အပိုင်း(၅)

44 3 0
                                    

        သု အလှည့် ပြီးချိန်မှာတော့ ယု အလှည့် ကို ရောက်
လာ ၏။
        ဦးဉာဏ်လင်းအောင် က စတင် စစ်မေးခဲ့သည်။
       '' ယုနှင်းခိုင် စားသောက်ဆိုင်မှာ သီချင်းဆိုတယ်နော်''
''ဟုတ်ပါတယ်။''
         ''   ဘယ်ချိန်ကနေ ဘယ်ချိန်ထိ ဆိုရလဲ''
'' ညနေခြောက်နာရီခွဲ ကနေ ည ဆယ့်နှစ်နာရီ ခွဲထိပါ။''
          '' အခင်းဖြစ်တဲ့ နေ့ကအလုပ်ကို ဖျက်ပြီး လာခဲ့တာ
ပေါ့''
   '' အဲ့ ဒိနေက ကျွန်မ နေမကောင်းလို့  ခွင့်တိုင်ထားတာ''
   ''နေမကောင်းလို့ အလုပ်ကို မသွားဘူး။ အခင်းဖြစ်တဲ့ နေရာကိုတော့ ရောက်အောင်လာတယ်နော်''
   ''ကျွန်မ သူငယ်ချင်း တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့''
   ''  ထားပါတော့။
       ဘာဖြစ်လို့ ဦးဝဏ္ဏ နောက်ကို လိုက်သွားတာလဲ ''
   '' ကျွန်မ လိုက်သွားတာ မဟုတ်ဘူး ။ ကျွန်မ နောက်ကို
လိုက်လာတာ''
    ''ဟုတ်လား ။''
        ခနဲ့ သံ သဲ့သဲ့ ပါအောင် ပြေားသည်။
        '' တရားခံ ရှေ့နေ ပြေားတဲ့ စကားကိုပဲ ပြန်မေး ပါ့မယ် ။ ကိုယ့်နောက်ကနေ လိုက်နေတဲ့သူကို တစ်ချက်
လောက်လှည့်ကြည့်ပြီး မမေးခဲ့ဘူးလား''
   '' ကျွန်မ အခန်းထဲ ထွက်လာတဲ့ ချိန်မှ သူုရောက်လာ တာလေ ။ ကျွန်မ က ဘယ်လို သွားမေးရမှာလဲ''
          '' အခန်း ထဲ ရောက်လာတာနဲ့ ပဲ ခွင်တည့် ပြီဆိုပြီး
ဖျားယောင်းတယ်ပေါ့။  အတူအိပ်ဖို့ မြူဆွယ်တယ်ပေါ့ ။ ဟုတ်လား ။        နဲနဲ တော့ရည်ရတယ်နော်''
        ဦးဉာဏ်လင်းအောင် ဘာ ဆတ်ပြေားမယ်ဆိုတာ မသိပေမယ့် ဆတ်ပြေားရင် သိက္ခာတရားတွေ ထိခိုက်တော့
မှာ မို့ အချိန်မှီ လှမ်းတားလိုက်သည်။
       '' တရားသူကြီး မင်းရှင့် ။ တရားလို ရှေ့နေဟာ ကိုယ်
ထင်တာတွေကို ဆွဲပြေားနေပြီး ကျွန်မ အမှုသည်ရဲ့ ဂုဏ်သိက္ခာ ကို ထိပါးနေတာကြောင့် တရားသူကြီးမင်းမှ
တဆင့် တားမြစ်ပေးစေလိုပါတယ်။''
            ရဲဝင့် စူးရှတဲ့ အကြည့်တွေဟာ ဦးဉာဏ်လင်းအောင်
ကို ထိတ်လန့်သွားစေခဲ့သည်။
         '' တရားလို ရှေ့နေ အမှုသည်ရဲ့ ဂုဏ်သိက္ခာ ကို ထောက်ထားငဲ့ညာပါ ''
          ထို့နောက် ဆတ်၍ မေးမြန်းသည်။
         '' ဒါဆို အိပ်ယာ ပေါ် က အပေါ်ထပ်အိကျီ င်္ကရော်
ဘာလို့ ချွတ်ခဲ့တာလဲ''
         ''ကျွန်မ တစ်ကိုယ်လုံး ကိုက်ခဲနေတယ်။ ခေါင်းမှုးပြီး
ငြီးစိစိ ဖြစ်နေတာကြောင့် ရေ နဲ့ ဆေး ဖို့ ချွတ်ခဲ့တာ ။ ဘာ
ကြောင့်မှ မဟုတ်ဘူး။''
          '' ရေချိုးခန်း ထဲ မှာ ချွတ်လို့ ရတာပဲ ။''
      ''ကျွန်မ အဲ့ လောက်ထိ စဉ်းစားနေချိန်မရှိဘူး။
ကျွန်မ ဝေဒနာ ပျောက်ဖို့ပဲ ခေါင်းထဲမှာရှိတယ်''
       
