အပိုင်း(၇)

13 1 0
                                    

   နှလုံးသား တစ်စုံဟာ သူ ကြိုးဆွဲရာ အလိုက်သင့် မျေားပါ
နေခဲ့ပြီ...
ပိုးသားလေးထက် ပိုပြီးနူးညံ့တဲ့ စကားတွေဟာ နှလုံးသားကို
အကြိမ်ကြိမ် တုတ်နှောင် ရစ်ပတ်နေတဲ့ ကြိုးမျှင်စ...
စံပယ်ကြီးမြွေ တစ်ကောင် ရစ်ပတ်ထားသည်ထက် ပိုပြီး တင်းကြပ်စွာ ရစ်နှောင် ခံနေရသည်....
       " မမ ရည်းစား ထားတော့လေ "
မစီမဆိုင် ဘာသဘေားနှင့် ပြေားသည် မသိ ....
သူ့ ကို လှည့်ကြည့်မိတော့ ပြည်တည်တည်နဲ့...
မဖြေပါဘူး ...သူ့ မေးခွန်းနဲ့ သူ့ ပြန်မေးရတာပေါ့။
" ဘာလို့ လဲ ။ ဒီလောက် ငယ်သေးတာကို ရည်းစားထားချင်
နေတာလား... " မကြည်သလို ကြည့် ပြီး ဘုဆတ်ဆတ် ကလေး ပြေားလိုက်တယ်။
       ဒီတော့ ကိုယ်တော်ချေားက... "ကျွန်တော် က တော့
ဟုတ်ပါပြီ။ မမ က မငယ်တော့ဘူးလေ... "
" အောင်မာ... မငယ်တော့ ဘူးလို့် ဘယ်သူပြေားလဲ..
အမေက ပြေားတယ်နော် သမီးက ငယ်သေးတယ်တဲ့ "
        ဒီလို ပြေားတော့ မျက်နှာကို အနီးကပ်ကြည့်ပြီး ရယ်
တယ်။
      "မမ.. မမ ကြိုက်တဲ့ ကောင်လေးပုံစံ က ဘယ်လိုမျိုးလဲ
ဟင်.. " ပထမ ဆုံး အမေးခံလိုက်ရတဲ့ ထူးထူးဆန်းဆန်း
မေးခွန်းလေး တစ်ခု...
ဖြေဖို့ အဖြေ က အစဉ်သင့် ရှိပါတယ်။
" ယောက်က်ျားပီသရမယ်.. အားကစားတစ်ခုခု မှ ထူးချွန်ရ
မယ် ...အထူးသဖြင့် ဘောလုံး ကန်တတ်ရမယ် ...ဒါ ဆိုရပါပြီ။ "
" မမ က ဘောလုံး ၀ါသနာပါတာလား"
"အင်း.. "
" ကျွန်တော်က ခြင်း ခတ်တာကိုပဲ ၀ာသနာ ပါတာ။ "
" ကောင်းတာပေါ့... အားကစားတိုင်းက လူ့ အတွက် ကောင်းတယ်။ ကြိုးစား... "
သူ ခဏတာ ငြိမ်သက်သွားသည်။
တစ်ခုခု ကို စဉ်းစားနေပုံပဲ။
ရွှေရေး လည်း အေးလာတာနဲ့ ပေါင်ပေါ်မှာတင်ထားတဲ့ သူ့ အိင်္ကျီ လေးကို မျက်နှာ အုပ်မိအောင် ခြုံလိုက်တယ။်
သူ က အင်္ကျီ ပေါ် ကနေ မျက်နှာကို လာညှစ်တယ်။
မျက်နှာ ဖွင့်ကြည့် လိုက်တော့ "မမ အိပ်ချင်နေပြီလားတဲ့.. "
"အင်း... အိပ်ချင်နေပြီ " လို့ ပြန်ဖြေလိုက်တယ်။
ဒီတော့ သူက "ကျွန်တော်လည်း အိပ်ချင်နေပြီတဲ့... "
ဒီစကားကို ကြားတော့ အရမ်းလန့်သွားတာပေါ့။
ဘာ အဓိပ္ပာယ်နဲ့ ပြေားတာလဲ။ အတွေးတွေက အစွန်းရောက်
သွားတယ်။ ကြောက်လည်းကြောက်လာပြီး သူ့ ဘက်ကို
လှည့် ထိုင်လိုက်ပြီး
    " ဘာ အိပ်ချင်တာလဲ... မအိပ်ချင်ရပါဘူး...
