အပိုင်း(၃)

54 3 2
                                    

အတန်ကြာသည့်တိုင် ဦးဝဏ္ဏ ပြန်ပြေားလာမည့် စကားများ ကို ရုံးတော် တစ်ခုလုံး ဂရုတစ်စိုက် နားစွင့်နေကြ
၏။
သို့သော် ဦးဝဏ္ဏ မှာ မည်သည့် စကားကိုမျှ ထွက်ဆို
ခဲ့ခြင်းမရှိ။
ဒိလောက်ဆို ရုံးတော် အနေနဲ့ ဦးဝဏ္ဏ ရဲ့ အခြေအနေ
ကို အကဲခတ်နိုင်လိမ့်မည်ဟု စစ်မှန် ယူဆ လိုက်တာကြောင့်
နောက်ထက် အတည်ပြုနိုင်မည့် မေးခွန်းများကို ဆတ်၍ မေးလေ၏။
ဦးဝဏ္ဏရဲ့ ငုံးလျိုးနေတဲ့ မျက်နှာကို ကြည့်ရင်း
မဲ့ ပြုံး တစ်ချက်ချက်ပြုံးလိုက် သည်။
ပြီးမှ လှောင်ရယ်သံ ရေားနေသော အသံဖြင့်
'' ထားပါတော့ . .နောက်ဆုံး မေးခွန်း တစ်ခုပဲ
မေးပါတော့မယ်။
ဟော့ဒိ ဓာတ်ပုံကို တစ်ချက်လောက်ကြည့်ပေးပါ ''
လက်ထဲရှိ ဓာတ်ပုံ တစ်ပုံကို ကိုင်မြောက်ရင်း ဦးဝဏ္ဏ
ရဲ့ အနီးသို့ ကပ်၍ပြလေ၏။
'' ဒီဓာတ်ပုံထဲ က အရက်ပုလင်းဟာ ဦးဝဏ္ဏ သောက်
နေတဲ့ ပုလင်း ဟုတ်ပါသလား''
ဓာတ်ပုံကို ပြနေရင်းပင် မေးလိုက်၏။
ဦးဝဏ္ဏ လည်း စစ်မှန် ကို မကြည်ကြည့် ကြည့်ကာ
ဖြေလိုက်၏။
'' ဟုတ်တယ်''
'' အားလုံး ကြားအောင် နဲနဲ လောက် ကျယ်ကျယ်လေး ပြန်ပြေားပေးကြည့်ပါ''
စစ်မှန် ကို ဒေါသ မျက်လုံးများဖြင့် ကြည့်ရင်း
'' ဟုတ်တယ် ''
'' ဒီလောက်ပါပဲ
ကျေးဇူးတင်ပါတယ် ''
ဦးဝဏ္ဏ ဆီမှ လှည့်ထွက်လာခဲ့ပြီး ရုံးတော်ရှေ့ ၊ တရားသူကြီးမင်း ရှေ့ ၌ ရပ်လိုက်ပြီး တရားသူကြီးထံ နောက်
ထက် သက်သေတစ်ဦးအား စစ်မေးခွင့် တောင်းခံလေ၏။
'' တရားသူကြီးမင်းရှင့်
ဒီထက်ခိုင်လုံတဲ့ သက်သေ အထောက်အထားများကို
တင်ပြပေးနိုင်ရန်အတွက် တရာလို သက်သေ ဦးနိုင်နိုင်ကျော်
ခေါ် နိုင်ကြီး ဆိုသူအား မေးမြန်းခွင့် ပြုပါ။''
တရားသူကြီးမင်း ခွင့်ပြုလိုက်သည်နှင့် စစ်မေးရာနေရာ ၌ သက်သေမှာ ရောက်နှင့်နေသည်။
ထို့နောက် ကျမ်းသစ္စာကြိမ်ဆိုပြီး စတင်မေးမြန်းလေ၏
'' အခင်းဖြစ်တဲ့နေ့က ဒီအမျိုးသမီးတွေကို ဦးနိုင်ကြီး
ခေါ်လာတာလား''
''ဟုတ်ပါတယ်''
''ဘာ အတွက် ခေါ်လာတာလဲ''
'' အလုပ်အားတဲ့ ရက် ဖြစ်လို့ မိတ်ဆုံစားရင်း ပြေားကြဆိုကြ
ရအောင် ခေါ်လာတာပါ။
''အခန်းထဲ စဝင်ဝင်ချင်း ရှင် ဘာလုပ်လဲ။
အချင်းချင်း မိတ်ဆတ်ပေးတာမျိုး ရှိလား ''
