စစ်မှန် ကောင်မလေး ကို အိမ်ပြန်လိုက်ပို့ပေခဲ့န ပြီ
စကားတစ်ခွန်း ပြေားခဲ့လိုက်သည်။
'' အကြမ်း ဖက်မှု တွေဟာ နေရာ တိုင်း အချိန် တိုင်း
မှာ ရှိတယ် ။
နောက်ဆို သတိထား ပါ''
မေတ္တာတရား ကြီးမားလှစွာ သတိပေးခဲ့လိုက်သည်။
ကောင်မလေးလည်း တော်တော် ကြောက်လန့်သွား
ပုံရ၏။
ကောင်မလေး ကြုံတွေ့ခဲ့ရတာတွေကို မိဘ တွေကို ပြေားမပြခဲ့ပါဘူး။
ပြေားပြခွင့်လည်း မရခဲ့ပါဘူး
သူမလေးရဲ့ မိဘတွေ ဟာ ဂရုစိုက်တတ်တဲ့ သူမျိုးတွေမှ မဟုတ်ပဲလေ။
နောက်တစ်နေ့ ရုံးချိန်းကို ရောက်ခဲ့ပါပြီ။
ရုံးတော်ထဲမှာ စစ်မှန် တို့လည်း ရောက်ရှိနေရာယူထား၏။
မေစိုး တို့သုံးယောက်ဟာ တရားရုံးတော်က ချမှတ် သည့် အမိန့်ကို နာခံဖို့ တရားသူကြီး ၏ရှေ့တွင်နေရာ ယူထား ကြသည်။
ခဏ အကြာ၌ တရားသူကြီးက ရုံးတော် မှ ချမှတ်သည့်
အမိန့်ကို ကြေညာခဲ့သည်။
တရားသူကြီး ချမှတ်ခဲ့သော အမိန့်မှာ
'' တရားခံများဖြစ်ကြသော မေးစိုမွန်၊ ယုနှင်းခိုင် နှင့် သုဝတီ တို့ တွင် အပြစ် မရှိကြောင်း ထင်ရှား သဖြင့် အမူမှ အပြီးတိုင် လွှတ်ပေးလိုက်သည်''
ဒီရလဒ်ကြောင့် ရုံးတော် တစ်ခုလုံး ၀မ်းသာနေကြ၏
စစ်မှန် ကိုယ်တိုင်ပင် မျက်ရည်များတောင် ကျလျက် ၀မ်းသား
ပီတိ ဖြစ်နေတော့သည်။
ဦ၀ဏ္ဏ ကိုတော့ အမူဖွင့် အရေးယူရန် အမိန့်ချမှတ်ခဲ့ပါ
သည်။
တရားသူကြီး အမိန့်ချ ပြီးသည်နှင့် ရဲ ၀န်ထမ်း နှစ်ဦးက ဦးဝဏ္ဏ ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။
စစ်မှန် က မေစိုး တို့ကို ပြန် နှင့် စေပြီး ဦးဝဏ္ဏ တို့ နောက်ကို လိုက်လာခဲ့သည်။
ဖမ်းဆီးခေါ်ဆောင်သွားမည့် ရဲကား နား ရောက်သော
အခါ ဦးဝဏ္ဏ ရဲ့ သမီးက သူမရဲ့ အဖေ ကို စကားအနည်း
ငယ် ပြေားလိုက်၏။
''ဖေဖေ သမီးလေ ဟိုးငယ်ငယ်လေး ကတည်းက
ဖေဖေ ဖြစ်စေ ချင်တဲ့ ဖေဖေ ဂုဏ်ယူရတဲ့ သမီးတစ်ယောက် ဖြစ်ချင်ခဲ့တာ။
ဒါပေမယ့် ဖေဖေ က ဘယ်လို သမီးမျိုးဖြစ်စေ ချင်လည်း ဆိုတာကို မသိခဲ့ဘူး။ ခုတော့ သမီး သိပြီဖေဖေ ။
ဖေဖေ က ဘယ်လို မိန်းမ တွေ ကို သဘေားကျတယ် ဆိုတာလေ။
အိမ်ပြန်မလာနိုင်ပဲ မိန်းမ နဲ့ သမီး ကို မေ့နေရလောက် အောင် ဖေဖေ့ ကို ပျော်စေတဲ့ ၊ ကျေနပ်စေတဲ့ မိန်းမတွေက
ဘယ်လိုမျိုးလည်းဆိုတာ ခုသိပြီ ဖေဖေ။
ပြီးတော့ ဖေဖေ သမီးကို လည်း အဲ့ဒိမိန်းမ တွေ လို ဖြစ်စေချင်မှာပဲ လို့ တွေးမိတယ်။
ဒါကြောင့် သမီး လေ ဖေဖေ သဘေားကျတဲ့ မိန်းမ ဖြစ်အောင် ပြည့်တန်ဆာ လုပ်မယ် ။
ဖေဖေ တင် မကဘူး ယောက်ျားတိုင်း သမီးကို သဘေားကျစေရမယ်။ သမီးကို ဖေဖေ လုပ်သလို လိုက်လုပ်စေချင် တယ် မဟုတ်လား။
စိတ်ချ ဖေဖေ သမီးလေ မိန်းကလေးတွေကို ဖျတ်ဆီးပြီး ပြည့်တန်ဆာ လုပ်ခိုင်းမယ် ပြီးရင် ရောင်းစားမယ်။ မူးရစ်ဆေး
တွေ ရောင်းပြီး ကိုယ်တိုင်လည်းသုံးမယ်။
ဒီလောက်ဆို ဖေဖေ ကျေနပ်မှာပါနော်''
သူမ အဖေ ရဲ့ မျက်လုံးတွေကို တည့်တည့် ကြည့်ပြီး ပြေား
