အပိုင်း(၅)

17 1 0
                                    

      ကျွန်မနှလုံးသား ကို အပိုင်သိမ်းဖို့ အတွက် အင်အားကြီး စစ်တပ် တစ်ခုဖြင့် ချီတတ်လာခဲ့သူ... ကောင်လေး..
    ကြင်နာယုယ ခြင်း ၊ ဂရု စိုက်တတ်ခြင်း ဟူသော အင်အား
ကြီး စစ်တပ် ကြီးဟာ တခဏတာလေး အတွင်း မှာ ကျွန်မ
နှလုံးသား အား သိမ်းယူသွားလေ၏။
           နောက်နေ့ မနတ်စေားစေား မှာ ထိုက် ဆီက ဖုန်းလာခဲ့တယ်။
သူ လာ ခေါ် မယ်တဲ့။
        မဟုတ်လဲ တစ်ယောက်တည်းဖြစ်နေမယ့် အတူတူ
လျောက်သွားဖူးသည် ရှိအောင် လိုက်သွားမည်ဟု ဆုံးဖြတ်
လိုက်သည်။
        ပြင်ဆင်ချယ်သ ပြီး စောင့်နေခဲ့သည်ပေါ့လေ...
        မကြာလိုက်ပါဘူး။
သူရောက်လာ တယ်။ ကားပေါ်ကို တတ် လိုက်တော့
ကိုယ်တော်ချေားက ထုံးစံအတိုင်း အကြည့် မပျတ်ဘူး။
နေရခပ်လိုက်တာ အရမ်းပဲ။ မသိချင်ယောင်ဆောင်ပြီး
အာရုံလွှဲ လိုက်ရတယ်။
    '' မနတ်စာ စားပြီးပြီလား.. ''
" မစားရသေးဘူး.. မမ.. "
"ဘာစားမလဲ.. လိုက်ကြွေးမယ်လေ"
" ခုတော့ မစားသေးဘူး... အလုပ်ကိစ္စရှိသေးလို့..
အေးသာယာ သွားမှာ မမ လိုက်ခဲ့မယ် မလား "
     လိုက်စေချင်လို့ လာခေါ် သည်လို့ ရွှေရေး ထင်တယ်လေ။
ပြီးတော့ ငြင်းလိုက်ရမှာလဲ အားနာ နေသလိုပဲ ။
ဒါ ကြောင့် လိုက်သွားခဲ့တယ်။
       ဘယ်လောက်ပဲ ရင်းနှီးတယ်ပြေားပြေား နည်းနည်းတော့ ကြောက်မိတယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေး
နဲ့ ယောက်ကျားလေး မဟုတ်လား။ မတော်တဆ ဆိုတာ ရှိခဲ့
ရင် ဘ၀ က အဖက်ဆည်လို့ ရတော့မည် မဟုတ်။
    အတွေးတွေလွန်ပြီး ရင်တွေ ပူလာတယ်။
ကြောက်တဲ့စိတ် ကြောင့် လိုက်ခဲ့မိတာ မှားပြီဟုပင် စဉ်းစား နေမိ၏။
       သူ့ နားမှာ ကျောက်ရုပ် လို ငိုင်ငိုင်ကြီး ထိုင်နေတော့
သူက တစ်ခုခု ဖြစ်နေတယ်လို့ ထင်တာပေါ့။
   ''မမ.. ကားမူးနေပြီလား
    ဖြေးဖြေးလေး မောင်းနေတာကို... "
"မမူးပါ ဘူး "
" အဲ့ဒိကို သွားပြီး ဘာလုပ်မှလဲ ဟင် "
" ခရီးသွား လုပ်ငန်း တိုးချဲ့ဖို့ ညှိနှိုင်းစရာလေး တွေ ရှိလို့ "
" ကြာ မှာ ပေါ့ နော်... "
" သိပ် မကြာပါဘူး... "
သူ နဲ့ သာ စကားပြေားနေပေမယ့် စိတ်ကတော့ လမ်းတစ်
လျှောက် ကို လိုက်မှတ်နေတယ်။
ဘယ်ရောက်နေတာလဲ လို့ပေါ။့
ပြီးတော့ GPS  ဖွင့်ထားလိုက်တယ်။
မြို့ နယ် ရဲစခန်း ဖုန်းနံပတ် ကို အဆင်သင့် ခေါ် လို့် ရအောင်
လုပ်ထားလိုက်တယ်။
        ရယ်စရာတော့ ကောင်းတယ်နော်...
