အပိုင်း(၆)

22 1 0
                                    

   ကျွန်မ နှလုံးသားကို လှုပ်ခတ်စေမယ့် စကားတွေကို သူ အကြိမ်ကြိမ် ရည်ရွယ်ချက်ရှိရှိ ပြေားနေခဲ့တာ .....
နာကျင်အောင်  တမင်ရည်ရွယ်နေခဲ့ တာကို ကျွန်မ သတိမ
ထား ခဲ့မိဘူး...
ကျွန်မ ရဲ့ နှလုံးသားဟာ သူ့ ရဲ့ စကားလုံး ချိုချို တွေအောက် မှာ တဖြည်းဖြည်း ကြွေကျ သက်ဆင်း လို့် နေခဲ့ပြီ....
          တောင်ကြီးက နေ ထွက်လာချိန်ဟာ လေးနာရီ ခွဲခဲ့ပြီ။
ညနေမှောင်ရီပျိုးနေချိန်ပေါ့။
        တကယ်တော့ ရွှေရေး က မပြန်ချင်ဘူး။
ဒီနေ့ ညမှာ ရှိုး ပွဲ ရှိတယ်လေ။ သူ့ ကို လိုက်ပို့ ဖို့ ပြေားခဲ့
ပေမယ့် မရဘူး။
       သူ အရမ်းပဲ ပြန်ချင်နေတယ်လေ။
ပြန်လိုက်သင့် မလိုက်သင့် ကို စဉ်းစား ပြီး ကားပေါ်မှာ သူ့
ကိုတောင် စကားမပြေားဖြစ်ဘူး။
       ဒီတိုင်းနေရင်တောင် ရွှေရေး မျက်နှာက ခတ်ထန်နေ
တတ်တော့ သူက စိတ်ဆိုးနေတယ် လို့ ထင်နေတာ။
" မမ ဘာဖြစ်နေတာလဲ. ...ကျွန်တော့ ကို စိတ်ဆိုး နေ တာလား"
        "မဟုတ်ပါ ဘူး"
"ဒါ ဆို ဘာလို့ စကားမပြေားတာလဲ"
စိတ်ထဲမှာ ဒွိဟဖြစ်နေတာလေ။ ညကြီးမိုး ချုပ် တစ်စိမ်း ယောင်္ကျားလေး တစ်ယောက်နဲ့ အတူ နှစ်ယောက်တည်း ပြန်
ရမယ်။လမ်းခရီးက ရှည်တော့ ဘယ်လို လုပ်ရမလဲ ဆိုတာ
စဉ်းစားနေတာ။
      သူ လမ်းမှာ တစ်ခုခု လုပ်ရင် ဘယ်လိုလုပ်မလဲ..
တကယ်လို့ လမ်းမှာ အမှားတစ်ခုခု လုပ်ခဲ့ရင် နေရင်းထိုင်ရင်း
အိမ်ထောင်ကျဦးမယ်။
      ဒီအတွေးတွေ ကို သူ့ ကို ပြေားပြလို့ ဘယ်ဖြစ်မလဲ။
ဒီတော့ လမ်းကြောင်းလွှဲရတာပေါ့ ။
"မမ က မပြန်ချင်သေးတာကို မင်း က ဘာလို့ ခေါ် လာတာလဲ ။ ရှိုးပွဲ လည်းကြည့်ချင်တာကို " စိတ်ဆိုးနေ
သလို ခပ်ချွဲချွဲ လေး အဲ့ဒိလိုပြေားလိုက်တော့ သူ က ရွှေရေး ကို ချော့ တယ်။
        "ဒါ ဆို ရှိုး ပွဲပြီးမှ ပြန်ကြမယ်လေ..
မမ က ကြည့်ချင်တယ်ဆိုတော့..သူငယ်ချင်း တွေ ကလည်း ခေါ် နေတာ... မမ အနေခတ်မှာ ဆိုးလို့..