လိုက်သည်။
ဦးဝဏ္ဏ ဘာမှ ပြန်မပြေားနိုင်ပဲ မိမိ အပြစ်တွေကို နောင်တ ရသလို သူ့သမီးလေးရဲ့ မျက်နာကို ကြည့်ပြီးသာ ငို
နေလေတော့၏။
သူမ ၏ မိခင်လည်း နောင်တရကာ သူမသမီးလေးကို ဖတ်ပြီး ငိုနေလေ၏။
ဦးဝဏ္ဏ က စစ်မှန် ကို လှမ်းကြည့်ပြီး
'' အရာအားလုံးတွက် တောင်းပန်ပါတယ် ။ ငါ့ရဲ့ မိသားစုကို
စောင့်ရှောက်ပေးပါ'' အသနားခံနေသော မျက်လုံးတို့နှင့် သနားစရာကောင်းသော အကြည့်တို့နှင့် ပြေားလိုက်သည်။
ထို့နောက် ရဲကားပေါ်သို့ တတ်သွားခဲ့သည်။
ထို့နောက် စစ်မှန် ကားရှိရာသို့ထွက်လာခဲသ့ည်။
ကားနားသို့ မရောက်မှီ အနောက်မှ အသံ တစ်ခုကို
ကြားလိုက်ရ၍ ခြေလှမ်းတို့ကို ရပ်တန့်လိုက်သည်။
ထိုအသံက
'' ဒါ အဆုံး သက် မဟုတ်သေးပါဘူး''
ဦးဉာဏ်လင်းအောင် ပြေားလိုက်ခြင်းပင်။
စစ်မှန် နောက်ကို လှည့်ကြည့်လိုက်ပြီး
'' ဟုတ်တယ် ဒါ အဆုံးသတ် မဟုတ်ဘူး။
တကယ်တမ်း အဆုံးသက်ဖို့ ကျန်နေတဲ့သူက ရှင်ပါ
အမျိုသမီး တွေအပေါ် ခွဲခြားဆက်ဆံပြီး ဖိနှိမ့် တတ်တဲ့ ရှင့်ရဲ့
အမြင်တွေ အယူအဆ တွေကို အဆုံးသတ် ပေးရမှာပါ။
ခဏလေးပဲ စောင့်ပါ ရှင့် ကို ကျွန်မ ကိုယ်တိုင် အဆုံးသတ် ပေးမှာ''
စူးရှခတ်ထန်တဲ့ အကြည်တွေ့နဲ့ ကြည့်က ခပ်ထန်စွာ ပြေားလိုက်၏။
နဂို ကတည်းက အရှူံးနဲ့ ရင်ဆိုင်ခဲ့ရလို့ ဒေါသ ထွက်နေ
သည့် ဦးဉာဏ်လင်းအောင် ဟာ ပိုပြီး ဒေါသ ထွက်သွားသည်
သူ့ရဲ့ ခတ်ထန်တဲ့ အကြည့်တွေထဲမှာ ဒေါသ အခိုးအငွေ့တွေ ကို ခံစားနေရသည်။
ထို့နောက်
'' မင်း ကို ငါ အမြဲ နိုင်ရမယ် စောင့်ကြည့်နေ ''
တင်းမာစွာ ပြေားလာသော ထိုစကားကို စစ်မှန်
က '' ဒါဆို ရှင်ဘာလို့ ကျွန်မ အမေ မလုပ်တာလဲ''
သာသာလေး နာအောင် ပြေားလိုက်သည်။
ထို့နောက် စစ်မှန် လှည့်ထွက်လာခဲ့တော့သည်။
အမျိုးသမီးထုရဲ့ ယုံကြည်အားကိုးရာ ဖြစ်လာခဲ့၏။
သူမလေးကတော့ အသက်ရှင်နေသရွေ့ အမျိုးသမီး
တွေဘက်က ရပ်တည်ပြီး တိုက်ခိုက်နေဦးမှာပါ။ကမ္ဘာ တစ်ဝှမ်း တွင် အမျိုးသမီး ငါး ယောက်မှာ သုံးယောက်
ဟာ နည်းအမျိုးမျိုးနဲ့ အကြမ်းဖတ်ခံနေကြရပါတယ်။
ဒီလို အကြမ်းဖတ်မူတွေကနေ ကျွန်မတို့ ကို
ကာကွယ်ပေးထားတဲ့ ထိရောက်တဲ့ ဥပေဒ ဆိုတာ ခုချိန်ထိ မရှိသေးပါဘူး။
လူသားတစ်ယောက် အနေနဲ့ကော နိုင်ငံသားတစ်
ယောက် အနေနဲ့ပါ ဥပဒေ ရဲ့ အကာအကွယ် ကိုရရှိဖို့ အခွင့်အရေး ရှိပါတယ်။
ထိုအခွင့်အရေးတွေ အခိုင်အမာ ရရှိဖို့ ကျွန်မတို့တွေ
အတူ တကွ တိုက်ပွဲဝင်ကြရအောင်ပါ။
အားပေးခဲ့ကြတဲအတွက် အထူးကျေးဇူးတင်ပါတယ်။
ပိတောက်ရွှေရည်။
YOU ARE READING
အကြမ်းဖက်ခံ ဘဝများ(lives of violence)
Non-Fictionရှေ့နေမလေး သစ္စာစစ်မှန် ဟာ အမျိုးသမီးများအကြမ်းဖက်မှု မှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ တရား လွှတ်တော် ရှေ့နေဖြစ်ပါတယ်။ တစ်နေ့မှာ မတရားသဖြင့် တရားစွဲဆို ခံထားရသော အမျိုးသမီးလေ...