အပိုင်း (၁၀)

51 2 0
                                    

          '' ဟုတ်ပါပြီ
             ဒါဆို နောက်ထပ် တစ်ခုလောက် ဖြေပေးပါဦး
             ယခု လက်ရှိ ဦးဝဏ္ဏ ဖွင့်ထားတဲ့ ဆိုင်က ဘာဆိုင်
လဲ''
        ''စားသောက်ဆိုင်''
''ဘယ်လို အစားအသောက် တွေကို ရောင်း တာလဲ ''
            စားသောက်ဆိုင်ပါဆို စားလို့ ရသမျှ အရာ အကုန်လုံး ရောင်း မှာပေါ့''
           '' ဦးဝဏ္ဏ ဘယ်ချိန်လောက် အိမ်ပြန်လာတတ်လဲ''
'' သူ့ အလုပ်တွေ ပြီး တဲ့ ချိန်''
           ''ခန့် မှန်းခြေ လေး ပြေားပြပေးနိုင်မလား''
'' ဆယ်နာရီလောက်''
           '' ဒေါ် မေရီအောင် ဖဲရိုက်တတ်လား''
     ထိုစဉ် ဦးဉာဏ်လင်းအောင် က ကန့်ကွက်လိုက်သည်။
စစ်မှန်  ဦးဉာဏ်လင်းအောင် ကို တစ်ချက် လှမ်းကြည့်လိုက်
ပြီး
         '' ကန့်ကွက် တယ် ဟုတ်လား
          ရှင် တို့ဘက်က စ ခဲ့တဲ့ အမှု လေ ခုမှလာ ပြီး
ကန့်ကွက် မနေနဲ့ ''
             ဒေါသဖြစ်စွာ အောပြေားလိုက်သည်။
'' တရားသူကြီး မင်း ရှင့် ဒီအမှုမှာ ကျွန်မ တို့ က စွပ်စွဲ ခံရ
သူတွေပါ။
         ကျွန်မတို့ဘက်က အပြစ်မရှိကြောင်း သက်သေ ပြဖို့
တွက် ဘယ်လို နည်းလမ်းကို မဆို အသုံးပြုခွင့် ရှိပါတယ်။
        ဒါကြောင့် ဆတ်လတ်မေးခွင့် ပြုပါ။''
       တရားသူကြီး က လက်ခံခဲ့သည်။
       စစ်မှန် ခုန က မေးခွန်းကို ထက်မေးလိုက်သည်။
              '' ရိုက်တတ်တယ်။''
      '' ဟုတ်ပါပြီ ဒါဆို ဒီဓာတ်ပုံထဲက သူက ဒေါ်မေရီအောင် လား''
           
        ဖဲဝိုင်း တစ်ခုမှာ သောက်စားပျော်ပါးနေတဲ့ ပုံကို ပြ
ရင်း မေးလိုက်သည်။
              တဆတ်တည်း ပရိတ်သက် တွေကိုပါ ပြလိုက်၏။
       '' ဟုတ်ပါတယ်''
'' ဒါဆိုရင်း ဒေါ်မေရီအောင် က ပြည့်တန်ဆာ လား''
            ဒေါ်မေရီအောင် ဒေါးသ တကြီးတုန့်ပြန် သည်။
    '' နေစမ်းပါဦး ရှင်ကကော် ဘာအတွက်နဲ့ အဲ့ဒိ ပြည့်တန်
ဆာ တွေဘက်က နေ လိုက်ပြီး ကာကွယ်နေတာလဲ''
       '' ရှင် ကျွန်မ ကို မေးခွန် ပြန်မထုတ်နဲ့ ရှင့် မှာ ကျွန်မ မေးတာကိုသာ ဖြေဖို့ တာဝန်ရှိတယ်။''
        ဒေါ်မေရီအောင် ဂရုမစိုက်ပဲ ရိုင်းစိုင်းစွာ ထက်ပြေား
လာသည်။
      '' အဲ့ဒိ အပျတ်မ တွေဆီက  ပိုက်ဆံ ဘယ်လောက်ရ လဲ
        ဒါမှမဟုတ် ရှင် ကိုယ်တိုင် ပြည့် တန်ဆာ မို့လို့လား''
