ချစ်တယ် ဆိုတာကို အချိန်တိုင်း သွယ်ဝိုက်ပြီး သော်လည် ကောင်း ၊တိုက်ရိုက်သော် လည်းကောင်း ပြေားနေခဲ့တဲ့သူ...
လက်ထပ်ချင်တဲ့ အကြောင်းတွေကို စကားလုံးလှလှလေးတွေ သုံးပြီး ပြေားနေခဲ့တဲ့သူ...
သူ က အဲ့လိုပြေားလာတိုင်း သတ္တိမရှိတဲ့ ကျွန်မက အချိန်တိုင်း ငြင်းနေခဲ့တယ်။
သူ့ ရဲ့ အရိပ်ဆိုးတွေကို ကြောက်နေတာဖြစ်မယ်။
ပတ်ဝန်းကျင်က လေးလေးစားစားနဲ့ အထင်ကြီး ခံရတဲ့ သူ
ဖြစ်တာမို့ ဘာမဟုတ်တဲ့ ကလေးတစ်ယောက်ကြောင့် ကိုယ့်
ကို ပတ်ဝန်းကျင်က အပြစ်ပြေားမှာကို ကြောက်တယ်။
ကိုယ့် ပုံရိပ်ထိခိုက်လာမှာကို ကြောက်တယ်။
ဒါ ကြောင့် သူ့ ရဲ့ ခံစားချက် တွေကို ပြေားလာတိုင်း
"မင်း စိတ်ကစားနေတာ နေမှာ ပါ " လို့ ပြေားပြီး ငြင်းခဲ့တယ်။
သူ အကြိမ်ကြိမ် ပြေားတယ် ကျွန်မ လည်း အကြိမ်ကြိမ် ငြင်းခဲ့တယ်။
သူ့ ရင်ထဲက စကားတွေကို... ရွှေရေး သိအောင် "မမ ကျွန်တော် တစ်ယောက်ယောက် ကို ချစ်မိနေပြီ.... သူ က ကျွန်တော့ ကို ပြန်မချစ်နိုင်ဘူး တဲ့။ ဘယ်လိုမှလည်း မေ့လို့
မရဘူး။ ဘယ်လိုလုပ်ရမလဲ မမ " လို့ သွယ်ဝှိုက်ပြီး ပြေား တဲ့ခါ မသိချင်ယောင်ဆောင်ပြီး...
"မင်း စိတ်ကစားနေတာ ဖြစ်မှာပါ ။နောက်တော့ လည်း မေ့သွား မှာပေါ့ " လို့ နှစ်သိမ့် သလိုနဲ့ ငြင်း ခဲ့ တယ် ။
"မင်း အရင် တုန်းကလဲ တစ်ယောက်ပြီး တစ်ယောက် တွဲခဲ့တာပဲ မဟုတ်လား။ ကြာတော့ မင်းမေ့ သွားတယ် လေ ။ မင်း စိတ် က မတည်ငြိမ်သေးလို့ တစ်ယောက်ပြီး တစ်ယောက် တွဲလို့ ရတာပေါ့ " လို့ ပြေားတဲ့ ခါ
"အဲ့ ဒါ တွေ ကြောင့် ကျွန်တော် နောင်တ ရနေ တာ ။ ခု အဲ့ တာတွေက ကျွန်တော် တကယ်ချစ်တဲ့ သူ နဲ့ ဝေးစေတာပဲ။
ခု ကျွန်တော် လိုချင်တာ တစ်ခုတည်းပါ မမ ရယ်။ ဒါ ပေမယ့် ကျွန့်တော် လုပ်ခဲ့တဲ့ အပြစ်တွေကြောင့် သူ က ကျွန်တော့ ကို လက်မခံ ဘူး " လို့ ပြေားခဲ့တယ်။
သူ အဲ့လိုပြေားတိုင်းလည်း ကိုယ်တိုင် နာကျင်ခဲ့ရပါတယ်။
တခါတလေဆို အတင်းအကြပ် ချောင်ပိတ်ပြီး ပြေားသေး တယ်။
" မမ ကျွန်တော် ချစ်နေတဲ့ သူ ၊ ကျွန်တော် လက်ထပ်ချင် တဲ့ သူက ဘယ်သူလဲ သိလား... "
"မသိဘူး.. "
"မမ လေ " အဲ့ဒိလို ပြေားလာပြီဆို ရင်တွေ အရမ်းခုန်တာပဲ
သိလား။
ဒါ ပေမယ့် လက်ခံလို့ မဖြစ်ဘူးလေ..
