အပိုင်း (၄)

41 5 0
                                    

                 အခန်းလေးထဲမှာ မေးစိုးမွန် နဲ့ ယုနှင်းခိုင် တို့ ခေါင်းငိုက်စိုက်က တိတ်ဆိတ်စွာ ထိုင်နေကြသည်။
          အတွေးကိုယ်စီနှင့် တစ်ယောက်နှင့် တစ်ယောက် ဘာကိုမှ မပြေားနိုင်ဘဲ ရှိနေတော့၏။
   ထိုစဉ် အပြင်ဘက်မှ တံခါးခေါက်သံကို ကြားလိုက်ရသည်။
နှစ်ယောက်စလုံး တံခါးစီသို့ လှမ်းကြည့် လိုက်ကြသည်။
ထို့နောက် တစ်ယောက်မျက်နှာ   တစ်ယောက်လှမ်းကြည့်
လိုက်ပြီး နှစ်ယောက်သား လက်တွဲကာ တံခါစီသို့ လျှောက်
လာခဲ့သည်။
                  ကြောက်စိတ်တို့ ကြီးစိုးနေသော စိတ်တို့ဟာ ခြေလှမ်းများကို နှေးကွေးသွားစေခဲ့သည်။
            တံခါးခေါက်သံများဟာလည်း ပို၍လျင်မြန် ကျယ်
လောင်လာသည်။
            တုန်ရီနေသော လက်တို့နှင့် မေစိုးမွန် တံခါးကိုလှမ်း
ဖွင့်ပေးခဲ့သည်။
            တံခါးကို ဖွင့်လိုက်သည်နှင့် မေစိုးမွန် ရင်ခွင်ထဲသို့
အတင်းတိုးဝှေ့ လာခဲ့တာကြောင့် အနည်းငယ် တွေဝေသွားသည်။
          ဒါပေမယ့် တစ်ခြားသူမဟုတ်။
          သုဝတီ ပင်ဖြစ်သည်။
        သုဝတီ ဟာ သူ့မရဲ့ မိဘ ထံသို့ သွားခဲ့ခြင်းဖြစ်တယ်။
         ရှိုက်ကြီးတငင် ငိုနေသော သူမကို နှစ်သိမ့်ပေးရင်း မိမိတို့ ကိုယ်တိုင်ပါ ငိုကြွေးနေလေတော့သည်။
             '' ဘာတွေဖြစ် ခဲ့တာလဲ သု ရယ် ။
          ပြေားပါဦး''
        သူမ ရင်ထဲမှ သု့ဝတီ ကို ပုခုံးလေးမှ အသာကိုင်ကာ
ဆွဲထုတ်လိုက်ပြီးမှ မေးလိုက်သည်။
         ငိုကြွေးနေမှုများကို အရှိန်သက်လိုက်ပြီး ပြေားရန်ပြင်
လိုက်သည်။
         သက်ပြင်း တစ်ချက် ရှိုက်လိုက်ပြီးမှ
      '' ငါ့ လို ပြည့်တန်ဆာ တစ်ယောက်ကို သမီးမတော်ချင်
ဖူးတဲ့။
       သူတို့ ရှက်တယ်တဲ့ ။
          သူတို့ ဆီ လုံးဝ မလာခဲ့နဲ့တဲ့။
          ကိုယ့် ဘဝ နဲ့ ကိုယ် နေတဲ့''
           စကားဆုံးသည်နှင့် ပို၍ ငိုကြွေးလေတော့၏။
          ယု နှင့် မေးစိုး တို့ သု ကို တစ်ဖက် တစ်ချက် ဆီ ဖက်ထားပေးကြသည်။
        ''  စိတ်ထဲ မထားပါနဲ့ သု ရယ် ။
           စိတ်တို နေတုန်းမလို့ ပြေားတာပါ။