      '' ရေချိုးခန်းထဲက ထွက်လာပြီး မင်းကို ဆော်ကားဖို့
ကြံတာလား''
         ''ဟုတ်တယ်။ ''
''အဲ့ဒိချိန်မှာ မင်းကို ဘယ်နေရာတွေ ကိုင်လဲ။ ဘာတွေပြေား
လဲ''
        ဘာမှ ပြန်မဖြေပဲ နှုတ်ဆိတ်နေခဲ့သည်။
မျက်လုံးအိမ်မှ မျက်ရည်များသည်လည်း ရေကာတာ ကျိုးပေါက် သကဲ့သို့ အတားအဆီးမဲ့ ကျဆင်းနေတော့၏။
         ထိုအချက်ကို အခွင့်ကောင်းယူကာ လိုရာကို ဆွဲ ပြေား
တော့သည်။
         '' ဘာလို့ ပြန်မဖြေတာလဲ ''
         '' ကျွန်မ ပြေားမထွက်ဘူး။ ရှက်တယ် ''
          ''ဒါပါပဲ ဘာမဟုတ်တဲ့ စကားလေးကို ပြေားဖို့တောင်
ရှက်နေတဲ့ မိန်းကလေးက သူကိုယ်တိုင် ဖျားယောင်း သွေး
ဆောင်တာတွေကို ပြေားရဲပါ့မလား။ ဒါသဘာဝပဲ။
မိန်းကလေး တွေရဲ့ ရှက်တတ်တဲ့ စိတ်ကြောင့် အမှန်တရား
တစ်ခုလုံး ပျောက်ကွယ်သွားတော့မယ်။
         ဒါလုံးဝ မဖြစ်သင့်တဲ့ အချက်ပါ။
ဒါကြောင့် သူမရဲ့ ထွက်ဆိုချက်တွေဟာ အရှက်တရားတို့ လွှမ်းမိုးနေတဲ့ သူမ အဖို့ အမှန်တွေ ဖြစ်နိုင်ချေ မရှိဘူးလို့
ထောက်ပြအပ်ပါတယ်။''
              သူရဲ့ လျှောက်လွှဲ ချက်တွေဟာ သိပ်ပြီး တစ်ကိုယ်ကောင်း ဆန်လွန်းနေ၏။
        သူလိုချင်တဲ့ အချက်တစ်ချက်ပေါ် မှုတည်ပြီး အားလုံး
ကို အမှားဖြစ်အောင်ပြေားသွားသည်။
          စစ်မှန် ဒေါသစိတ်ဝင်လာသည်။
ဦးဉာဏ်လင်းအောင် ဟာ သူရဲ့ နေရာကို ပြန်သွားစဉ် ရိုင်းစိုင်း ယုတ်မာတဲ့ အကြည့်မျိုးနဲ့ လှမ်းကြည့်သွားသည်။
      ငါဘာလုပ်မလဲ ဆိုတာ စောင့်ကြည့်နေ ၊ မင်းတို့လောက်
ကတော့ အေးဆေးပဲဆိုတဲ့ အကြည့်။
        ရွံ့စရာကောင်းတဲ့ အကြည့်။
       စစ်မှန် စစ်ဆေးဖို့ ယုနှင်းခိုင် ဆီ သို့ သွားခဲ့သည်။
    မစစ်ဆေးခင်မှာ မေးသမျှ အားလုံးကို ဖြေဖို့ မျက်လုံးချင်း
သတိပေးလိုက်သည်။
       '' ယုနှင်းခိုင် အခင်းဖြစ်တဲ့ နေ့ က နေမကောင်းဘူးလို့
ပြေားတယ်နော်။
