွန်မ အပြစ်တစ်ခု လုပ်ထားသလို ခံစားနေရ
တယ်။
ဒါကြောင့် ကျွန်မ သူငယ်ချင်းတွေကို ဝန်ခံပြေားပြခဲ့
တယ်။
သူတို့က ကျွန်မ ကို စိတ်ဆိုးပြီး အပြစ်တင်တယ်။
ပြီးတော့ ပြန်သွားပေးခိုင်းတယ်။
ဒါကြောင့် ညတွင်းချင်း ပြန်သွားပေးခဲ့တယ်''
''ဘာလို့ ပြန်ပေးခဲ့တာလဲ။ ယူထားရင် ရတာပဲ
မင်း ပိုက်ဆံ လိုနေတာဆို''
'' ဒါကြောင့် လည်း ကျွန်မ စိတ်ကို အလိုလိုက်ခဲ့မိတယ်။
ကျွန်မ အသိစိတ် ဝင်လာတဲ့ အခါ မှားနေမှန်း သိ
လိုက်ရတယ်။
ကျွန်မ ပိုက်ဆံကိုယူ ထားရင် ကျွန်မ သူငယ်ချင်း
တွေရဲ့ ဘဝ ကို ဖျတ်ဆီး ရာ ရောက်တော့မယ်။
ကျွန်မ အဆင်ပြေဖို့ တစ်ခုတည်း အတွက်နဲ့ ကျွန်မ
ချစ်ရတဲ့ သူငယ်ချင်း တွေရဲ့ ဘဝကို မဖျတ်ဆီးချင်ဘူး''
ပြေားလက်စ စကားတို့ ပြတ်သွားပြီး ရှိုက်ကြီးတငင်
ငိုနေ၏။
ထိမ်းမရနိုင်အောင် ပြိုဆင်းနေသော မျက်ရည်စ တို့
ကို အကြိမ်ကြိမ် ဖယ်ရှားသုတ်သင်ပြီး တည်ငြိမ်အောင် ကြိုးစားနေလေ၏။
'' အဲ့ဒိ ပိုက်ဆံ ဘယ်သူ့ကို ပေးခဲ့တာလဲ''''ကျွန်မ ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲတာကြောင့် ဦးဝဏ္ဏ ရုံး
ခန်း စာပွဲ ပေါ်မှာတင်ထားခဲ့ပါတယ်''
'' ပိုက်ဆံ လာပြန်ပေးတာကို ဘယ်သူတွေ မြင်သေးလဲ။ သက်သေ ရှိလား''
'' မသိဘူး ကျွန်မ စိတ်ထဲမှာ ဒီပိုက်ဆံတွေကို ပြန်ထားချင်
တာပဲသိတယ်။
ဒါကြောင့် ဘာကိုမှ ဂရုမစိုက် နိုင်ပဲ ခပ်မြန်မြန် သွားခဲ့တာ''
'' အဲ့ဒိ ပိုက်ဆံ ကို ဘယ်လို ပုံစံနဲ့ ပေးခဲ့တာလဲ''
'' အသားရောင် စာအိပ် လေးနဲ့ပါ။''
'' ဒီစာအိပ် လား''
အသားရောင် စာအိပ်လေး တစ်အိပ် ကို ကိုင်ပြီး မေးလိုက် သည်။
'' ဟုတ်ပါတယ်''
ထိုအခါ တရားလို ရှေ့နေ က ကန့်ကွက် သည်။
'' ကန့်ကွက်ပါတယ်။
တရားခံ ရှေ့နေဟာ သက်သေအတု တွေကို ဖန်တီးပြီး အမှုအပေါ် မရိုးမသား လုပ်ဆောင်နေပါတယ်။''
'' ဘာ . . . ဖန်တီးတယ် ဟုတ်လား။
ဒီမှာ ဘာအကြောင်း နဲ့မှ သက်သေ ကို ဖန်တီး စရာ အကြောင်းမရှိဘူး။
ဒါ အမှန် တွေပဲ။