           နောက်တော့လည်း အမှန်တရား ကို သူတို့ သိလာ            မှာပါ။''
        မေးစိုး ရဲ့ နှစ်သိမ့်စကားဟာ သု ကို စိတ်သက်သာရာ ရ နိုင် ကောင်းပါရဲ့။
           နောက်တစ်ဘက်ရုံးချိန်းမှာ ဘာတွေ ဖြစ်လာမလဲ
ဆိုတာ သူမတို့ မသိနိုင်သေးပါဘူး။
            ဘာတွေဆတ်ဖြစ်မလဲ ဆိုတာကို မစဉ်းစားရဲ လောက်အောင် ကြောက်ရွံ့နေသည်။
          သူတို့ ရဲ့ ရှေ့နေမလေး စစ်မှန် ကတော့ သက်သေ
တွေကို လိုက်လံရှာဖွေနေ၏။
            ရဲစခန်းမှာ ဆုံခဲ့ဖူးတဲ့ ရဲမေလေးဟာ သူမလေး ကို
ကူညီပေးခဲ့သည်။
          သူမကိုယ်တိုင်လည်း နည်းအမျိုးမျိုးနဲ့ အကြမ်းဖက်
ခံ နေရသူ ဖြစ်တာကြောင့် နောက်ထက် မခံစားရအောင် ကူ
ညီခြင်း ဖြစ်ကြောင်း ကို ပြေားပြခဲ့သည်။
            ယင်းနေ့က ကူညီပေးခဲ့မှုကြောင့် သူမ မှာ အမိန့်ကို
ချိုးဖောက်တယ်ဆိုပြီး အချုပ်ခန်းထဲ ထည့်ခံထားရကြောင်း
တစ်ဘက်မျှကြာကြောင်း ပြေားပြသည်။
           တခါတလေ မထိတထိ စနောက်ခြင်းများကိုလည်း
ခံစားနေရကြောင်းပြေားလာသည်။
             စစ်မှန် က သူမ ဒုက္ခတွေ့မည်စိုးသောကြောင့် ကူညီခြင်း မပြုရန် ပြေားသော်လည်း မရတာကြောင့် ခွင့်ပြု
ခဲ့ရသည်။
            ဒါပေမယ့် သူမ အတွက်ကိုတော့ စစ်မှန် စိုးရိမ်နေ
သည် မှာ အမှန်ပင်။
              တဖြည်းဖြည်းနှင့် ရုံးချိန်းကို ရောက်လာခဲ့သည်။
ဒီတစ်ခေါက်မှာတော့ တရားခံတွေ ဖြစ်တဲ့ သု တို့ စစ်ဆေးခံရ
တော့မည်။
            သူမလေးတို့လည်း စိတ်လှုပ်ရှားနေကြသည်။
         ဒါပေမယ့် ပထမဆုံး အနေနဲ့ အရင်တစ်ဘက် ရုံးချိန်း
ရဲ့ အဆတ်ကို ပြန်စတင်ခဲ့သည်။
          ဦးနိုင်ကြီး ကို တရားလိုရှေ့နေက မေးမြန်းရန် ကျန်ရှိ
နေသေးတာကြောင့် ဆတ်လက်မေးမြန်းခဲ့သည်။
         '' ဦးနိုင်ကြီး နဲ့ ဒီအမျိုးသမီးတွေက ဘယ်ချိန်က
တည်းက သိနေခဲ့တာလဲ''
            '' မေးစိုးမွန် ကိုတော့ နယ်မှာ ကတည်းက သိတာပါ။ ကျန်တဲ့ နှစ်ယောက်ကိုတော့ မေစိုးမွန်ကို လိုက်ပို့
ရင်းနဲ့ ခင်တာပါ။''
          '' မေစိုးမွန် နဲ့ တော့ တော်တော်လေ ရင်းနှီးတယ်
ပေါ့''
          ''ဟုတ်ကဲ့ ရင်းနှီးပါတယ်။ အလုပ်ကိုလည်း ကျွန်တော်ပဲ ရှာပေးခဲ့တာပါ။''
          ''အရင်က မေစိုးမွန် ဘာအလုပ်လုပ်လဲ''