          ဒေါ်မေရီအောင် ရဲ့ စကားဟာ တရားလွန်ဖြစ်သွားခဲ့
ပါသည်။
        စစ်မှန် သည်းမခံ နိုင်တော့ပဲ
     '' တရားသူကြီးမင်းရှင့် တရားလို သက်သေ ဟာ ကျွန်မရဲ့ သိက္ခာ တွေကို ထိပါးစော်ကားနေပါတယ်။
          တရားသူကြီးမင်း အနေနဲ့ တားမြစ်ပေးပါ။
ဒိထက်ပိုဆိုးလာရင် အသရေဖျက်မှုနဲ့ တရား စွဲ ရပါလိမ့်မယ်''
          '' တရားလို သက်သေ ရုံးတော် ကို လေးစားပါ
စကားကို ဆင်ခြင်စွာ ပြေားပါ''
          တရားသူကြီး က သတိပေးလိုက်သည်။
         အဲ့ ဒိနောက် စစ်မှန် ဆတ်မေးလိုက်သည်။
        '' ဒေါ်မေရီအောင် က ပြည့်တန်ဆာလား''
          '' မဟုတ်ဘူး''
          စားမလိုဝါး မလို မျတ်လုံးများ ဖြင့် ကြည့် က လေသံ
မာမာဖြင့် ပြန်ဖြေလိုက်သည်။
          '' ဟုတ်ပါတယ် ဒေါ်မေရီအောင်ဟာ ပြည့်တန်ဆာ
မဟုတ်ပါဘူး။
         ဒါပေမယ့် တရားလို ရှေ့နေဟာ အမျိုးသမီးတွေ တွက် ပညက်ချက် တွေ ထုတ်ထားခဲ့ပါတယ်။
         ပညက်ချက် နံပတ် နှစ် . . .
အမျိုးသမီးတွေဟာ ယောက်ကျားလေး တွေနဲ့ အရေားတဝင်
မလုပ်ရဘူး ။
        လုပ်ရင် အဲ့ဒိ မိန်းမက ပြည့်တန်ဆာ ဖြစ်တယ်။
ပညက်ချက် နံပတ် သုံး . . .
         အမျိုးသမီးတွေဟာ သောက်စားမှုးယစ်ခြင်း မရှိ
ရဘူး
          အရက်သေစာသောက်စား ခဲ့ရင်အဲ့ဒိ မိန်းမက ပြည့်တန်ဆာ ဖြစ်တယ်။
      ဟောဒိ ပုံထဲ မှာ ဒေါ်မေရီအောင် ဟာ အမျိုးသား များနဲ့
တစ်ဝိုင်း တည်း ထိုင်ပြီး သောက်စား ပျော်ပါးနေပါတယ်။
             တရားလိုရှေ့နေရဲ့ ပညက်ချက် သုံးချက်လုံးနဲ့
ကိုက် ညီ နေတဲ့ အတွက် ဒေါ်မေရီအောင်ဟာ ပြည့်တန်ဆာ
ဖြစ်သွားပါတယ်။
          တကယ်တော့ ဒေါ်မေရီအောင်ဟာ ပြည့်တန်ဆာ
မဟုတ်ပါဘူး။
        ဒါဆို ကျွန်မတို့ စဉ်းစား ကြည့်ရအောင်ပါ
အမျိုးသမီးတွေဟာ အပေါင်းအသင်းမိတ်ဆွေ တွေကို တောင်
ပြုံးပြ နှုတ်ဆတ်တာမျိုး မရှိရတော့ဘူးလား
        လူသား တစ်ယောက်ဖြစ်တဲ့အတွက် လူ့ပတ်ဝန်းကျင်
လူ့အသိုင်းအဝိုင်းဆိုတာ ရှိပါတယ်
         အဲ့ဒိ ပတ်ဝန်းကျင်မှာ အမျိုးသားများလည်း ပါကောင်း
ပါနိုင်ပါတယ်
            တရားလိုရှေ့နေပြောပုံအရဆို လမ်းမှာပဲ ဖြစ်ဖြစ်
ယောကျာင်္းလေး ဆွေမျိုး မိတ်ဆွေတွေကိုတောင်မှ နှုတ်မဆတ်ရပဲ ခပ်တင်းတင်း နေရမယ်
        သူတို့ဘက်က ပြေားလာခဲ့ရင်တောင် အပြုံးအရည်မရှိ
ခပ်တည်တည် နဲ့ မာမာကျေားကျေားပြေားရမယ်