ရှင့် အမှုသည်ကိုလည်း သေချာ မေးကြည့်လိုက်ပါဦး။''
စစ်မှန် ဒေါသ တကြီး တုန့်ပြန်လိုက်သည်။
'' တရားသူကြီးမင်းရှင့် ဒိထက်ခိုင်လုံတဲ့ သက်သေ ရှိပါ
သေးတယ်။ ''
ပြေားရင်းဗီဒီယို ဖိုင်တစ်ခု ကို ဖွင့်ပြလိုက်သည်။
'' ဒီ ဗီဒီယို မှတ်တမ်း ထဲမှာ မေစိုးမွန် လာပေးတဲ့ စာအိပ် ကို အမှိုက်ပုံးထဲ ထည့် နေတာ တွေ့ရမှာပါ။
ပြီးတော့ ဒီ စာအိပ်ကို ရဲတပ်ဖွဲ့ က ဦးဝဏ္ဏ ရုံးခန်း အပြင်ဘက်က အမှိုက်ပုံး ထဲမှာ တွေ့ရှိခဲ့တာပါ။
ဒါကြောင့် ဒီသက်သေ တွေဟာ အမှန်တွေ ဖြစ်ပြီး
ဖန်တီးထားတာ မဟုတ်ကြောင်း တင်ပြလိုပါတယ်။
နောက်ထပ် တစ်ခုက တရားလို ရှေ့နေက
ကျွန်မ အမှုသည် ဟာ လွန်ခဲ့တဲ့ ကာလ တစ်ခုမှာ မိန်းကလေး တစ်ယောက် ရဲ့ ဘဝကို ဖျတ်ဆီး ခဲ့တယ်လို့
စွပ်စွဲ ပြေားဆိုထားပါတယ်။
တကယ်တော့ အဲ့ဒိ မိန်းကလေး ဟာ ကျွန်မ အမှုသည် ကို သူမ ရဲ့ ချစ်သူဆီ လိုက်ပို့ခိုင်းခဲ့တာပါ။
ကျွန်မ အမှုသည် က ခေါ်သွားခဲ့ တာ မဟုတ်သလို
ပြည့်တန်ဆာ လုပ်စားတယ် ဆိုတဲ့ စွပ်စွဲ ပြေားဆို နေမှု ဟာ
အဓိပ္ပာယ် မရှိတဲ့ လျှောက်တင် ချက် တွေသာ ဖြစ်ပါတယ်။
တကယ်လို့ အမှား ကျူးလွန် ခဲ့မိတယ် ဆိုရင်တောင်
ဒါဟာ လောက နိယာမ တစ်ခုပါ။
လူ သား တွေ ဖြစ်တဲ့ တွက် အမှား မကင်းသလို
အမှားတွေကို ပြင်ဆင်နိုင်တဲ့ အခွင့်အရေး တွေလည်းရှိပါ
တယ်။
တစ်ချိန်က အမှားကျူးလွန် ခဲ့လို တစ်သက်လုံး အမှား
တွေပဲ ကျူးလွန် မယ် ဆိုတဲ့ အယူအဆ တွေက သိပ်ကို
ရက်စက်လွန်းပါတယ်။
ဒိကိစ္စမှာ ကျွန်မ အမှုသည်ဟာ နစ်နာသူတွေသာ ဖြစ်ပါတယ် ။
ဦးဝဏ္ဏ တို့ရဲ့ ကြိုတင်စီစဉ်ထားတဲ့ လှည့်ကွက်
ထဲမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံလိုက်ရသူတွေ သာ
ဖြစ်ပါတယ်။
ပြဿနာ တွေ ဖြစ်လာတဲ့ အခါ ငွေပေးပြီး ကြေအေး
စေဖို့ လုပ် ပေမယ့် မအောင်မြင်ခဲ့ဘူး ။
ဒါကြောင့် သူတို့ ကို အမှု မပတ်အောင် တွေ့သ
မျှ ပုဒ်မ တပ် အမှုဖွင့်ပြီး ထောင်ထဲထည့်ဖို့ ကြံစည် တယ်။
ဒါပါပဲ