          '' မသိပါဘူး ။ ဒါပေမယ့် သူတို့ တွေ က အမြဲတမ်း
        ငွေလိုနေကြတာပါ''
           ဘာမှ ဆတ်မမေးတော့ပဲ သူထင်ရာကို ဆွဲ ပြေား
လေတော့သည်။
             '' အားလုံး ကြားကြတဲ့ အတိုင်း ပါပဲ ဒီအမျိုးသမီး
တွေဟာ အမြဲတမ်းလိုလို ငွေ လိုနေကြသူများ ဖြစ်ပြီး သူတို့
ငွေရဖို့ အတွက် ဆိုရင် ဘာမဆိုလုပ်ဖို့ ဝန်မလေးတတ်တဲ့သူ
တွေပါ။
         ဒီအမှုမှာလည်း ငွေ အတွက် အကြံအဖန်လုပ်ခဲ့တယ်
ဆိုတာ သိသာနေပါတယ်''
             အဲ့ဒိနောက် တရားသူကြီးမင်း ထံ သို့ တရားခံ သုဝတီ ကို စစ်ဆေးခွင့်ပြုရန်လျှောက်ထားခဲ့သည်။
            တရားသူကြီးမင်းရဲ့ ခွင့်ပြုချက်နဲ့ အတူ စတင်မေး
မြန်းခဲ့သည်။
            '' သုဝတီ ဘာအလုပ် လုပ်သလဲ ''
            '' စားသောက်ဆိုင်မှာ လုပ်ပါတယ်။''
       ''ဘယ်လိုစားသောက်ဆိုင် မျိုးလဲ ကေတီဗွီလိုမျိုးလား''
            '' ဟုတ်ပါတယ် ''
      '' ဒါဆို ယောက်ကျားတွေနဲ့ အတူ ထိုင်တာတို့ ဘာတို့
ရှိလား''
           '' တစ်ခါ နှစ်ခါ တော့ ထိုင်ဖြစ်ပါတယ်''
    ''  အခင်းဖြစ်တဲ့နေ့က ဦးဝဏ္ဏ နဲ့ နှစ်ယောက်တည်း ရှိ
နေခဲ့တယ်နော် ''
          ''ဟုတ်ပါတယ်။''
''ဘာလို့ မေစိုးမွန် နောက်ကို မလိုက်သွားတာလဲ ။
         အတူနေချင်လို့လား ''
          သု ဒေါသထွက်သွားသည်။
သူမရဲ့ သိက္ခာတရားတွေလည်း ထိပါးလာတာကြောင့်
ဒေါသစိတ်နှင့် ငိုကြွေးလျက် ပြန်ပြေားလေသဘ်။
          '' ကျွန်မ က ဘာလို့ နေချင်ရမှာလည်း။
ကျွန်မ ပြည့်တန်ဆာ မဟုတ်ဘူး။ ရှင် နှမ ချင်း ကိုယ်ချင်းစာ
ပြီးပြေား။ ရှင့် သမီးဆိုရင်ကော် ရှင်ဒီလို ပြေားမလား''
          ပြေားရင်း ဆိုရင်း လက်ပါပါလာတာကြောင့် တရာလိုရှေ့နေက အနည်းငယ်အောဟစ်ကာ တား လိုက် ရသည်။
    '' မဆိုင်တာကို မပြေားပါနဲ့ ။ မေးတာကိုသာ ဖြေပါ။''
                သု စိတ်ကို ပြန်ထိမ်းလိုက်သည်။
''  မေစိုး က ခဏနေ ပြန်လာမှာမို့  လိုက်မသွား  တာ။
ပြီးတော့ ထထွက်သွားရမှာ အားနာလို့ ''
           '' ဒါဆို ဆိုင်က ယောကျာင်္းတွေက အတူအိပ် ခိုင်း
ရင်ကော် အားနာလို့ဆိုပြီး အိပ်မှာလား။ ''
           '' ရှင် . . .''