        ဘာလို့ လိုက်လာတာလဲ။ မလိုက်ရင် တစ်ခုခု လုပ်မယ်လို့ မေစိုးမွန် တို့ က ခြိမ်းခြောက်လို့လာ။''
        ''မဟုတ်ပါဘူး ။ အဲ့ ဒိနေ့က ကျွန်မ ကို လိုက်ခဲ့ဖို့
ခေါ်ပါတယ် ။ကျွန်မ မလိုက်ဖူး ပြေားတော့ သု ကလည်း မလိုက် တော့ ဘူးတဲ့။
         ဒါနဲ့ မေစိုး တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့
ကျွန်မတို့ လိုက်သွားခဲ့တာပါ။ ''
         '' နေမကောင်း ဘူးလို့လည်းပြေားတယ်။
ဘာဖြစ်လို့ ဒီလို အတိုအပြတ် တွေနဲ့ သွားတာလဲ။
ဒီလိုဝတ်သွားမှ အလုပ်ဖြစ်မှာ မို့လို့လား ။ ''
          ယု စစ်မှန် ကို အသေအချာ ကြည့်နေသည်။
ကြည့်နေရင်း ဝမ်းနည်စွာ ငိုနေ၏။
        သူတို့ ယုံကြည် အားကိုး တဲ့ သူကိုယ်တိုင်က သူ့ကို
မယုံကြည်တဲ့ မေးခွန်းတွေနဲ့ ရင့်သည်း ခတ်ထန်စွာ မေးရတ် လေခြင်းဆိုပြီး ဝမ်းနည်းသွားသည်။
           စစ်မှန် ကိုယ်တိုင်လည်း ရင်နင့်အောင်ခံစားနေရပေ
မယ့် အမှန်တရားအတွက် ပြီးတော့ သူမလေးတို့ တွက် စာနာ
မှုကင်းမဲ့စွာ မေးနေရသည့် အဖြစ်။
          သု ဝမ်းနည်းစွာ ငို ကြွေးနေသလို စစ်မှန် လည်း မျက်ရည်မကျအောင် ထိန်းနေရရှာသည်။
             ဒေါသစိတ်၊ ဝမ်းနည်းမှု တွေရေားနှေားနေသည့်
ငိုရှိုက်သံနှင့် အတူ သု  ပြန်ဖြေပေးခဲ့သည်။
         '' ကျွန်မ စားသောက်ဆိုင်မှာ သီချင်းဆိုတာ လေ။
ကျွန်မ မှာ ဒိ အတိုအပြတ် တွေပဲ ရှိ တယ်။
          ဒါကြောင့် ကျွန်မ ရှိတာ ကျွန်မ ဝတ်ခဲ့တယ်။
ဘယ်ယောင်္ကျားကို မှ မြူဆွယ်ဖို့ မဟုတ်ဘူး။
      ဒါကို ဘယ်လို ခေါင်းစဉ်မျိုးတပ်ပြီး ဆော်ကားဦးမှာလဲ။''
     '' ဒါ ဆို အခန်းထဲ ရောက်တော့ . . .''
    စစ်မှန် ကို ဘာမှ ထပ်မေးခွင့် မပြုပဲ အစ အဆုံးကို သူကိုယ်တိုင်ပဲ ပြေားပြခဲ့တယ်။
            '' နေဦး . .ကျွန်မ ပြေားပြမယ်။
     ကျွန်မတို့ အဲ့ဒိကို ရောက်သွားတယ်။ သူတို့ တွေ စကား
ပြေားနေချိန် ကျွန်မ ဘာမှ ပြန်မပြေားနိုင်ဘူး။