" တော်စမ်း စ စရာ နောက်စရာ မဟုတ်ဘူး...
မင်း နဲ့ ရွယ်တူ များထင်နေလား... " လို့ ခပ်မာမာလေး ပြေား တာတောင် " ဘာလဲ မမ ကျွန်တော့် ကို မချစ်နိုင်ဘူး
လက်မခံဘူးပေါ့ ။ ဘာလို့လဲ အသက်ငယ် လို့ လား။"
" မဆိုင် တာတွေ မပြေားနဲ့ ထိုက်.. "
" ဟုတ်ပါ တယ် မမ ဘေးနားက ကောင်တွေ လောက်တော့
ကျွန်တော် က မမ တွက် ဘယ်အသုံးဝင်ပါ့မလဲ။
ကျွန်တော် က အသုံး မကျတဲ့ ကောင် ဂျလေဘီ... "
သူ စိတ်ထင်တိုင်း တဇွတ်ထိုး ပြေားနေတယ်။
စိတ်ထဲမှာ အရမ်း ရှုပ်ထွေးနေတယ်။ သူ က အဲ့လိုပြေားတော့ စိတ်မကောင်းဘူး ပြီးတော့ ရင်ထဲက လည်းနာလာတယ်။
မချစ်လို့ မှ မဟုတ်ပဲ လေ။ မဖြစ်သင့် တာကို မဖြစ်အောင်
တားနေတာ ။ ကိုယ့်ကိုကိုယ် များ နှိပ်စက်သလို ဖြစ်နေပြီလား
နော်...
ဒါပေမယ့် အလျော့ပေးလို့တော့ မရဘူးလို့ ဦးနှောက် က ဆုံး
ဖြတ်တယ်လေ။ဒါကြောင့် သူ့ကို ဒေါသ နဲ့ပဲ တုန့်ပြန်ခဲ့တယ်
" ထိုက်.. တော်တော့.. မင်း ဘာတွေ ပြေားနေတာလဲ
မင်းခေါင်းထဲမှာလေ အချိန်ပြည့် မိန်းမယူ တဲ့ အကြောင်းပဲ စဉ်းစား နေတာလား.. မင်း ဘ၀ တွက် မစဉ်းစားတော့ဘူး
လား... အိပ်မတ်တွေ ကို ဆုံးရှုံး ခံတော့မှာလား...
ကိုယ် ဖြစ်ချင်တာ ကို အောင်မြင်အောင် မကြိုးစား တော့ဘူး
လား ..ဘာ မှ အကြိုးမရှိတာ တွေကိုပဲ စဉ်းစားနေတယ်..
မင်း ကိုလေ တကယ် စိတ်ပျတ်တယ်သိလား... "
"မမ တွက် ကြိုးစားမယ် ..အောင်မြင်ရင် မမ ဘက်က ဘာပြန်ပေးမှာလဲ "
" ကိုယ့် ဘ၀ ကိုယ်အောင်မြင်ဖို့ ကြိုးစား တာကို ငါက ဘာပြန်ပေး ရမှာလဲ.. မပေးနိုင်ပါဘူး...
ပြီးတော့ ကိုယ့်အတွက် ကိုယ်သာ ကြိုးစား...
