အပိုင်း(၃)

22 2 0
                                    

      နှလုံးသားတစ်စုံကို အစိမ်းလိုက် မွှန်း ရန် အတိအလင်း
ကြေညာခြင်း ကို လက်ခံလိုက်မိသလို.....
နှလုံးသား ကို မသိမသာလေး ဓားဖြင့် မွှန်း နေသော်လည်း သတိ မမူ မိခဲ့ ။
တခါ တရံ နှလုံးသားဆီမှ နာကျင်မှုကို ခံစားရရင်တောင်
ဖြစ်တတ်တဲ့ သဘေားများလားလို့် ထင်မှတ်နေခဲ့သူ...

       မည်းမှောင်နေသော ပတ်ဝန်းကျင် ဟာ မလင်းချင် လင်းချင် ဖြင့် ရှိသမျှ အားတို့ ကို ခြစ်ခြုပ်ပြီး လင်းနေသော
လမ်းမီးတိုင်များကြောင့် ရေးရေး မြင်နေရသည်။
        လမ်းမှာ အကြောင်း အမျိုးမျိုး ကြောင့် ကြံ့ကြာ နေသော ကားဟာ အရောက်နောက်ကျ ခဲ့ပြီလေ။
ခုဆို ရှစ် နာရီ ကျော်ကျော် လောက်တော့ ရှိရောပေါ့။
အိမ်ပြန်ဖို့ အငှားယဉ် ဆောင့်နေတာ။
ကံကောင်းချင်တော့ ခဏအကြာမှာပဲ ရောက်လာတယ်။
ကားဆရာက အထုတ်အပိုးတွေကို ကားပေါ်တင်နေတုန်း
လက်ထဲမှာ အဆင်သင့် ရှိနေပြီးသား နှုတ်ခမ်းနီကို အဖုံးဖွင့်ပြီး နှုတ်ခမ်းပေါ် တစ်ချက်နှစ်ချက် ဆွဲလိုက်တယ်။
ပြီးတော့ အဖုံးပြန်ပိတ် မလို့ ပဲရှိသေးတယ် ဆိုင်ကယ်လ် နဲ့
ကောင်လေးတစ်ယောက် ဘေးကို ရောက်လာတော့ လှမ်းကြည့် လိုက်မိတယ်။
      ထင်တဲ့ အတိုင်းပဲ သူ..... လေ
''မမ  ဒီချိန်ကြီး ဘယ်က ပြန်လာတာလဲ ''
'' တောင်ကြီးကလေ ''
'' မျက်တွင်းတွေလဲ နတ် လို့ ''
ရွှေရေး ရဲ့ မျက်လုံးတွေကို ကြည့်ပြီးပြေားနေတာ။
'' အင်း... အိပ်ရေးပျတ်လို့ နဲ့ တူတယ်
  ကားမူးတာလဲ ပါ မှာပေါ့ ''
'' ကျွန်တော် တောင် ညနေက မှ တောင်ကြီးက ပြန်ရောက်တာ ''
'' ဟုတ်လား... ဘာလို့ မမ ကို မဆတ်သွယ်တာလဲ.. ''
'' ဆတ်သွယ်လိုမှ မရတာ ''
'' ခုရော် ဘယ်ကပြန်လာတာလဲ ။ ဒီချိန်ရှိနေပြီ လမ်းပေါ်မှာ
ဘာလုပ်နေတာလဲ။ အေးပါ တယ်ဆို အနွေးထည် က မ၀တ်ဘူး ။ မိဘတွေ စိတ်ပူ နေတော့ မှာပေါ့ ''
        ထိုက် က ပြုံး ပြီး မျက်လုံးတွေကို လိုက်ကြည့်တယ်။
'' မမ တို့ အိမ်က ပြန်လာတာလေ ။''
'' မိုးချုပ်နေပြီ ပြန်တော့ အိမ်က စိတ်ပူနေလိမ့်မယ်''
'' မမ က ရော ''
'' မမက အငှားကား နဲ့ပဲ ပြန်လိုက်တော့မယ်''
''ဖြစ်ပါ့မလား''
''ဖြစ်ပါတယ် ''သူပုံ့စံက စိုးရိမ် နေတဲ့ပုံ။
မိန်းကလေး တစ်ယောက်တည်း မို့ စိတ်မချ ဖြစ်နေတဲ့ပုံ။
သူ့ ရဲ့ အဲ့လို အနေအထားကို မြင်ရတော့ နွေးထွေးမှုကို ခံစားလိုက်ရတယ်။
ပြေားပြီးပြီးချင်းပဲ ကားဆရာက ဘေးနားမှာ လာရပ်နေတယ်။
ပစ္စည်း တွေ တင်ပြီး လို့ သွားဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုတဲ့
သဘေား။
      သူ့ ကိုနုတ်ဆတ်ပြီး အိမ်ပြန်ခဲ့လိုက်တယ်။
ဒီနေ့ မှာ မမျှော်လင့်ပဲ လက်ဆောင်တစ်ခု ရလိုက်သလိုပါ
ပဲ။ ရင်ထဲကျေနပ်နေမိတယ်။
        အိမ်ရှေ့ ရောက်တော့ ကားသံကြားလို့ ထင်တယ်။
မောင်လေးကာ ပြေးထွက်လာတယ်။
ရွှေရေး ကိုမြင်တော့ ဆူတော့တာပေါ့။
      ''မမ ကလည်း ပြန်လာမယ်ဆိုလဲ ဖုန်းဆတ်မှပေါ့ ''
ကားသမား ချပေးတဲ့အ၀တ်ထုတ်တွေကို သယ်ရင်း ပြေားနေ
တယ်။
     '' ကိုယ့်အိမ် ကို ပြန်လာတာပဲ မောင်လေးရယ် မလိုပါ ဘူး ''
    '' လိုတာပေါ့ ဖုန်းဆတ်ထားတော့ သားလာ ကြို လို့ ရတာပေါ့ ။
   ခု ဟာက နောက်ကျနေပြီ မမ တစ်ယောက်တည်း လာရတာလေ လမ်းမှာ တစ်ခုခု လုပ်ရင် ဘယ်လိုလုပ်မလဲ''
အခန်းထဲကို လိုက်ပို့ရင်း စိတ်မရှည်သလိုပြေားနေတာလေ။
ဟုတ်လဲဟုတ်ပါတယ် ။ရွှေရေး က ဖုန်းဆတ်ရတာကို မကြိုက်ဘူး။ အဲ့ဒါ ကြောင့် အမြဲတမ်းလိုလို ဖုန်းမဆတ်ဖြစ်
ဘူး။
       ဒီနေ့ လို ကားနောက်ကျတဲ့ အချိန်မျိုးဆို တစ်ယောက်တည်း ဆိုတော့ စိတ်ပူတာပေါ့။
မပြီးသေးဘူး အစ်မ တစ်ယောက်ကို ကလေး လို ဆတ်ပြေား
နေသေးတယ်။
'' မမ ပြန်လာမယ် ဆိုတာ သိရင် ထိုက် နဲ့ ချိတ် ပေးမှာပေါ့
သူတောင် ဒီနေ့ ညနေမှ တောင်ကြီးက ပြန်ရောက်တာ။''

အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now