          ခဏ ကြာတော့ ကျွန်မလုံးဝ နေလို့ မရတော့ဘူး။
တစ်ကိုယ်လုံး ကိုက်ခဲလာပြီး ချွေးဇော်တွေ ပျံလာတယ်။
ခေါင်းတွေလည်း အရမ်းမှုးလာတာကြောင့် သန့်စင်ခန်း သွားဖို့ ကျွန်မ ထလိုက်တယ်။
            အဲ့ဒိ ချိန်မှာ ဦးနိုင်ကြီးက သန့်စင်ခန်း ဆိုရင် အရမ်း
ဝေးနေမယ်။ သူ့အခန်းက နီးတယ်။ ဒါကြောင့် သူ့အခန်းထဲ
ပဲ သွားဖို့ပြေားတယ်။
          ကျွန်မ လုံးဝ မခံစားနိုင်တော့ဘူး ။သန့်စင်ခန်းကို အမြန် ရောက်ချင်နေပြီ။
           ဒါကြောင့် သူ ပြေားတာကို လက်ခံခဲ့တယ်။
ကျွန်မ အခန်းထဲဝင်တော့ အကျီ င်္ကို ချွတ်ပြီး ကုတင်ပေါ်
တင်ခဲ့တယ်။ ပြီးတော့ ရေချိုးခန်းထဲဝင်ပြီး ကိုယ်လက်သန့်စင်
ပြီး ပြန်ထွက်လာတော့ ဦးနိုင်ကြီး အခန်းထဲကို ရောက်နေပြီ။
ကျွန်မ လည်း သူ့ကိစ္စ နဲ့သူ လာတာဖြစ်မှာပါ ဆိုပြီး ဒီတိုင်းပဲ
ထွက်လာခဲ့တယ်။
             ဒါပေမယ့် ကျွန်မ ကို လှမ်းဆွဲ ထားတယ်။
ပြီးတော့ သူဟကျွန်မကို ချစ်တယ်တဲ့။ ဒါကြောင့် ခဏ လောက်ပဲ ဖြစ်ဖြစ် နေပါဦး တဲ့။ ကျွန်မ သူ့ကို တောင်းပန်တယ် ။ ဒါပေမယ့် မရဘူး ။ ကျွန်မကို မတရားကြံ
တယ်။ ကုတင်ပေါ် ကို တွန်းချတယ်။ ပြီးတော့ ခန္ဓာ ကိုယ်
ကို လိုက်နမ်း တယ်။ ''
            ယု အရဲ စွန့်ပြီး ပြေားနေသည်။ ရှက်ပေမယ့် သူ
အကုန်ပြေားပြမှ ဖြစ်တော့ မယ်ဆိုတာကို သူသိနေခဲ့တာ
ကြောင့် အကုန်ပြေားပြနေ၏။
        '' ကျွန်မ ရုန်းတယ် ။မရဘူး။
         အဲ့ဒိချိန် မေစိုး ရောက်လာတယ် ။
သူ တံခါးဝကို လှမ်းကြည့်လိုက် ချိန် ကျွန်မ သူ့ကို တွန်း
ပြီး ထွက်ပြေးလာခဲ့တယ်။ သူနံရံ နဲ့ ခေါင်းနဲ့ စောင့်ပြီး ကျန်ခဲ့
တယ်။ ဒါပဲ ကျွန်မ ဘာမှ မလုပ်ဘူး''
           '' ယောကျာင်္းတစ်ယောက်ရဲ့ အခန်းထဲကို ဘာလို့
တစ်ယောက်တည်း သွားတာလဲ။
         နောက်က လိုက်လာမယ် ဆိုတာ သိလို့လား။
ဒါမှ မဟုတ် လိုက်လာစေချင်လို့လား''
           စစ်မှန် ရဲ့ မေးခွန်းတွေကို ကြားတော့ ယု နာကျင်ရပြန်သည်။