မင်း ကို ဘယ်သူက သွားမယ်လို့ ပြေားလို့ လဲ။ မင်း ဘာသာမင်း အတင်း ပြန်လာတာနော်။
ရောက်အောင်မောင်း ။
မရပ်နဲ့ ..." ကြောက်အားလန့်အားနဲ့ ဘာတွေ ပြေားလိုက်
မှန်းတောင် မသိဘူး.။
ရွှေရေး လည်း မျက်လုံး မမှိတ်ရဲတော့ဘူး။
သူ့ ဘက်ကိုလှည့် ထိုင်ပြီး...
ပြေားစရာ စကားရှာနေ လိုက်တယ်။
နောက်တော့ အကြံတစ်ခုရသွားတယ်။
သူ့ ဆံပင် လေ ။ သူ့ ဆံပင်လေးတွေက အရမ်းမကောက်
ပေမယ့် နည်းနည်းတော့ ကောက်တယ်ထင်တယ်။
သူ လည်း အိပ်မငိုက်အောင် ရွှေရေး လည်း အဆင်ပြေ
အောင် ရစ်ရတော့တာပေါ့ ။
" မင်း ဆံပင်တွေက ဘာလို့ ကောက်နေတာလဲဟင် "
" မွေးကတည်းက ကောက်တာ.."
"ဘာလို့ မွေးကတည်းက ကောက်တာလဲ"
"မမ ကလည်း ဘယ်လို လုပ်သိမှာလဲ"
"မင်း လှချင်လို့ သက်သက်မဲ့ ကောက်ထားတာ မလား
ဘယ်ဆိုင်မှာ ကောက်တာလဲ... "
စသည်ဖြင့် မေးခွန်းတွေကို လှည့်ပတ်ပြီး မေးလိုက်တော့
သူ ပြေားပြပုံ တွေ က အရမ်း သဘေားကျစရာ ကောင်းတယ်
ပျော်လည်းပျော်တယ်။
သူ့ ဆံပင်တွေကို ဖွပြီး သူ ကို ရစ်ရတာ အရမ်းပျော်တာပဲ။
တစ်ချက်တစ်ချက် လက်တွေကို ဖမ်းစုပ်ပြီး တင်းတင်းကြပ်ကြပ် ကိုင်ထားတတ်သေးတယ်။
သူ က အဲ့ လို ကိုင်တိုင်း အသည်းအသန် ရုန်းရတာပေါ့။
ရင်ခုန်လွန်းလို့ သေတော့မယ်လေ။ သူလည်း ရွှေရေး လိုပဲ ရင်ခုန်နေမှာပါ ။
        သူ့ ကို ရစ်လို့ ၀ သွားတော့ ခဏ တိတ်ဆိတ် သွားပြန်
တယ်။ ရွှေရေး ငြိမ်နေပြီဆို သူ မနေနိုင်ဘူး။ ပါးပြင်တွေကို
ထိတွေ့ တာမျိုး ဆံပင်တွေကို ပွတ်သပ် နေတာမျိုး လုပ်တတ်တယ်။
      ကြည်နူးစေတဲ့အခိုက်အတန့်ပေါ့...
ပြီးရင် သူက စကားရှာပြေားတယ်... " မမ ဘယ်သူ့ ကို လွမ်းနေတာလဲ.. " သက်သက်မဲ့ အကြောင်းရှာပြီး ပြေားတာ
လေ။ မသိတာကျလို့်။ ဒီတော့ ရွှေရေး ကလဲ ခပ်တည်တည်
နဲ့ ပြန် စ ရတာပေါ့။
"အောင်မြင့်မြတ် ကိုလေ.. အရမ်းသတိရတာပဲ " သူ က ရုပ်ရှင် မင်းသားအောင်မြင့်မြတ် နဲ့ ခပ်ဆင်ဆင် မို့ စိတ်ထဲ ပေါ် လာတာနဲ့ ပြေားလိုက်မိတယ်။
" မမ က အောင်မြင့်မြတ် ကို ကြိုက်တာလား "
" ကြိုက်တာပေါ့... သူ က ယော်င်္ကျား ပီသတယ်။   ခန္ဓကိုယ်
လည်း လှတယ်။ စစ်ခ်ပတ် ကြွက်သားတွေနဲ့ အရမ်း ကြည့်ကောင်းတယ် " လို့ ပြေားလိုက်တော့..
" ကျွန်တော့် မှာလဲ စစ်ခ်ပတ် တွေ ရှိပါတယ် "
ရုပ်တည်ကြီးနဲ့ ပြေားတာလေ။
ဒီက လည်း ဘယ်ရလိမ့် မလဲ..