တရားသူကြီးမင်း အနေနဲ့ တရားမျှတစွာ ဆင်ခြင်သုံးသပ်နိုင်ဖို့ တင်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
ကျးဇူးတင်ပါတယ်။''
ဦးဉာဏ်လင်းအောင်း နှင့် တရားလို များဟာ စစ်မှန်
အား စားမလို ဝါးမလို မျတ်လုံးများနှင့် ကြည့်နေကြသည်။
စစ်မှန် တစ်ချက်လှည့်ကြည့်ပြီး မဲ့ပြုံးလေး နှင့် တုံ့ပြန်
လိုက်သည်။
အမှုသည် တစ်လှည့်ဆီ အသာရလျက်ရှိ၏။
ကြားနာသူ အားလုံးသည်လည်း ရုပ်ရှင်တစ်ကား ကြည့်ရ သလို ဇာတ်ရှိန် အတတ်အကျ မှာ လိုက်ပါစီးမျေားနေ၏။
ဦးဝဏ္ဏ သည် ဤ အခြေအနေမှာတင် ရပ်နေမည်မဟုတ်။
သူ့ အမှု သည် နှင့် သူ့ ဂုဏ်သိက္ခာ အတွက် ဆတ်လက် တိုက်ပွဲ ဝင် သွားမည်သာ။
သက်သေ တွေလည်း ကုန်သလောက် ဖြစ်လု နီးပြီ။
ဒါပေမယ့် အမှုက တော့ မပြီးသေး။
ဦးဝဏ္ဏ ရဲ့ သက်ဆိုင် မှုမရှိတဲ့ သက်သေ တွေနှင့်
မရမက ဆတ်လက် တိုက်ခိုက်ရပေဦးမည်။
ဦးဝဏ္ဏ တင်သွင်းသည့် သက်သေမှာ အခြားသူ မဟုတ်
ဦးဝဏ္ဏ ရဲ့ ဇနီး ဒေါ်မေရီအောင် ပင် ဖြစ်သည်။
တရားရုံး စာရေး က ဒေါ်မေရီအောင် အား နေရာယူ
ခိုင်းလိုက်သည်။
ဒေါ်မေရီအောင် နေရာယူပြီးသည်နှင့် ဦးဝဏ္ဏ စတင် မေးမြန်းခဲ့သည်။
'' ဒေါ်မေရီ နှင့် ဦးဝဏ္ဏ တို့ လက်ထပ် ခဲ့ တာ ဘယ်လောက်ကြာ ပြီလဲ''
'' နှစ် နှစ်ဆယ် ရှိပါပြီ''
'' ဒေါ်မေရီ တို့ ပေါင်းလားတဲ့ သက်တမ်း တစ်လျှောက်မှာ ဦးဝဏ္ဏ အနေနဲ့ ဖောက်လွဲ ဖောက်ပြန် လုပ်တာ ရှိခဲ့ါ်ဖူးလား''
'' မရှိခဲ့ပါဘူး''
''ဒေါ်မေရီ အပေါ်ကော် နှိပ်စက်ညှင်းပန်း တာမျိုးရှိလား။''
''မရှိပါဘူး ''
''နောက်ကွယ် မှာ ကောင်းမလေး တွေနဲ့ ရှုပ် တဲ့ သတင်း
တစ်စုံတစ်ရာ ကြားဖူးလား''
'' မကြားဖူးပါဘူး ။
ဒါပေမယ့် တစ်ခု ပြေားပါရစေ ဒီနေလို ခေတ်ကြီးထဲမှာ ငွေရှိပြီး အလုပ်ကြီး အကိုင်ကြီး လုပ်နေတဲ့ သူ တွေဆိုရင် မိန်းမ တွေက နမ့်နမ့် တတ် လို ချင်နေကြတာ
ယောက်ကျားလေးဘက်က ငြိမ်နေရင်တောင် မိန်းမတွေက
အတင်းလိုက်ကပ်ပြီး မြူဆွယ် ဖြားယောင်း နေတာလေ။