ပထမဆုံး အတွေ့ အကြုံလေး ဆိုတော့... ကြောက်လည်း ကြောက် တစ်ခုခု မှားသွားမှာလဲ ဆိုးတယ်လေ။
        ဘေးပတ်ဝန်းကျင် ကို အာရုံစိုက်ပြီး ကြည့်နေခဲ့တာ..
တစ်ချက်တစ်ချက် ဆို လမ်း တွေက အရမ်း ကွေ့ကောက် လွန်းတော့ ချိုးကွေ့ တဲ့ အချိန်တွေဆို သူ့ ပေါ် ကို ယိုင်ကျ
သေးတယ်။
      အဲ့ဒိ အခါ သူက ခန္တာကိုယ်ကို ပြန်ထိန်းပေးပြီး အသားယူ သေးတယ်။ မျက်နှာကလည်း ကျေနပ်နေတဲ့ ရုပ်နဲ့
" မမ.. ကလည်း သတိလေး ဘာလေးလဲ ထားပါ ဦး..
ခဏခဏ ပဲ ကျွန်တော့ဆီ ရောက်ရောက်လာတယ်။"
       " မင်း က ဖြေးဖြေးလေး မှ မကွေ့ တာ ။ အဲ့ဒိ တော့ ယိမ်း တာ ပေါ့ လို့... ''
  သူက ရွှေရေး ကို ထိန်းထားတုန်းပဲ။ မလွတ်သေးဘူး။
သူ ရဲ့ အထိအတွေ့ တွေက ကြောက်နေမိတယ်။
သူ လာထိတဲ့ အချိန်တိုင်း ရင်ခုန်နေမိတယ်။
အဲ့ဒိ အခါ အကြောက်အကန်ငြင်းပြီး ရုန်းထွက် ရတာပေါ့။
ရွှေရေး ခေါင်း ထဲမှ သူ့ကို ရင်ခုန်ဖို့ မဖြစ်နိုင်ဘူး လို တွေးတယ် ။ ဘာကြောင့်ဆို သူ အရမ်းငယ်တယ်။ ပြီးတော့ မောင်လေး သူငယ်ချင်း လဲဖြစ်တယ်။ သာမန် ပတ်သက်မှု ကပဲ သင့်တော်တယ်လို့ တွေးမိတယ်။
ပိုဆိုးတာက ထိုက် က ငယ်လဲငယ်တော့ ရွှေရေး ပေါ် စိတ်ကစားမှာကို ကြောက်တယ်။
          ဒါ ကြောင့် ဆင်ဆင်ခြင်ခြင် နေခဲ့တာပေါ့။
သူ ကတော့ ဒါ တွေကို စဉ်းစားမယ် မထင်ပါ ဘူး။
ဖြစ်ချင်တာ ရချင်တာကို တဇွတ်ထိုး ယူမယ့်ပုံမျိုး၊
          ရွှေရေး တို့ တောင်ကြီးက ထွက်လာတာ နာရီဝက်လောက် တော့ရှိပြီ။
အေးသာယာ မြို့ ထဲ တောင်ဝင်နေပြီလေ။
     အဲ့ဒိချိန် တစ်ခု သတိထားမိတာက ဒီနေရာ ဒီလမ်းတွေ
ကို ငါ မသိပါ ဘူး ဆိုတာပဲ။
      ချက်ချင်းပဲ... ထိုက် ကို မေးရတော့တာပေါ့..
" ထိုက် ..မင်း ဘယ်သွားနေတာလဲ..
  ဒီနေရာတွေကို မမ မသိပါ ဘူး..
ထိုက်.. မင်း မမ ကို ဂျင်း မထည့် နဲ့နော်... "
ထိုက် ကရယ်တယ်။ ပြီးတော့...