           ပြန်မဖြေသေးပဲ ရှိုက်ကြီးတငင် ငိုနေပြီးမှ
မျက်ရည်တွေကို သုတ်လိုက်တယ်။
          စိတ်ကို ပြန်ငြိမ်အောင် လုပ်လိုက်ပြီး မှ
        '' မေစိုး က လိုက်ပေးခဲ့တယ်။ ဒါပေမယ့် သု တစ်ယောက် တည်း ဖြစ်နေမှာ စိုးလို့ မလိုက်ဖို့ ပြေားခဲ့တာ။
သု က ကျွန်မတို့ နဲ့ မတူဘူး အရမ်းပျော့ညံ့တယ်။ အရမ်း
လည်းကြောက်တတ်တယ်။ ဒါကြောင့် သု ကို စိုးရိမ်လို့
မေစိုး ကို သု အနားမှာပဲ နေဖို့ ပြေားခဲ့တာ။''
        '' စားသောက်ဆိုင်မှာ သီချင်းဆိုတာဆိုတော့
ယောကျာင်္း တော်တော်များများနဲ့ ရင်းနှီးမှာပေါ့''
        '' ရင်းနှီးပါတယ်။''
'' သူတို့ တွေနဲ့ အတူနေဖူးလား ''
        ''မနေဖူးဘူး။ ကျွန်မအလုပ်က သီချင်းဆိုဖိုပဲ။
       သီချင်းဆိုပြီးတာနဲ့ ပြန်လာတယ်။''
     '' မင်းမှာ ရည်းစားရှိလား ''
''အရင် တုန်းကတော့ ရှိပါတယ်။ ခု သူသေသွားပြီ။''
          '' မင်းအပျို စစ်လား''
ဒီမေးခွန်းကို ကြားတော့ အားလုံး မျက်လုံ ပြူးသွားတယ်။
ယု စစ်မှန် ကို ပြန်ကြည့်တယ်။ တကယ်ဖြေရမှာလားဆိုတဲ့ အကြည့်မျိုး။
         ဖြေမှ ရမယ် ဆိုတဲ့ အကြည့် မျိုးနဲ့ စစ်မှန် ပြန်ကြည့်
ပြီး တောင်းဆိုတဲ့ အနေနဲ့ ခေါင်လေးကို မသိမသာ ညိမ့်ပြ
ခဲ့သည်။
  ''  မစစ်ပါဘူး''
''ဘယ်သူနဲ့ ဖြစ်ခဲ့တာလဲ ။ ဘယ်နှစ်ကြိမ်လဲ''
'' ကျွန်မ ချစ်သူနဲ့ပါ။ တစ်ကြိမ်းတည်ပါ။''
'' ပိုက်ဆံ ဘယ်လောက်ပေးလဲ ''
''ဘာလို့ ပိုက်ဆံပေးမှာလည်း ချစ်သူတွေလေ။ ကျွန်မ ချစ်သူ အတွက် ကျွန်မ ပေးဆပ်တာ ပိုက်ဆံတောင်းစရာ မလိုပါဘူး''
           '' အားလုံးကြားကြတဲ့ အတိုင်းပါပဲ။ ကျွန်မ အမှုသည်ဟာ အပျိုစစ်စစ်တော့် မဟုတ်ပါဘူး။
ဒါပေမယ့် သူသည် သူ့ချစ်သူ အတွက်ပေးဆပ်ခဲ့တာပါ။
တစ်ခြား သူနဲ့ မဟုတ် သလို ပိုက်ဆံလည်း မယူခဲ့ပါဘူး။
ဒါကြောင့် ကျွန်မ အမှုသည်ဟာ ပြည့်တန်ဆာ လုံးဝ မဟုတ် ကြောင်းကို ရုံးတော်ကို လျှောက်ထားအပ်ပါတယ်။''
      