           သု ပြင်းပြင်းထန်ထန် တုံ့ပြန်ရန် ပြင်လိုက်စဉ်
စိတ်ကိုပြန်ထိမ်းလိုက်သည်။
         ပြီးမှ တည်ငြိမ်စွာ ဖြေ၏။
        '' မအိပ်ပါဘူး''
         ''ဟုတ်ပါ တယ် ။ ဘယ်မိန်းကလေးမှ အားနာလို့ ဆိုပြီး အတူမအိပ်ပါဘူး။ ဒါပေမယ့် အခင်းဖြစ်တဲ့ အချိန်မှာ
အားနာလို့ ဆိုပြီး သုဝတီ ဟာ နှစ်ယောက်တည်း ကျန်နေခဲ့ပါ
တယ်။
         ဒါဟာ လုံးဝ ဖြစ်နိုင်ချေ မရှိပါဘူး။ သက်သက်မဲ့
အကြံအစီရှိလို့ သာ နေခဲ့ခြင်းဖြစ်ပါတယ်။
         ကျေးဇူးတင်ပါတယ်။ ''
             အဲ့ ဒိနောက် စစ်မှန် အလှည့်သို့ ကျရောက်လာပါ
တော့သည်။
         စစ်မှန် ဟာ အမှန်တရားကို သံသယ မဝင်ရလေ
အောင် နှိုက်နှိုက်ချွတ်ချွတ် မေးလေ၏။
           '' သုဝတီ စားသောက်ဆိုင်မှာ အလုပ်လုပ်နေစဉ်
ယောက်ကျာင်္း ဘယ်နှစ်ယောက်နဲ့ အတူ ထိုင်ဖူးလဲ။''
            '' သုံးယောက်ပါ''
         '' ဘယ်သူမှ မသိအောင် တွေ့ခဲ့တာမျိုးကော် ရှိလား''
          '' မရှိပါဘူး''
          ''အဲ့လို အတူ ထိုင်ရင် ပိုက်ဆံ ဘယ်လောက်ရလဲ''
          ''တစ်သောင်း နှစ်သောင်း လောက်ရပါတယ်။''
''အဲ့ ဒိ တစ်သောင်း နှစ်သောင်းဟာ မင်းအတွက် မင်း မိသားစု အတွက် လုံလောက်ရဲ့လား''
          ''မလုံလောက်ပါဘူး။''
   ''ဒါဆို လုံလောက်အောင် မင်း ဘာလုပ်လဲ။''
       ''ကျွန်မ ချွေတာ သုံးပါတယ်။ ရသမျှ ပိုက်ဆံ အားလုံးကို အိမ်ပို့ပါတယ်။''
         '' မင်း အဝတ်အစားတွေ ဝယ်ရတာနဲ့ တင် မင်းရ
ငွေတွေက လောက်ပါ့မလား''
        '' ဒါတွေက ကျွန်မ အိကျီ င်္ တွေ မဟုတ်ပါဘူး။
ယု ရဲ့ အိကျီ င်္ တွေပါ။ ''
           '' ယောကျာ်းတွေ နဲ့ အတူ ထိုင်ရင် ပိုက်ဆံရမှန်း
သိနေတာပဲ ။ ဘာလို့ မထိုင်တာလဲ''
         '' ကြောက်လို့ ပါ။ တချို့ က မှုးပြီး ဆွဲလားယမ်းလား
လုပ် ကြတယ်။ ကျွန်မ ဘဝ ပျက်စီးမှာကို ကြောက်တယ်။
ကျွန်မသာ တစ်ခုခု ဖြစ်သွားရင် ကျွန်မ မိသားစု ဒုက္ခရောက်
ကြမှာ ။ ဒါကြောင့် ကျွန်မ ရသမျှ နဲ့ပဲ လောက်အောင် သုံးပါ
တယ်။ ''
         '' ဒါဆို ဘာလို့ ဦးဝဏ္ဏကို မြူဆွယ်တာလဲ။''
''ဘယ်လိုနည်းနဲ့ မှ မမြူဆွယ်ခဲ့ဘူ။ ''
          '' အပြင်က တံခါး ပိတ်လိုက်တာကရော်''