    " မမ.. က ကျွန်တော့ ကို ကြောက်နေတာလား.. "
" မဟုတ်ပါဘူး... တစ်ခါ မှ မရောက်ဖူးတဲ့ နေရာမို့ မေးကြည့် တာပါ။. "
      ရွှေရေး မျက်နှာကို အသေအချာ ကြည့် ပြီး
     " မမ.. ကျွန်တော့် ကို ကြောက်နေပါတယ်။
  ကျွန်တော့ ကို ဘယ်လိုလူမျိုး များထင်နေ တာလဲ.. "
      " မထင် ပါ ဘူး ဒီတိုင်း ရိုးရိုး မေးကြည့် တာပါ..
မမ က ဘာ လို့ မင်းကို ကြောက်ရမှာလဲ... "
မကြောက်ဖူးလို့ ပဲ ပြေားရတာပေါ့ ။ မဟုတ်ရင် သူ့ စိတ်ဆိုးမှာလေ..
      " မမ.. တကယ် မကြောက်ဘူးပေါ့ "
" အင်း..  မကြောက်ပါ ဘူး "
      " ခု.. ဟိုတယ်ကို သွားနေတာနော်... "
ကြားကြားချင်း အရမ်းလန့်သွားပြီး သူ့ ဘက်ကို လှည့်ကာ
သူ့ လက်မောင်းကို ရိုက်လိုက်ပြီး...
     " မင်း... ဘာပြေားလိုက်တာ.. "
" ဟိုတယ်ကို သွားနေတာလို့... " ပြည်တီတီ မျက်နှာ ထားနဲ့
ပြေားလာတော့ ရင် တုန် ပန်းတုန် ဖြစ်သွားတာပေါ့။
တစ်ချိန်တည်းမှာ ပဲ အတွေးပေါင်းစုံ ၀င်လာပြီး ကြောက်စိတ်
ကို ကြီးထွားလာ စေခဲ့တယ်။
        နောက်တစ်ခေါက် သေချာအောင် ထက်မေးသေးတယ်
" မင်း.. တကယ်ပြေားနေတာလား... "
" တကယ်... ပေါ့ လို့ "
         ကြောက်စိတ်ကနေ ဒေါသ အဖြစ်ပြောင်းသွားပြီး
သူ့ လက်မောင်း တွေကို ဘယ်နှကြိမ် ဘယ်နှခါ မှန်းမသိ
အဆတ်မပြတ် ရိုက် နေခဲ့ပြီး..
     " ရပ်.. ခု ချက်ချင်း.. ရပ် "
" မရပ်ပါ ဘူး ဘာလို့ ရပ်ရမှာလဲ.. " မုန်းစရာကောင်း
လောက်အောင် ရုပ်တည်ကြီးနဲ့ ပြန်ဖြေတယ်။
စိတ်တွေ က ထိန်းမရတော့ဘူး။
ကိုယ့် အတွေးနဲ့ ကို ပိုကြောက်လာပြီး...
   " မဟုတ်တာ မလုပ်နဲ့နော်... ငါ ရဲတိုင်မှာ.. ''
လို့ ခပ်ကျယ်ကျယ်လေး အော်လိုက်တော့  သူ ရွှေရေး ကို
လှည့်ကြည့်တယ်။
       ခပ်ပြုံးပြုံး မျက်နှာ ထားနဲ့ သူ့ လက်မောင်း ကို ရိုက်နေ
သော လက်ကို ဖမ်းဆုပ်ကိုင်လိုက်ပြီး..
" မ ရယ်.. ဘယ်လို ဖြစ်နေတာလဲ..
  ကျွန်တော် က အဲ့ လို လူမျိုးလား... " ကလေးတစ်ယောက်
ကို ချော့ နေသလိုပဲ။ မျက်လုံး ထဲ ထိ တစိမ့်စိမ့် ကြည့် ပြီး
လေသံချိုချိုလေးနဲ့ ပြေားနေသည်။
       ကြောက်တဲ့ စိတ်ကနေ ရင်ခုန် လာပြန်သည်။
ကိုယ့်စိတ်ကို ပြန်ထိန်းပြီး..