မိန်းမတွေ ဘေးနာမှာရှိနေလို့ ရှုပ်ပွေတဲ့ လူလို့
သက်မှတ်ရင်တော့ တလေားကလုံးက သူဋ္ဌေးတွေ လူယုတ်မာတွေ ဖြစ်နေပြီပေါ့။
ကျွန်မ ယောက်ကျား က အလုပ်သဘေား အရသော်လည်း
ကောင်း ၊ ငွေမတ်ပြီး လိုက်ကပ်နေတဲ့ ကလပ်တတ်တတ်
မိန်းမတွေ ကြောင့် သော်လည်းကောင်း လူအများက အထင်လွဲတာလည်း ခံရနိုင်တယ်လေ။
ဒါဟာ ကျွန်မ ယောက်ကျား အမှားမဟုတ် သလို
ဖောက်ပြန်တယ်လို့လဲ ပြေားလို့မရပါဘူး။''
'' တရားသူကြီးမင်း ခင်ဗျာ ဦးဝဏ္ဏရဲ့
အကျင့်စရိုက် တွေ ကို အနှစ် နှစ်ဆယ်ကြာ ပေါင်းသင်းခဲ့
တဲ့ သူ့ မိန်းမလောက် မည်သူမှ အသေအချာ သိလိမ့်မည်
မဟုတ်ပါ။
ယခု ထွက်ဆိုချက်တွေမှာလည်း ထင်သာမြင်သာ ရှိခဲ
ပြီလို့ ယုံကြည်ပါတယ်။
ဦးဝဏ္ဏဟာ ယခင်အချိန်တွေ မှာလည်း ဖောက်လွဲ
ဖောက်ပြန်လုပ်ခဲ့ခြင်း မရှိသလို နံမည်ပျတ်လည်း မရှိဖူးပါဘူး
ဒါကြောင့် ဒီကိစ္စ မှာလည်း ကြိုတင် ကြံစည် ပြီး လိင်
ပိုင်းဆိုင်ရာ အကြမ်းဖတ်မှု လုပ်ခဲ့တယ်ဆိုတဲ့ အချက်ဟာ ရုတ္တိမရှိပါဘူး။
ကျေးဇူးတင်ပါတယ်''
ဦးဉာဏ်လင်းအောင် စစ်မေးပြီးချိန်မှာတော့ ကြားနာ
မူကို ရပ်ဆိုင်းခဲ့ပြီး နောက်တစ်ပတ်မှ ပြန်လည် စတင်မှာဖြစ်
သည်။
စစ်မှန် အတူပြန်မလိုက်သွားပဲ မေစိုး တို့ သုံးယောက်
ကို အရင် ပြန်ခိုင်းလိုက်သည်။
စစ်မှန် တစ်နေရာကို သွားဖို့ စီစဉ်ထား ခဲ့၍ဖြစ်သည်။။
မေစိုး တို့ ထွက်သွားသည်နှင့် စစ်မှန် လည်း
သူသွားမည့် နေရာကို ထွက်လာခဲ့သည်။
တခြား မဟုတ် စိတ္တစ ဆေးရုံပင် ဖြစ်သည်။
ဆေးရုံသို့ ရောက် ၍ လူနာ ဆောင်ဘက်ကို လျှောက် လာ ခဲ့ သည်။
မထင်မှတ်ပဲ ရဲမေလေး နဲ့ တွေ့ရပြန်သည်။
'' မမ ဘယ်လိုလုပ်ပြီး ဒိကို ရောက်နေတာလဲ
အသိ ရှိလို့လား''
ရဲမေလေး မေ က နှုတ်ဆတ်လိုက်သည်။
'' အဲ့ဒိထက် ပိုပါတယ် ''
အံ့သြပြီး စစ်မှန် ရဲ့ မျက်လုံး တွေကို လှမ်းကြည့် လိုက်သည်။
မေ တစ်ယောက် စစ်မှန် ရဲ့ မျက်လုံးများက ပြေားလာတဲ့ စကားတွေကို နားလည်လိုက်သည်။