ပြီးတော့ မမ ကို ကျွန်တော့ ကောင်မလေး ထင်နေတာ
မင်း.. ကောင်မလေး ကိုပါ ခေါ် ခဲ့တဲ့"
       အမလေးလေး ပြေားမိတာပဲ မှား သွားပြီထင်တယ်။
ခုတောင်မိုးချုပ်နေပြီ။ ရှိုးပွဲ ပြီးမှဆို အရမ်းညဥ့်နတ်သွားမှာ။
ဒီတော့လည်း အကြောက်အကန်ငြင်းပြီး ငြင်းရပြန်တာပေါ့။
" တော်ပါပြီ... မကြည့် တော့ ပါ ဘူး.။ ပြန်တာပဲကောင်းပါ
တယ်။ "
        ဒီလို ပြေားတော့ ခေါင်း ကို အသာအယာလေး ပုတ်လိုက်ပြီး ပြုံး ပြန်တယ်။
      သူ့  ထက်အငယ်များထင်နေလား မသိဘူး။
ရွှေရေး ကို ကလေးတစ်ယောက်လို့ ပြုမူ နေတတ် တာ သူ့ အကျင့်ပဲ။
       ဘာမှ ထက်မပြေားတော့ပဲ အိပ်ထဲက နှုတ်ခမ်းနီ ကို
ထုတ်ပြီး ဆိုးလိုက်တယ်။ ပြီးတော့ လက်ဖ၀လေားတွေနဲ့ မျက်
နှာကို အသာအယာ သပ် လိုက်ပြီး သပ်သပ်ရပ်ရပ် ဖြစ်အောင်
လုပ်လိုက်တယ်။
       ရွှေရေး ရဲ့ လှုပ်ရှားမှု တိုင်းကို လိုက်ကြည့်နေတဲ့သူ
သဘေားကျ သလို ပြုံးပြန်ပြီ။
သူ အမြဲတမ်းလိုလို ပြုံး တတ်တယ်။ အဲ့လောက်တောင် သဘေားကျစရာ ရှိနေလားလို့ လဲ စဉ်းစားမိတယ်။
သူ တစ်ခုခု ကို နားလည်နေသလို သဘေားကျနေတယ်။
ဘာကိုလဲ အရမ်းသိချင်တာပဲ။ သူ့ မျက်လုံး ထဲ က အမည်
ဖော် လို့ မရတဲ့ အဓိပ္ပာယ်....
ရွှေရေး သတိထားမိနေတယ်။ ရွှေရေး နဲ့ တွေ့တိုင်း သူ့ မျက်လုံးထဲမှာ အဲ့ဒိ အဓိပ္ပာယ် တွေ ပြည့်နှပ်နေတယ်။
အဲ့ဒိ မျက်လုံးတွေကို မြင်တိုင်းလဲ ရင်ခုန်တယ်။
အချိန်တော်တော်ကြာ အောင် ကားစီးကာခဲ့တာ ဒီတစ်ခေါက်
မမူးဘူး။ သူ ဖြေးဖြေးလေး မောင်းပေးလို့ထင်တယ်။
အရင်ကထက်စာရင် ပိုပြီး စိတ်သက်သာရာရ တယ်။
လွတ်လပ် ပေါ့ပါးတယ်။
        အရာအားလုံးကို မေ့ပြီး နှစ်ယောက်တည်း ရှိနေတဲ့
ချိန် ယုံကြည်မှု တွေရှိအောင် ခဏခဏ နှုတ်ခမ်းနီ ဆိုးဖြစ်
တယ်။ နဂိုကတည်းက ရွှေရေး က နှုတ်ခမ်းနီ ကြိုက်တာ ဆို
တော့ အချိန်တိုင်း လိုလို ဆိုးဖြစ်နေတတ်တယ်။
ခု ပိုဆိုးတာပေါ့ ။သူ က ဘေးနားမှာ ရှိနေတာလေ။
        အရိပ်တစ်ခုလို ဘေးနားကနေ ကြည်နေ့တာကိုး။
ရှက်တယ်လေ ပြီးတော့ မနေတတ်ဘူး။ ဒီတော့ လက်ထဲက