သူများတွက် ကြိုးစားပေး နေစရာ မလိုဘူး... "
ခပ်ပြတ်ပြတ်လေး ပြေားလိုက်တယ်။
သူ လည်း နာကျင်နေမှာပါ ။ခုလိုပြေားရလို့ ရွှေရေး လည်း
မပျော်ပါဘူး။
သူ က ချစ်တယ်လို့ ပြေားရင် ပိုတောင် ကျေနပ်မိနေ သလိုပါပဲ။
မတွေ့ တာလဲ ကြားပြီ။ စာနဲ့ ပဲ ပြေားဖြစ်နေတယ်။
ရန်ကုန် ၊မန်းလေး ၊တောင်ကြီး မြို့ အစုံ နယ်အစုံပဲ ။
သူ့ အလုပ်ကိစ္စကို သိပ်နားမလဲပေမယ့် အဲ့လို လျောက်သွား
နေတာကိုတော့ သဘေားမကျဘူး။
သူ က သတိရလား လို့ မေးတိုင်း မရဘူးလို့ ဖြေရတာ
ကိုယ့်ကိုကိုယ် နှိပ်စက်နေသလို ပါပဲ။ အရမ်းနာကျင်ရတယ်။
"သတိရတာပေါ့ " လို့ ပေါ့ပေါ့ ပါးပါး. လေးပြေားချင်တာ။
ဒါပေမယ့် လည်း စည်း တွေက ခြားနေသေးတယ်လေ။
အဲ့လိုနဲ့ နေ့တိုင်း စာတွေ ပို့ ပြီး စကားတွေပြေားဖြစ်ခဲ့ကြ
တယ်။
တစ်ခါတလေ လည်း သူ့ ကို စိတ်ဆိုးချင်ယောင်ဆောင်
ရသေးတယ်လေ။
မှတ်မှတ် ရရဆို သူ တောင်ကြီး မှာ ရှိနေတဲ့ချိန်...
မနတ် တည်းကနေ စာ မပို့ ဘူးလေ...
ည ဆယ့်တစ်နာရီ ထိုးနေပြီ စာတစ်ဆောင်ရောက်မလာဘူး။
စိတ်ထဲမှာ ကိုယ်မပိုင်တဲ့ အရာတစ်ခုကို ဆုံးရှုံး သွားမှာ ကြောက်နေ သလားပဲ။ သူ စာ မပို့ ရင် ၊ဖုန်းမဆတ်ရင် စိတ်ထဲ မှာ ငိုချင်သလို ၊ ရင်ဘက်ထဲက အောင့် သလို ဖြစ်နေတယ်။ ခုလည်း စာမပို့ ဘူးလေ။
ရင်ထဲမှာ မီး လောင်နေပြီ ။ဒေါသတွေလည်းဖြစ်နေပြီ။
ချစ်တယ်လို့ ပြေားနေပြီး ပြစ်ထားရမလားဆိုပြီး လဲ စိတ်ဆိုး
နေမိတယ်။
ပစ္စည်းတွေကိုတောင် ရိုက်ချိုးချင်စိတ် ပေါက်လာတယ်။
ဆယ့်တစ်နာရီ ခွဲလောက်ကျတော့ သူ့ ဆီက စာရောက်လာတယ် "မမ အိပ်ပြီလား " တဲ့..
သူ ဘာလို့ ခုမှ စာပို့ တာလဲဆိုတာ သိချင်တယ်လေ...
ဒီတော့... "မင်း ကကော် မအိပ်ပဲ ဘာလုပ်နေတာလဲ "
"ရှိုး ပွဲထဲမှာ မမ ....
မမ လာခေါ် ရမလားဟင် " တဲ့ ဘယ်ရမလဲ ရစ်ချင် နေတာနဲ့
အတော် ဖြစ်သွားတာပေါ့ ။
" အင်း.. လာခေါ်.. ခုချက်ချင်း လာခေါ်နော်..