သူမ အား တစ်စုံ တစ်ခုကို ပြေားပြချင်နေပုံရသည်။
စစ်မှန် လူနာဆောင် ဘက်ကို ဆတ်လျှောက်လာခဲ့သည်။
မေ လည်း နောက်က လိုက်သွားခဲ့၏။
စစ်မှန် အခန်း တစ်ခုထဲ သို့  ဝင်သွားခဲ့သည်။
အခန်းထဲ ရောက်တော့ အခန်းထောင့် တစ်နေရာမှာ
တစ်စုံတစ်ရာကို ကြောက်ရွံ့ထိတ်လန့် နေဟန် နှင့် ဒူးခေါင်း
နှစ်လုံး ပေါ်ခေါင်းငိုက်ဆိုက်ကာ ထိုင်နေတဲ့ အမျိုးသမီး တစ်ယောက် ကို တွေ့လိုက်ရသည်။
သူမ ၏ ပုံစံ မှာ စိတ်ကျ ဝေဒနာ ခံစားနေရပြီး စိတ်ကစဥ့်ကလျား ဖြစ်နေသော လူနာ တစ်ယောက်နှင့်တူ
သည်။
မေ အံသြ သည်ထက် မေးခွန်းပေါင်းများစွာ က မေ့
ခေါင်းထဲမှာ ရှုပ်ထွေးသွား၏။
သူမ က ရှေ့နေမလေး စစ်မှန် နဲ့ ဘယ်လို ပတ်သက်
နေတာလဲ။
သူမသိလိုက်တဲ့ အရင်ချိနိတွေမှာ ဘာတွေ ဖြစ်ခဲ့တာလဲ။
သူမ စဉ်းစားလို့ မရတော့ ။
မှင်သက်စွာ နှင့်ပင် စစ်မှန် ရဲ့ လှုပ်ရှားမှု များကို ငေးကြည့်နေ
လေ၏။
စစ်မှန် ထို အမျိုးသမီး ရှေ့၌ ထိုင်လိုက်သည်။
ထို အမျိုးသမီးမှာ သူမ အားကြောက်ရွံ့ ၍ လက်ဖြင့်ကာ
လိုက်ပြီး ကျုံ့ကျုံ့လေးဖြစ်အောင် နေလိုက်၏။
စစ်မှန် သူမအား သနားဂရုနာသက်စွာ ကြည့်လိုက်
သည်။
ပြီးနောက် သူမ ရဲ့ ဆံနွယ် လေးတွေကို ပွပ်သပ် ပေးရင်း ဘယ်သူ့ကိုမှ မပြေားခဲ့တဲ့ စကားတစ်ချို့ ပွင့်အံ့
ကျလာသည်။
'' အစ်မ လေ။
သိပ်ကို လေးစားအားကျ ခဲ့ရတဲ့ တစ်ဦးတည်းသော
အစ်မ ပါ။''
ပြေားရင်း နဲ့ စိတ်ထဲ ဘယ်လောက်တောင် နာကျင်ခံစားလိုက်ရတယ် မသိ။
ကြေကွဲ ဆို့နှင့် ခြင်းများစွာဖြင့် ငို နေလေတော့၏။
'' ဘယ်လို ဖြစ်ခဲ့တာလဲ ''
မေ မပွင့် တစ်ပွင့် တုန်တုန်ရင်ရင် မေးလိုက်သည်။
YOU ARE READING
အကြမ်းဖက်ခံ ဘဝများ(lives of violence)
Non-Fictionရှေ့နေမလေး သစ္စာစစ်မှန် ဟာ အမျိုးသမီးများအကြမ်းဖက်မှု မှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ တရား လွှတ်တော် ရှေ့နေဖြစ်ပါတယ်။ တစ်နေ့မှာ မတရားသဖြင့် တရားစွဲဆို ခံထားရသော အမျိုးသမီးလေ...