နှုတ်ခမ်းနီ ကို မချရဲပဲ စိတ်တွေ မလုံမလဲ ဖြစ်တဲ့ ချိန်တိုင်း
ဆိုးနေတော့ တာပေါ့ ။
      သူ ဘာလို့ အဲ့ လိုကြည့်နေမှန်းမသိဘူး။
တခါ တခါ ရှေ့ ကိုကြည့် မောင်းပါ.. လို့ ပြေားရတယ်။
ပြီးတော့ လက်ထဲက နှုတ်ခမ်းနီ ဘူး ကို ဘော်ပင်လှည့်သလို
လှည့် နေခဲ့တော့  သူ မျက်စိနောက်တယ် ဆိုပြီး လုယူ တတ်
သေးတယ်။
       ပြန်ပေးဖို့ တောင်းတာပေါ့ ။ ဒါ ပေမယ့် လွယ်လွယ်တော့ မပေးဘူး။ သူ့ လက်ထဲမှာ ကျစ်နေအောင်
စုတ်ထားတာ။
       ဘာကိုမှ ဂရုမစိုက်တော့ပဲ သူ့ လက်တွေကို ကိုင်ပြီး
လက်ချောင်း တစ်ခုချင်းစီကို ဖွင့်ပြီး ယူတာပေါ့။
မိန်းကလေးအား ဆိုတော့ မရပါဘူးလေ။
အဲ့လိုချိန်ဆို စိတ်ဆိုးသလိုလုပ် ပြလိုက်တာပဲ။
ဒါ ဆို သူ ပြန်ပေးပြီး ချော့ ပြီလေ။ အစ ကတည်းက နိုင်ကွက်
ကိုသိပြီးသားပါ။ ဒါပေမယ့် ကလေးဆန်တယ် ပြေားမှာဆိုးလို့
အာဏာလေးနည်းနည်း ပြမိတယ်။ မရပါ ဘူး။ နောက်တော့
လဲ ကလေးဆန်ရတာပါပဲ။
         တစ်ချက်တစ်ချက် ကားမှန်နားမှာ ခေါင်း ထိနေတာမျိုး
တစ်နေရာရာ ငေးနေတာမျိုးဆို ''မမ... မူးနေပြီလား..
ရရဲ့ လား.. ကားရပ်ပေးရမလား "ဆိုပြီး ခေါင်း လေးကို
အသာအယာကိုင်ပြီး ချိုမြ စွာ မေးတတ်သည်။
       သူ့ တွက်တော့ ရွှေရေး ဟာ ကလေးတစ်ယောက်လို
ဂရုစိုက်စရာ ဖြစ်နေခဲ့တယ်။
မျက်နှာ တစ်ချက်ပျက် မခံဘူး။ အကုန် လိုက်လျေားပေးတဲ့သူ
ဒါ ကြောင့်လဲ ပိုပြီး အားကိုယုံကြည်နေမိတာပေါ့။
သူ က စိတ်ပူသလို မေးတိုင်းလည်း ရွှေရေး စိတ်တွေ လှုပ်ရှား နေတယ်။
     စိတ်တွေလှုပ်ရှားလာတိုင်းလဲ နှုတ်ခမ်းနီ ကို ဆိုးဖြစ် နေတယ်။
မျက်နှာကို သပ်ဖြစ်နေတယ်။
        အဲ့ဒိအခါ သူက " မမ ဘာလို့ နှုတ်ခမ်းနီ တွေ ခဏခဏ ဆိုးနေတာလဲ.. ပျက်လည်း မပျက် သေးပဲနဲ့.. "
"ဆိုးချင်လို့ ပေါ့..လို့... " ဒီလို ပြေားတိုင်းလဲ သူပြုံးတယ်။
တချက် တစ်ချက်ဆို အသားချင်းထိဖို့ ကြိုးစားတယ်။
မထိတထိ ပြေားသေးတယ်။
တိုးဂိတ်တွေ ရောက်လို့ အခွန်ဆောင်တဲ့ အခါ အဲ့ဒိကောင်မလေး တွေ က သူ့ ကို ပြုံးပြနှုတ်ဆတ်ရင်..