       " ဒါ ဆို ဘာလို့.... "
" အလုပ်ကိစ္စလို့ ပြေားပြီးပြီလေ... " သူက အနူးညွတ်ဆုံး
ချော့ပြေားနေတော့လဲ ပျော့ပြောင်းရပြန်တာပေါ့။
           သက်ပြင်း တစ်ချက် ချလိုက်ပြီး သူ့ မကြည့်တွေ
အထိအတွေ့ တွေက နေ ရှုန်း ထွက် လိုက်တယ်။
သူ့ တွက်တော့ ရယ်စရာ ကောင်းနေမှာပေါ့။
ရွှေရေး ကတော့ မရယ်နိုင်ပါဘူး။ စိတ်လေးနေတုန်းပဲ။
ခဏအကြာတော့ သူ ဟိုတယ် တစ်ခုထဲကို ၀င်သွားတယ်။
ပြီးတော့ ကားထဲကနေ ဆင်းပြီး ရွှေရေး ကို တံခါး လာဖွင့်ပေး
တယ်။
       ရွှေရေး လည်း ကြောက်စိတ်ရှိနေသေးတာ ရယ် ယုံကြည်လို့် မရသေးတာရယ်ကြောင့် သူ နဲ့ မလိုက်ဘူးလို့
ငြင်းရတာပေါ့။
       " မလိုက် တော့ဘူး.. ဒီမှာပဲ နေခဲ့တော့မယ် ''
သူ့ ကို မကြည့် ရဲပဲ မျက်နှာလွှဲ ပြီးပြေားလိုက်တယ်။
သူ ရယ်ပြန်ပြီလေ။ ရွှေရေး ဘာတွေး နေလဲ ဆိုတာ သူသိနေ
တဲ့ပုံပဲ။
      သူက ပါးနပ် ပါ တယ်။ဆတ် မခေါ် ပဲ ထားခဲ့ ပေးတယ်။
" နည်းနည်းတော့ ကြာမယ်နော် မမ "
ရပါတယ်လို ခေါင်းညိမ့်ပြ လိုက်တယ်။ ဒါ ပေမယ့်  နောက်အတွေး တစ်ခုက ပေါ်လာပြန်တယ်။
တခြားမဟုတ်ပါဘူး သူ ထားသွားမှာကို စိုးရိမ်သွားတာ။
ချက်ချင်း ပဲ သူ့ ကိုပြန်ခေါ် လိုက်ပြီး
  " မင်းဖုန်း ပေးခဲ့ပါလား... "
   သူ နောက်ပြန်လှည့်လာပြီး " ဘာဖြစ်လို့လဲ မမ "
လို့ မေးတော့ " ဟိုလေ.. ဟို... " ပြေားမပြရဲပဲ ဖြစ်နေတာ
ဒါ ပေမယ့် သူ က ရွှေရေး စိတ်ကို နားလည်နေသလိုပဲ။
အလှဆုံးအပြုံးတစ်ခုကို သူ့ မျက်နှာမှာ တွေ့ လိုက်ရတယ်။
မထင်မှတ်ပဲ သူ့ မျက်နှာက ရွှေရေး  နဲ့ အနီးဆုံးကို ရောက်
တယ်။ တစ်လက်မ လောက်လေးပဲ ကွာမယ်ထင်တာ်။
မနေတတ်တော့ဘူး။ ရင်တွေ အရမ်းခုန်လာပြီး မျက်တောင်
ကို တစ်ဖျက်ဖျက်ခတ် ကာ အသက်ရှုသံတွေ တောင် ကျယ်လာပြီ။
        သူက တော့ အရယ်အပြုံးမပျက် ပြေားနိုင်သေးတယ်။
" မမ ရယ်.. ကျွန်တော် ပြန်လာမှာပေါ့... မမ ကို မထားခဲ့ပါ
ဘူး... " ချိုမြပြီး နူးညံ့ နေတဲ့ စကားသံ။
       မမေ့ရက်နိုင်အောင် စိုးမိုးနေခဲ့ပြီ။