'' အဲ့ဒါတော့ မသိဘူး ။ မေစိုး ထွက်သွားတော့ ဦးဝဏ္ဏ ကျွန်မ နားကို ရွေ့ထိုင်လာတယ်။ ရိုးရိုး ပဲ ထင်လို့ ကျွန်မ ထမသွားပဲ ဆတ်ထိုင်နေခဲ့တယ်။
        ကျွန်မ ကြောက်လို့ သူ့ ကိုတောင် မကြည့်ပဲ ခေါင်းငုံ့
နေခဲ့တာ။
          နောက်တော့ သူ ကျွန်မ ပေါင်ပေါ်ကို လက်တင်လာ
တယ်။
         သူ ရဲ့ ဆန္ဒ တွေကို ပြေားပြီး သူနဲ့ ဆတ်ဆံ ဖို့ ပြေား
တယ်။''
            '' ဘယ်လို ပြေားလဲ ''
          သု ကစစ်မှန် ကို တစ်ချက် မော့ကြည့်လိုက်တယ်။
ထိုစဉ် မျက်လုံးမှ တစ်ဆင့် မရှက်မကြောက်ပဲ အမှန် အတိုင်း
ရဲရဲဝံ့ဝံ့ ပြေားဖို့ ပြေားလိုက်တယ်။
           သု လည်း နားလည်လိုက်သည်။
        ရှက်ပေမယ့် အရဲစွန့်ပြီး ပြေားလေ၏။
       '' သူ့ ဘဝမှာ ချစ်ရသူဆိုတာ မရှိခဲ့ ပဲ သူမနှစ်သက်တဲ့ သူ့ မိန်းမနဲ့အတူနေရတာကို စိတ်ပျက်မိတယ်။
       တစ်ချိန်လုံး ဒီအလုပ်တွေနဲ့ ငြီးငွေ့နေရတယ်။
ဒါကြောင့် တစ်ခါတလေ စိတ်လွတ်ကိုယ်လွတ် ပျော်ပြစ်လိုက်
ချင်တယ်။
           ဒီလိုပျော်ဖို့ သု က ကိုယ့်ကို ကူညီပေး ပါလား။
      သု့ ဘဝ မနှစ်နာစေရပါဘူး  လို့ ပြေားတယ် ။
      ပြေားရင်း ကျွန်မ ခန္ဓာကိုယ်ကို ဖျစ်ညှစ်ပြီး ကိုင်လာပြီး
အတင်းအဓ္ဓမ လုပ်တယ်။
           ကျွန်မက မလုပ်ဖို့ တားတယ် ။မရဘူး ။
ဒါကြောင့် ရုန်းရင်း လွတ်အောင်ပြေးခဲ့ပေမယ့် တံခါး ပိတ်ထားလို့ မလွတ်ခဲ့ဘူး။
         ကျွန်မ တောင်းပန်တယ်။ မရဘူး။
ကျွန်မနားကပ်မခံပဲ ဖြည်းဖြည်းချင်းနောက်ဆုတ်ခဲ့တယ်။
ကျွန်မ အရမ်းကြောက်လာတယ်။
ဘာလုပ်ရမလဲ မသိဖြစ်နေချိန် စားပွဲပေါ်က ပန်းအိုးကို ယူပြီး
သူ့ ခေါင်းကို ရိုက်ခဲ့တယ်။''
           '' ဘယ် နှစ်ချက်ရိုက်ခဲ့တာလဲ''
          ''နှစ်ချက်ပါ။ ကျွန်မ ရိုက်နေချိန် အပြင်ဘက်က မေစိုး ခေါ်သံကိုကြားလိုက်တယ်။ ပြီးတော့ သူ တံခါးကို
ရိုက်ဖွင့် ခဲ့တယ် ။
          ကျွန်မ ဘဝ တော့ အပျက်မခံနိုင်ဘူး ဒါကြောင့် ကျွန်မ ရိုက်ခဲ့တယ် ။ ဘာအကြံအစီ မှ မပါဘူး။
တကယ်တမ်း ကြံစီ ထားတာက သူတို့တွေပဲ''
            သူမ ပြေားနေစဉ် ရုံးတော် တစ်ခုလုံး တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။