" ငါ့ မမ လောက်လဲ မလှပဲ နဲ့ ပြုံးပြနေသေးတယ်
ဒီက ငါ့ ရဲ့ မမ လေးကိုပဲ ထိုင်ကြည့်နေ တော့မယ် "လို့ ရွှေရေး ကို အသေအချာ ကြည့်ပြီး မကြားတကြားလေး ပြေားသေးတယ်။
ကြား လို့ သူ့ ကို ပြန်လှမ်းကြည့်ရင် မျက်နှာလွှဲ လိုက်သေး
တယ်။
     ကောင်လေးတွေက ကားထဲကို ချောင်းကြည့်ရင်လဲ ကားထဲ က မီး ကို မှိတ်လိုက်တယ်။
ပြီးတော့ "ကြည့် မနေနဲ့ မြင်ရမှာ မဟုတ် ဘူး" လို့လဲ တစ်ယောက်တည်း ရေရွတ်နေတတ်သေးတယ်။
သူကအဲ့ လို လုပ်လေ ရွှေရေး တွက် သူက ချစ်စရာ ဖြစ်လေ
ပေါ့ ။
      သူ့ လိုပဲ ရွှေရေး လဲ သဘေားကျစွာ ပြုံးမိတော့တယ်။
သူ ရွှေရေး ကို စိတ်ဝင်စားနေတာ သိလိုက်ရတော့ စိတ်လွတ် ကိုယ်လွတ် ဆတ်ဆံမိတယ်။
        တစ်ချိန်လုံး မဖြစ်ပါဘူး ၊ မဖြစ်သင့်ပါ ဘူးလို့ တွေးနေတဲ့ အတွေးတွေ မရှိတော့ဘူး။
သူ့ ကို သာမန်ကောင်လေး တစ်ယောက်လို ဖြစ်နေခဲ့ပြီ။
အရာအားလုံးကို မေ့ထားပြီး စိတ်ကို လွတ်လပ်ခွင့်ပေးလိုက်မိ
တယ်။
      ဒီချိန်မှာ သူ ဟာ ရွှေရေး ရဲ့ အနားမှာ အရာအားလုံး ဖြည့်ဆည်းပေးမယ့်သူ...
ကလေးတစ်ယောက်လို အလိုလိုက် အကြိုက်ဆောင်မယ့်သူ
အကို တစ်ယောက်လို ချော့မြူ ပြီး ယုယ ကြင်နာမယ့်သူ..
ဒီအချက်တွေနဲ့တင် သူ့ နားမှာ နေရတာ ပြည့်စုံနေပါပြီ။
ည ရှစ်နာရီလောက်ရောက်တော့ လမ်းမှာ ထမင်းစားတယ်။
သူ့ ရှေ့ မှာ ဘယ်လိုစားရမှန်းမသိဘူး။ကျဉ်းကြပ် နေတယ်။
ပြီးတော့ ဗိုက်လည်း မစာဘူးလေ။
ဒီတော့ တစ်ဇွန်း နှစ်ဇွန်းလောက် စားပြီး တော်ပြီလို့ ပြေားလိုက်တယ်။ ဒီတော့ သူက...
" ဘာလို့ လဲ မမ ရဲ့ နည်းနည်းလောက်စားလိုက်ပါဦး "
"တော်ပြီ မမ ဗိုက်မစာလို့... "
" မနတ် ကတည်းက မမ ကျွန်တော်နဲ့ အတူ ရှိနေတာပါ
ဘာမှလဲ မစားရသေးပဲနဲ့... ဘာလို့ ဗိုက်ပြည့်နေတာလဲ။"
"မမ မနတ်က မနတ်စာစားထားသေးတယ်.. ခေါက်ဆွဲ တွေ
ရေား ထမင်း ရော ဆိုတော့ ဗိုက်မစာတော့တာပေါ့"
"ကျွန်တော်နဲ့ လာမခေါ်ခင် စား ထားတာလား"
" အင်း.. ဟုတ်တယ်လေ.. မင်း လာတာနောက်ကျတာကို
မမ က ဗိုက်စာနေပြီလေ ။အဲ့ဒါနဲ့ ခြံထဲ က အစ်မ က မနတ်စာ ပြင်ပေးတော့ စားလိုက်တာ.. "
နှစ်ယောက်စကားပြေားနေတုန်း သူ့ ဖုန်းက ၀င်လာတယ် လေ။ တခြားသူ မဟုတ်ပါ ဘူး ကောင်းကောင်း လေ ။နာကပ်