ဒါ ပေမယ့် ပြန်ထိန်းတယ်။ မဖြစ်နိုင်ဘူး မဖြစ်သင့် ဘူးလို့
ကိုယ့်ကိုကိုယ် ပြန်ပြီး သတိပေးနေခဲ့ရတယ်။
သူ့ ရဲ့ ဆွဲဆောင်မူတွေက အားကောင်းလွန်းတယ်။
      သူ့ ဖုန်းနဲ့ ကားသော့ကို ရွှေရေး ကို ပေးခဲ့တယ်။
ပြီးတော့ သူ ဟိုတယ် ထဲဝင်သွားတယ်။
နာရီဝက်လောက် ကြာတော့ ပြန်ထွက်လာတယ်။
ရွှေရေး က ပြီးပြီ ထင်နေတာ။
      မပြီးသေးဘူးတဲ့ ပြင်းလို့ ခဏထွက်လာတာတဲ့လေ။
ကားထဲကို ၀င်ထိုင်ပြီး ရွှေရေး ဖုန်းကို ယူသွားတယ်။
ပြီးတော့ ဖွင့်တယ်။ ဖွင့်လို့ ဘယ်ရပါ့မလဲ။
လက်ဗွေနဲ့ မှ ရမှာလေ။
        " မမ ဖွင့်ပေးဦး "
" ဖွင့် ပေးပါ ဘူး ။ဘာလုပ်မို့ လဲ.. ။"
" ကြည့် ချင်လို့.. "
" မကြည့်နဲ့.. "
"လုပ်ပါ မမ ကလဲ ဖွင့်ပေးပါ နော်လို့.. နော်.. " ကလေးတစ်ယောက်လို ချွဲနွဲပြနေလိုက်တာ ။ အမြင်ကပ်စရာ
ကြီး။
     ဒီကလဲ မပျော့သွားပါနော်။
နောက်ဆုံး မဖွင့်ပေးတော့ ရွှေရေး လက်ကို ယူပြီး ဖွင့်ဖို့ ကြိစားတယ်လေ။
   လက်သီး စုပ်ထား လိုက်တော့ တစ်ချောင်းပြီးတစ်ချောင်း
ဖြည်နေတာ ။
     နောက်ဆုံးတော့ လဲ ယောက်ျားလေး အားဆိုတော့
မနိုင်တော့ဘူးပေါ့။ ဖွင့်ပေးလိုက်ရတော့တယ်။
ဒီလိုမျိုး တခြားတစ်ယောက်နဲ့ ထိတွေ့ ဆတ်ဆံရတာ ပထမဦးဆုံးပဲ။ ပျော်တယ်။ ငယ်ငယ် တုန်းက သူငယ်ချင်းတွေ
နဲ့ ဆော့ သလိုပဲ ။စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးနေတယ်လေ။
သူ ဖုန်းထဲကို လျောက်မွှေနေတယ်။ ဘာမှ မရှိတာကို ဘာတွေလိုက်ရှာနေမှန်းမသိပါ ဘူး..
ဘာမှ မပြေားတော့ပဲ လွှတ်ထားပေးလိုက်တော့တယ်။
နည်းနည်းကြာတော့ ကားထဲမှာ နေရတာ ငြီးငွေ့နေပြီလေ။
" မပြန်သေးဘူးလား... ပြန်မယ်လေ "
" အစည်းအဝေး က မပြီးသေးဘူး မမ ရဲ့ "
" မင်း မှ မသွားပဲနဲ့.. ပြန်မယ်လေ.. "
" ခဏလေးပါ မမ ရဲ့ ပြီးရင် လုပ်စရာလေးရှိသေးလို့။"
      မတတ်နိုင်ဘူးလေ စောင့်ရတော့တာပေါ့။
     စောင့်နေရင်းနဲ့ အိမ်က ဖုန်းလာတယ်။
ပစ္စည်းထည့်ပေးလိုက်တယ် ဆိုတဲ့အကြောင်း..