        တစ်ချို့ဆိုလျင် သူမနှင့် အတူ လိုက်လံ ငိုကြွေးနေကြ
သည်။
       သု ရဲ့ ထွက်ဆိုချက် အပြီးမှာ စစ်မှန် သည် လျှောက်လွှဲ
ချက်တင်သည်။          
       
           '' တရားသူကြီးမင်း ရှင့် မြန်မာ လူမျိုးတွေဟာ
မွေးရာပါ အားနာတတ်တဲ့ စိတ် ရှိ တဲ့ သူတွေပါ။
           အားနာခြင်း ဆိုတာသည် အရွယ်မရွေး နေရာမရွေး
ဖြစ်တတ်ပါတယ်။
         တရားသူကြီးမင်း ကိုယ်တိုင် ရော ကျွန်မ တို့ ပါ
ဒီစိတ်ကို ခံစားဖူးမှာပါ။
            ဘာနဲ့ မှ မတူတဲ့ စိတ်စွမ်းအင်တစ်ခုပါ။
        အဲ့ဒိစိတ်ဝင်လာရင် အရာအားလုံးဟာ သူ့အလိုလို ရပ်
တန့်ပြီးသားဖြစ်သွားတတ်ပါတယ်။
            ယခု ဖြစ်ရပ်မှာလည်း အားနာစိတ်ကြောင့် ကျန်နေခဲ့
တာပါ။ တစ်ယောက်တည်း ထားခဲ့ရမှာကို အားနာတာကြောင့်
မေစိုးမွန်နဲ့ လိုက်မသွားပဲ ကျန်နေခဲ့တာပါ။
            ကျွန်မ အမှုသည်ဘက်က လုံးဝ မြူဆွယ်တာ မရှိဘူးဆိုတာကို သက်သေပြနိုင်ဖို့ အတွက်  စီစီတီဗွီ မှတ်တမ်း တွေကိုလည်း တင်ပြပြီးသားဖြစ်ပါတယ်။
          မိမိကို ထိပါးဆော်ကား လာတာကြောင့် ပြန်လည်
ခုခံခဲ့ခြင်းသာ ဖြစ်ပါတယ်။
            အကြံအစဉ် ရှိလို့ မဟုတ်ပါဘူး။
        ဒါကြောင့်   အကြံအစီရှိလို့ ဆိုတဲ့ စကားကို လုံးဝကန့်ကွက်ပါတယ်။''
             ယခု အခြေအနေထိ စစ်မှန် တို့ ဘက်က တရား
နိုင်နေခဲ့သည်။
          ယခုလို နိုင်နေသည်မှာ ရဲမေလေး မြင့်မြတ်မေ ကို
ကျေးဇူးတင်ရမည်။
             တစ်ဖက်က သတိမထားမိတဲ့ သက်သေတွေကို
ရဲမေလေး မြင့်မြတ်မေ ရဲ့ အကူ အညီနဲ့ ရရှိခဲ့ခြင်းပင်။
           စီစီတီဗွီ မှတ်တမ်း တွေကို သူကိုယ်တိုင် ရှာဖွေပေး
ခဲ့သည်။
        အခန်းထဲမှာ ကမ်မရာ ရှိနေခဲ့ခြင်းမဟုတ်။
အပြင်ဘက် စင်္ကြံလမ်း မှ ကမ်မရာမှတ်တမ်း ဖြစ်သည်။
ရွေ့ရှားနေသော ကမ်မရာ ဖြစ်တာမို့ အခန်းထဲမှ အဖြစ်အပျက်များကို အနည်းငယ် မှတ်တမ်းတင်နိုင်ခဲ့သည်။
အနည်းငယ်ဆိုပေမယ့် အမှုတွက် လုံလောက်တဲ့ သက်သေ
တစ်ခု ဖြစ်လာခဲ့သည်။
         တစ်ဖက်က သတိမထားမိလိုက်သော အရာတစ်ခု
လည်းဖြစ်သည်။




         
        
         
            

အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now