    " ဘယ်မှာလဲ.. စစ်ခ်ပတ်... ပြစမ်းပါဦး... ကြည့်ချင်လို့"
ဆိုပြီး ပြေားလည်းပြေား လက် ကိုလဲ သူ့ ရင်အုံ အောက်ကို
လှမ်းစမ်းကြည့် မိတော့ သူ က ယားတတ်တယ်လေ။
ရုတ်တရတ် ကားရပ်လိုက်ပြီး လက်တွေကို ဖမ်းချုပ်ထားတယ်
မျက်နှာကို အနီးကပ် သေချာကြည့်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး ရယ် ဖြစ်ခဲ့တယ်။
ဒါ နိုင်ကွက်ပဲပေါ့ ။ သူ ပြေားစကားနားမထောင်ရင် သူ့ ရင်ဘက်ကို လှမ်းကိုင် လိုက်တာနဲ့ ကိုယ်ဖြစ်ချင်သလို လုပ်
လို့ ရပြီ။
        သူ့ ကို တစ်လမ်းလုံး စ နောက်လာခဲ့တာ ။
သူ အချိန်တိုင်း လက်တွေကို စုပ်ကိုင်ထားခဲ့တယ်။
အကြည့်တွေ ကို နှလုံးသားထဲထိ ဖောက်ပြီး ကြည့် ဖြစ်ခဲ့တယ်။
တလေားကလုံးကို မေ့ပြီး နှစ်ယောက်သား ပျော်နေခဲ့တာ။
လက်ရှိ ဖြစ်တည်မူတွေကို မေ့လို့ပေါ့။
ဒီအခိုက်အတန့် တွေ မကုန်ဆုံးစေချင်ဘူး။
ဒါ ကြောင့်လဲ သူက ဖြည်းဖြည်းချင်းမောင်းနေတယ် ထင်တယ်။
အိမ်ပြန်ရောက်တာနဲ့ သူ နဲ့ ဝေးရတော့ မှာလေ။
ရင်းနှီးနွေးထွေး မှုတွေ ကို ပြန်သိမ်းထားရတော့မယ်။
နှလုံးသားချင်း ရင်းနှီးခဲ့တဲ့ အချိန်ကို နှမျောမိတယ်။
ဘယ်ချိန် ဘယ်ကာလ မှ ဆိုတာ မသေချာဘူးလေ။
ရွှေရေး တွက်တော့ အရာအားလုံးဟာ ပထမဆုံးပါ ။
လက်ကို စုပ်ကိုင်ထားတာ သူ ပထမဆုံး..
ဆံပင်တွေ ကို ပွတ်သပ် ပါးပြင်ကို ကိုင်တွယ် ခဲ့တာ သူ ပထမဆုံး..
နှလုံးသားကို လှုပ်ခတ်စေခဲ့တာ သူ ပထမဆုံး..
ယောက်ျားလေးတစ်ယောက်နဲ့ ရင်းနှီးနွေးထွေးစွာ ထိတွေ့ဆတ်ဆံ ရတာ ပထမဆုံးပါ...
ရွှေရေး ရဲ့  စံသက်မှတ်ချက် တွေနှင့်မကိုက် ညီပေမယ့်
ရွေးချယ်ခံရသူ...
           သူ.. သူ... သူ..
သူ နဲ့ မဝေးချင်တော့ဘူး..
     ည ဆယ်တစ်နာရီ လောက်မှာ အိမ်ပြန်ရောက်တယ်။
မောင်လေးတို့် အမေ နဲ့ အဖေ တို့ မအိပ်ပဲ စောင့်နေတာ။
ထိုက် ကို အမေ နဲ့ အဖေ က ဧည့်ခံတယ်။
စကား ခဏ ပြေားပြီး ထိုက် က ပြန်သွားတယ်။
ရင်ထဲ ဟာ တာတာ ကြီး ဖြစ်ပြီး ကျန်ခဲ့ တာပေါ့။
ခဏနေတော့ သူ့ ဆီက စာတစ်ဆောင်ရောက်လာတယ်
"အိပ်ပြီလား မမ.. အိပ်တော့နော်..မမ အရမ်းဆိုးတယ် "
ဆိုပြီး စာ ပို့ လာတယ်လေ။
       ဒီလိုနဲ့ နှလုံးသားဟာ မထင်မှတ်ပဲ အချစ်ဆိုတဲ့ အရာ
ကို မွေးဖွားပေးလိုက်တယ်။
    ဒါ ဟာ ပူလောင်ခြင်းရဲအစပေါ့ ။
အချစ်မီး ရဲ့ လောင်မြိုက်မှု မှာ နှလုံးသားက လောင်စာ ဖြစ်ခဲ့
သည် ထင်၏။
    
     

အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now