မှာ မလို့ တဲ့။ မင်း ပြန်လာပြီလားတဲ့လေ။
သူက ပြန်မလာသေးဘူးလို့ ပြေားလိုက်တယ် ။ အစ်မ ရွှေရေး ကော် ပြန်လာမှာ ခေါ်လာခဲ့ဦးလို့ မှာနေသေးတယ်။
ဒီလိုပြေားတော့ ထိုက် က ရွှေရေး ကိုလှမ်းကြည့် ပြီး ရယ်ပြ
တယ်။ အဲ့ဒိ အဓိပ္ပာယ်က မမ ငါ့ နားမှာ ရှိနေတာ မင်း မသိပါဘူး ဆိုတဲ့ အဓိပ္ပာယ် ပေါ့။ အရူးလုပ်နေတာလေ။
"မမ ကို တော်တော်လေး ဂရုစိုက်ကြတယ်နော်။ ဟို ကဖုန်းဆတ်မှာလိုက် ဒီက ဖုန်းဆတ်မှာလိုက်နဲ့.. "
ဟုတ်လဲဟုတ်ပါတယ် ။ ၀ိုင်ခြံက မန်နေဂျာ အစ်မ ကလည်း
ခဏခဏ ဖုန်းဆတ်တယ်။ စိတ်မချလို့တဲ့လေ။ ရွှေရေး ပြန်လာတာကို အဲ့ဒိ အစ်မ မသိလိုက်ဘူး။ သူ ခြံကို ပြန်ရောက်တော့ ရွှေရေး ကို မတွေ့ တော့ စိတ်ပူနေတယ် ထင် တယ်။ ပိုဆိုးတာက ခြံထဲ က အလုပ်သမား တွေက ရွှေရေး ကို ကောင်လေးတစ်ယောက်လာခေါ်သွားတယ် လို့ ပြေားသတဲ့။
       ဒါကြောင့် ဖုန်းကို အသည်းအသန် ဆတ်ပြီး "ရွှေရေး ဘယ်မှာလဲ ။ ဘယ်သူနဲ့လိုက်သွားတာလဲ။ အဲ့ဒိကောင်လေး
က ဘယ်သူလဲ ။ '' စသဖြင့် သူ စိတ်ပူတာတွေကို ပြေားတော့ တာပေါ့ ။
        ထိုက် က အဲ့ဒါ ကို ကြားတော့ ....
"မမ ကို ကျွန်တော်တစ်ခုခု လုပ်မှာ စိုးရိန်နေတယ်ထင်တယ် ကားတင် ပြေးတယ် ထင်နေတာလား မသိဘူးနော်" လို့ ပြေားပြီး ရယ်တယ်။
         ခုလည်း ကြည့်လေ ကောင်းကောင်း က ဆတ်ပြီး မှာပြန်ပြီ။
      ကောင်းကောင်း က စိတ်ပူ ကြောင်းပြေားလေ ထိုက် က မနာလို ဖြစ်လေ ပေါ့ ။
      တစ်ခါတစ်ခါ ဘုကလန့် ပြန်ပြေားသေးတယ်။
သူက အဲ့ လို လုပ်လေ ရွှေရေး စိတ်ထဲမှာ ကျေနပ်နေတယ်။
ထမင်းစားပြီးတော့ ပြန်ထွက်လာခဲ့တယ်။
လမ်းရောက်တော့ ကိုယ်တော်ချေားက စကားလမ်းကြောင်း
ပြောင်းတာပဲ။
"မမ ရည်းစားထားဖူးလား ဟင်"
" မထားပါ ဘူး... စိတ်ရှုပ်လွန်းလို့...
ရည်းစား ထားဖို့လဲ အချိန်မရှိဘူး... "
"ရှိရင်တော့ ထားမယ်ပေါ့လေ"
"မင်းတို့ လိုမျိုးထင်နေလား... ရည်းစား ထားဖို့ မပြေားနဲ့
ယောက်ျားလေး သူငယ်ချင်းတောင် မထားဘူး။"
"ကျွန်တော်လည်း မထားပါ ဘူး မမရယ်"
"မယုံ ပါဘူးနော်
မင်း အကြောင်းများ မသိရင်ခတ်မယ်"
"မမ က ဘာ သိထားလို့လဲ"
"သိတာပေါ့.. မင်း သတင်းများ မကြားချင်မှ အဆုံး..