ထိုက် ကို အကူအညီတောင်းပြီး လာပို့ ခိုင်းထားတဲ့ အကြောင်းပြေားတယ်။
ထိုက် ဆီ လဲ ဖုန်းခေါ် လိုက်ပါဦးတဲ့လေ။
ထိုက် နဲ့ အတူရှိနေတာကို အိမ်က မသိကြဘူး၊
ပြေားလဲမပြေားရဲပါဘူး။ ဒီလို လျောက်သွားနေမှန်းသိရင် ဆူ
မှာဆိုးတာနဲ့ မပြေားလိုက်ဘူး။
ထိုက် ဖုန်းနံပတ် မရှိဘူးလို့ ။ ထိုက် ကို ပဲ ဖုန်းခေါ် ခိုင်းလိုက်
လို့ ပြေားလိုက်တယ်။
ထိုက် ကလဲ ပါးနပ်တဲ့သူပါ။ တိတ်တိတ်ကလေး ဘေးမှနေနေ
တယ်။
       အိမ် က ဖုန်းချပြီး မကြာပါဘူး ။မောင်လေး က ထိုက် ဆီ ဖုန်းဆတ်တယ်။
မမ ကို ပစ္စည်းတွေ ပို့ ပေးလိုက်ဦး ။ လို့် ပြေားတော့
ထိုက် က လည်း " မင်း မမ က ဘယ်မှာလဲ ။ငါ က ဘယ်ကို
သွားပေးရမှာလဲ "လို့ မေးတော့ " မမ ကို ဖုန်းခေါ် လိုက်
မမ လိပ်စာ ပြေားပြလိမ့်မယ်" လို့ ပြေားလာတယ်။
ရွှေရေး တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံး မိ
တယ်။ သူများကို အရူးလုပ်ရတာကို ပျော်နေတယ် ထင်တယ်။
ထိုက် က ဆတ်ပြေားသေးတယ်။
"မင်း မမ ဖုန်းနံပတ် ငါ့ မှ မရှိဘူး ။ မင်းဘယ်တုန်းက ပေးလို့ လဲ "ဆိုပြီး ပြန်ပြေား တော့ မောင်လေးက ပို့ ပေးလိုက်မယ်တဲ့ လေ။
     တကယ်တမ်း အတူရှိနေတာတာ သိရင် ဘယ်လို့ဖြစ်သွား
မှာလဲနော်။ လေားလေားဆယ်တော့ ရွှေရေး တို့ နှစ်ယောက်
ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။
      သူ့ အလုပ်ကိစ္စ ပြီးတော့ မနတ်စာ စားကြတယ်။
မနတ်စာ ဆိုပေမယ့် နေ့လည်ရောက်နေပြီ။ စားပြီး တာနဲ့
တောင်ပေါ် ပြန်တတ်လာခဲ့တယ်။
        တောင်ပေါ် ပြန်ရောက်တော့ အိမ်က ပို့်တဲ့ ပစ္စည်း ကို
ကားပေါ် မှာပဲ အတူတူ စောင့်နေလိုက်တယ်။
       အိမ်ကပစ္စည်း ရောက်လို့ အလုပ် ကိစ္စ စေားစေားပြီးရင် ပြန်မယ်လို့ ထိုက် က ပြေားတယ်။
မပြန်ချင်သေးပေမယ့် တခြားကားနဲ့ ဆို အဆင်မပြေမှာဆိုးလို့
သဘေားတူလိုက်ပါတယ်။
       ပစ္စည်းက ညနေ သုံးနာရီမှာ ရောက်တယ်။
ရောက်ရောက်ချင်း အလုပ်ကိစ္စ လေး လက်စသပ် လိုက်ပြီး
အ၀တ်အစားထုတ်တွေယူ ကာ ထိုက် နဲ့ ပြန်လာခဲ့တယ်။
တောင်ကြီးက စထွက်တော့ ညနေ လေးနာရီ ခွဲနေပြီ။
ဘယ်လိုပဲဖြစ်ဖြစ် မိုးချုပ်တော့မှာပဲ။
                           ......     ......







      
  

      

အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now