လာမခေါ် လို့ ကတော့ မင်း နဲ့ ငါ သေကမ်းပြတ်ပဲ... "
" ဟာ.. မမ ကတော့ လုပ်ပြီ.. ဘယ်လိုလုပ် လာခေါ်လို့ ရမှာလဲ.. "
" မသိဘူး.. လာခေါ် "
"မမ ကလည်း လိမ်မာပါတယ် မရစ်ပါနဲ့နော်.. "
" အောင်မာ... ငါ့ ကိုများရစ်တယ်တဲ့... ဘာလဲ မင်း သူငယ်ချင်း တွေ နဲ့ ဆိုတော့ ငါ့ ကို ခေါက်ထားချင်နေတာ လား...ရတယ်လေ.. လာမပတ်သက်နဲ့ပေါ့... မင်း က တန်ဖိုးမှ မထားချင်တာ... "
ဆြိုပီး ဘာမှ ထက်မပြေားပဲနေလိုက်တယ်။
"အဲ့လို မဟုတ်ပါ ဘူး မ ရယ် ။ စိတ်မဆိုး ပါနဲ့နော် မမ"
ပြန်မဖြေခဲ့ဘူးလေ ။ဒီတော့ သူ ပြာယာခတ်ပြီပေါ့။
တချိန်လုံး မမ ဆို ပြီး ခေါ်နေခဲ့တာ.. ။
ပြန်မပြေားတော့ " မမ ပြန်မဖြေ တော့ ဘူးလားဟင်... စကား တောင် မပြေတော့ဘူးလား " ဆိုပြီး အဆတ်မပြတ်
ပို့ နေခဲ့တာ။
ဒီကလဲ စိတ်အဲ့လောက်ထိ မပျော့ပါဘူးနော်။
ဒီတိုင်း တစ်ညလုံး ထားလိုက်တယ်။
သာတော်တော် ရင်ပူ သွားမယ်ထင်တယ်။
မနတ်ရောက်တဲ့ ထိ သူ စာပို့ နေတုန်း လေ...
"မမ နိုး ပြီလား... စားပြီးပြီလား... ကျွန်တော် မနတ်ဖြန် ပြန်လာခဲ့မယ်နော်... "ဆိုပြီး ပို့ နေတတ်တော့..
သနားလာပြီလေ... သူ့ ကို ထက်ပြီး မနှိပ်စက် ချင်တော့ဘူး။
အဲ့ဒါ ကြောင့် စိတ်ဆိုးနေတဲ့ အီမိုဂျီ လေးတွေကိုပဲ ပို့ လိုက်တယ်။
သူ ၀မ်းသာ သွားပြီထင်တယ်။ စာ ဆတ်ပို့ တယ်။
"ဘာ လို့ ဒိပုံ တွေကို ပို့ တာလဲ ..ကျွန်တော့်ကို စိတ်ဆိုး နေတုန်းပဲလား... မဆိုးတော့ ပါနဲ့ နော် မမ.. "
"ဆိုးမှာပဲ ကိုယ့် စိတ်ကိုယ် ဆိုးတာ ဘာဖြစ်လဲ.. "
" နောက်ဆုံးတော့ စကားပြန်ပြေားပြီပေါ့ ။
my 👸👸👸👸👸😘😘😘 ..
မမ ကလေ အရမ်း ကလေးဆန်တာပဲ ကလေးလေး ကျနေတာပဲ ..အဲ့ဒါကြောင့် မမ ကို.... " ဒီလိုနဲ့ သူ့ ကို အပိုင်စီးထားမိခဲ့တာ မသိလိုက်ဘူး။
သတိမထားမိ လိုက်ချိန်မှာပဲ သူ့ ဘ၀ ကို ကျွန်မ လွှမ်းမိုး လာမိတယ်။
တဖြည်းဖြည်း ကျွန်မ ဘ၀ ထဲကို သူ အတင်းထိုးဝင် လာခဲ့ပြီလေ....
YOU ARE READING
အကြမ်းဖက်ခံ ဘဝများ(lives of violence)
Non-Fictionရှေ့နေမလေး သစ္စာစစ်မှန် ဟာ အမျိုးသမီးများအကြမ်းဖက်မှု မှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ တရား လွှတ်တော် ရှေ့နေဖြစ်ပါတယ်။ တစ်နေ့မှာ မတရားသဖြင့် တရားစွဲဆို ခံထားရသော အမျိုးသမီးလေ...