ဘယ်သူ နဲ့ ဘယ်လို တွဲနေတယ် ဆိုတာ ကအစ သိတယ်"
"မမ က ယုံတယ်ပေါ့"
"မယုံ လို့ မှ မရတာ ယုံတာပေါ့"
"အဲ့ဒိ ပတ်ဝန်းကျင်က မဟုတ်တာတွေ ပြေားနေတယ် ဆိုရင်ကော် "
"ပတ်ဝန်း ကျင်က ပြေားပြီ ဆိုကတည်းက အတိအကျ မဟုတ်ရင်တောင် အကြမ်းဖျင်း တော့ မှန်တယ်"
"ကျွန်တော် ကတော့ အဲ့ဒိ ပတ်ဝန်းကျင် ကို ဂရုမစိုက်ပါဘူး"
"မစိုက်လို့ မရဘူး... မင်း တကယ်ချစ်တဲ့  သူနဲ့ တွေ့ ရင် မင်း လုပ်ခဲ့ တဲ့ အရိပ်မည်းတွေ က  ထိခိုက်စေလိမ့် မယ်.. "
"ကျွန်တော် အခု ကောင်းကောင်းနေတယ်လေ မမ ရယ်"
"ဒိထက် ပိုပြီး လိမ္မာအောက်နေ ။ ရည်းစားတွေ လျောက်ထားပြီး အပူ မခံပါနဲ့။ ကိုယ့်ကိုကိုယ် တစ်ယောက်တည်း အေးဆေးနေတာ မကောင်းဘူးလား"
"မကောင်းပါဘူး"
"မင်း ကလေ ပြေားရဆိုရ တော်တော်ခတ်တာပဲ ။ အကြီးပြေားနေရင် ဘယ်တော့မှ နားမထောင်ဘူး "
"စ တာပါ ။ မမ စကားကို ခုလည်းနားထောင်းမယ် နောင်လည်း နားထောင်မယ်နော် "
သူ့ ကို မျက်စောင်း တစ်ချက်ထိုးမိတယ်။
အချိုးမပြေတဲ့ ပုံစံ က အမြင်ကပ်စရာကောင်းလွန်းတယ်။
ဘာကိုမှ အလေးအနတ်မထားသလိုပဲ။
       ဒါ ပေမယ့် ရွှေရေး စိတ်ကို အရမ်းကြီး လွှတ်ပေးလို့ မရဘူး ဆိုတာကို သတိထားမိလိုက်တယ်။
သူ့ မှာ က အရိပ်ဆိုးတွေရှိတယ်။ ရွှေရေး သူငယ်ချင်းတွေ
ဆီကနေ မကြာခဏ ကြားနေကျ သူ့ အကြောင်းဟာ နှစ်လိုဖွယ်မရှိ။ ကောင်မလေး တစ်ယောက်ပြီး တစ်ယောက်နဲ့ တွဲ ပြီးရင် အသည်းခွဲရာ မှာ ကျွမ်းကျင်သူပေါ့။
အဲ့ ဒိ အရိပ်ဆိုးတွေက ရွှေရေး ကို သူနဲ့ အဝေးကို ရောက်သွား စေတယ်။ သူ နဲ့ ပတ်သက်မိရင် သူငယ်ချင်း တွေ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း တွေကြား မှာ အပြေားခံရပြီး မျက်နှာ မပြ၀ံ့ တာတွေ ဖြစ်ကုန်လိမ့်မယ်။
ဆင်ခြင်နေ မှ တော်ကာကျလိမ့်မယ်။ မဟုတ်ရင် ရွှေရေး ပေါ် သူ့ ရဲ့ အရိပ် ဆိုးတွေ လွှမ်းမိုးကုန်လိမ့်မယ်။
အတတ်နိုင်ဆုံး စိတ်ကို ပြင်ဆင်ထားတယ်။ သူ့ ရဲ့ အကြည့်
တွေ အပြေားအဆို ယုယမူတွေ ဂရုစိုက်မှု တွေနဲ့ နွေးထွေးတဲ့
အထိအတွေ့ တွေ ကြားမှာ အရည်ပျော်မကျအောင် ထန်းနေ
ရတယ်။
       သို့သော်လည်း.... သူ့ ရဲ့ ဆွဲဆောင်မှု မှာ မသိလိုက်ပဲ
အခါခါ ကျဆုံး နေခဲ့လေပြီ...



      

အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now