        စစ်မှန် သူ့ရဲ့ မေးခွန်းတွေကို အဆုံးသက်လိုက်သည်။
       ပရိတ်သက်ဖက်ကို လှည့်ပြီး တရားလိုရှေ့နေရဲ့ စကား
တွေကို ပြန်လည်တုံ့ပြန်ခဲ့သည်။
       
     ''  ကျွန်မ တို့တွေ တစ်ချက်လောက်စဉ်းစား ကြည့်ကြ ရအောင် ပါ။
         ကျွန်မ တို့ မြန်မာ အမျိုးသမီးတွေဟာ ယဉ်ကျေးမှု အစဉ်အလာ ကြီးမားပြီး ဟဉ်ကျေးသိမ်မွေ့တတ် ကြပါတယ်။
          ဒါပေမယ့်  ယနေ့လိုခေတ်ကြီးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ လုပ်ဆောင်နေကြတဲ့ချိန်မှာ
အဝတ်အစား ဆိုတာကို သိပ်ပြီး အာရုံမထားတတ်ကြပါဘူး။
          မိမိ ရဲ့ စိတ် ဆန္ဒအလျောက် လွတ်လပ်ပေါ့ပါးတဲ့ အ
ဝတ်အစားတွေနဲ့ ဖတ်ရှင်ကျတဲ့အဝတ်တွေကို ရွေးချယ်လာ
ကြပါတယ်။    
            ကျွန်မအမှုသည် သည်လည်း ဒီအတိုင်းပါပဲ။
သူသည် သီချင်းဆိုနေရသူဖြစ်တာကြောင့် ခေတ်မှီဆန်းသစ်
တဲ့ အဝတ်အစားတွေကို ဝတ်ဆင်လေ့ရှိပါတယ်။
           ဒါဟာ သူ့အလုပ်နဲ့ ကိုက်ညီအောင်  ဝတ်စား ဆင်ယင် တာဖြစ်ပါတယ်။
           ယောကျာင်္းတွေကို မြူဆွယ်ဖို့ ဖျားယောင်းဖို့ လုံးဝ မ
ဟုတ်ပါဘူး။
            ရင်ဖုံးအကျီ င်္ ထဘီ မဝတ်လို့ ပြည့်တန်ဆာ ဖြစ်မယ်
ဆိုရင် ကျွန်မတို့ နိုင်ငံမှာ ရှိတဲ့ ဝန်ထမ်း တော်တော်များများ
ဟာ ပြည့်တန်ဆာ ဖြစ်သွားပါလိမ့်မယ်။
           ရဲမေတွေ၊ စစ်သမီးတွေ၊ ဋ္ဌာဏ ဆိုင်ရာဝန်ထမ်းတွေ
ကုမ္မဏီဝန်ထမ်းတွေ . .အများကြီး အများကြီးပါပဲ။
           ဒါပေမယ့် တရားလိုရှေ့နေကတော့ ပညက်ချက်တွေ
ထုတ်ထားပါတယ်။
           ပညက်ချက် နံပတ်တစ်။
          အမျိုးသမီးတွေဟာ အတိုအပျတ် အဝတ်အစားတွေ
မဝတ်ရဘူး ဝတ်ရင် အဲ့ဒိအမျိုးသမီးဟာ ယောကျာင်္းတွေကို
မြူဆွယ်နေတဲ့သူ။ ပြည့်တန်ဆာ ဖြစ်တယ်။
            သိပ်ကို ရည်ရတဲ့ ပညတ်ချက်ပါ။
          ကျွန်မ တို့ မြန်မာ အမျိုးသမီးတွေဟာ ယဉ်ကျေးမှု
အရ ရင်ဖုံး အကျီ င်္ လုံချည်တွေကို ဝတ်ဆင်ကြတာပါ။
         အဲ့ဒိလို မဝတ်ရင် ဘာဖြစ်မယ်လို့ ပြဌာန်းထားတဲ့ ဥပဒေ မရှိသလို ပြစ်ဒဏ်လည်း မရှိပါဘူး။
ဒါဟာ ပတ်ဝန်းကျင်ရဲ့ ပညတ်ချက်တစ်ခုသာဖြစ်ပါတယ်
    ကျေးဇူးတင်ပါတယ်  ''

         
     
          
       
        

        
           

        

အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now