တရာလိုရှေ့နေ က ရိုးရှင်းသော မေးခွန်းများကို မေးနေ၍ ရှုးများရှုးနေသလားဆိုတဲ့ အတွေးနဲ့ ကျေနပ်စွာဖြင့်
လှောင်ပြုံးပြုံးနေ၏။
ဒါပေမယ့် အဲ့ဒိအပြုံးဟာ ဦးနိုင်ကြီး ရဲ့ အဖြေကြောင့်
ပျက်ပြယ်သွားကာ စိုးရိမ်စိတ်တို့ လွှမ်းမိုးလာတော့၏။
''မရှိပါဘူး''
''ဘာလို့လဲ ''
''မိတ်ဆတ်ပေးစရာမှ မလိုတာ ''
သူ့ရဲ့ အဖြေကို ဖြေပြီးမှ သတိထားမိဟန်ရှိသည်။
မှားသွားပြီ ဆိုတဲ့ မျက်လုံးများနှင့် တရာလိုရှေ့နေနှင့်
ဦးဝဏ္ဏ တို့ကို လှမ်းကြည့်လေ၏။
'' ဘာလဲ သူတို့ အချင်းချင်း အရင်ကတည်းက သိနေတယ်ဆိုတဲ့ သဘေားလား''
ဘာမှ ငြင်းဆန်လို့ မရတော့ဘဲ ဖြေလိုက်ရတော့၏။
'' ဟုတ်ပါတယ်''
'' အခင်းဖြစ်တဲ့ နေ့က ဘာဖြစ်လို့ အခန်းထဲ ပြန်သွားတာလဲ ''
'' နာရီကျန်ခဲ့လို့ သွားယူတာပါ''
''ထွက်သွားတဲ့ ချိန်နောက်က တစ်ယောက်ယောက်လိုက်လာ
သေးလား''
''လိုက်လာပါတယ်''
'' ယောကျာင်္းလေးလား မိန်းကလေး လား''
''မိန်းကလေးပါ ''
'' နောက်လှည့်ကြည့်ပြီး ဘယ်သွားမှာလဲ တို့ ဘာတို့ မေးခဲ့သေးလား''
''မမေးခဲ့ပါဘူး''
''နောက်လဲလှည့်မကြည့်ခဲ့ဘူးပေါ့''
''ဟုတ်ပါတယ် လှည့်မကြည့်ခဲ့ပါဘူး''
''နောက်က လိုက်လာတဲ့ မိန်းကလေးက ဘယ်သူလဲ''
'' ယုနှင်းခိုင် ပါ''
မေးခွန်းတွေကို စဉ်းစားခွင့် မပေးပဲ တရဆတ်မေးနေ
တော့ ရှေ့နဲ့နောက်နဲ့ ဆတ်ဆတ်လို့ မရတော့။
အစီအစဉ် မကျ ပဲ လိမ်ညာနေမှန်း သိသာသွားသည်။
ဒါပေမဲ့ စစ်မှန် က ထောက်ပြခြင်း မရှိပဲ ဆတ်မေးခဲ့သည်။
'' အဲ့ဒိနားမှာ လူတွေ အများကြီးသွားလာနေ တယ်လေ။ ဘာလို့ ယုနှင်းခိုင် လို့ တပ်အပ်ပြေားနိုင်ရတာလဲ''
ဦးနိုင်ကြီး တွေဝေသွားသည်။ ဘာပြေားရမလဲ မသိ
ဖြစ်နေချိန် နောက်ထက်မေးခွန်းတစ်ခုကို ဆတ်မေးလိုက် သည်။
'' ရှင် အခန်းထဲ ဝင်တော့ တံခါးပိတ်ခဲ့လား ''
''မပိတ်ခဲ့ပါဘူး''
''ဘာလို့ လဲ ။
ဝင်လာ စေချင်လို့လား''
ထိုစဉ် တရာလိုရှေ့နေက ကန့်ကွက်လိုက်သည်။
''ကန့်ကွက်ပါတယ်။
တရာခံ ရှေ့ နေဟာ သက်သေ ကို မိမိ လိုလားသော အချက်တွေနဲ့ စကားလမ်းကြောင်းပြီး မေးနေပါ
တယ်။
တရားသူကြီးမှ တစ်ဆင့် တားပေးစေလိုပါတယ်။''

အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now