          မဟုတ်ရင် အဲ့ဒိ မိန်းကလေးဟာ ယောက်ကျားတွေ
ကိုမြူဆွဲသူဖြစ်ပြီး ပြည့်တန်ဆာ ဖြစ်တယ်။
       အဓိပ္ပာယ်မဲ့ လွန်းတဲ့ ပညက်ချက်တွေပါ
         ရှေးယခင် က အမျိုးသမီး တွေဟာ ဟိရိသြတပ္တ ဆိုတဲ့
တရားကို လက်ကိုင်ထားပြီး အိနြေ္ဒသိက္ခာ နဲ့ နေကြပါတယ်။
            ဓလေ့ထုံးတမ်း စဉ်လာ တွေကို စောင့်ထိမ်းပါတယ်
ဒီနေ့ခေတ်မှာ အမျိုးသမီးတွေဟာ ရှေးယခင် နဲ့ ကွာခြား ပေမယ့် သူ့နေရာနှင့် သူတော့ စောင်ထိန်းတာတွေ ရှိပါတယ်
         အဲ့ဒိလို စောင့်ထိမ်း တာတွေဟာ မြန်မာ မိန်းကလေး
တစ်ယောက်အနေနဲ့ ထုံးတမ်းစဉ်လာတွေကို တန်ဖိုးထားလို့
မြတ်နိုးလို့ပါ
         အဲ့ဒိလို မစောင့်ထိမ်းရင် ပြစ်ဒဏ်ပေးခံရမယ်ဆို လို့
မဟုတ်သလို ချမှတ်ထားတဲ့ ဥပဒေလည်း မရှိပါဘူး။
           ဒါဟာ လူတစ်ယောက်ရဲ့ အပြင်ပိုင်း ပုံစံကိုကြည့်
ပြီး ဆုံးဖြတ်လို့မရဘူး ဆိုတာ သက်သေပြနေပါတယ်
      နောက်ထက် တင်ပြလိုတာက ဒေါ်မေရီအောင် ဟာ တချိန်လုံး ဖဲရိုက်တာနဲ့ အချိန်ကုန် နေတဲ့ သူပါ
        တစ်နေကုန် တစ်ညလုံး ဖဲဝိုင်မှာ အချိန်ကုန်နေတတ်
ပြီး မိသားစုကို စိတ်မဝင်စားသူ တစ်ယောက်ပါ
            ပြီးတော့ ဦးဝဏ္ဏဟာ စားသောက်ဆိုင်ဖွင့်ထားတာ
မဟုတ်ပါဘူး
          အရက်ဆိုင် ဖွင့်ထားတာပါ
ဒါကို တောင်မသိပါပဲ ဦးဝဏ္ဏ အကြောင်း တွေကို အကုန်သိ တယ်လို့ ပြေား ထားပါတယ်
   ဒါကို ကြည့်ခြင်းအားဖြင့် ဒေါ်မေရီအောင် ရဲ့ ထွက်ဆိုချက်
တွေဟာ အလိမ်အညာတွေသာ ဖြစ်ပြီး ယုံကြည်မှု မပေးသင့်
ကြောင်း တင်ပြအပ်ပါတယ်
        
           တရားသူကြီး မင်းရှင့် တစ်ဆတ်တည်းမှာပဲ ဦးဝဏ္ဏ
ကို စစ်မေးခွင့်ပြုပါ''
            တရားသူကြီးက ခွင့်ပြုပေးလိုက်၏
ထို့နောက် ဦးဝဏ္ဏ က တရာခံစစ်မေးရာ နေရာသို့ ပြောင်း
ရွေ့ နေရာယူလိုက်သည်။
              '' ဦးဝဏ္ဏ မှာ သမီး တစ်ယောက်ရှိတယ်နော်''
'' မဆိုင်တဲ့ ငါ့ သမီးကို ဆွဲမထည့်နဲ့ ''
             မေးတာကို မဖြေပဲ ဒေါသကြီးစွာ တုံ့ပြန် လာ၏။
'' မေးတာကိုသာ ဖြေပါ ရှင့် မှာ ကျွန်မ မေးတာကို ဖြေဖို့
တာဝန်ရှိတယ်။''
          စစ်မှန် ခပ်မာမာ လေး အော်ပြေားလိုက်တော့မှ
မဖြေချင့်ဖြေချင် နှင့် ဖြေလေ၏။    
           '' ရှိတယ်''
'' နာမည် ဘယ်လိုခေါ်လဲ''
            '' ဘရဏီသော်''
'' ဟောဒိ ပုံထဲက သူ ဟုတ်ရဲ့လား''
         ပုံကို မြင်တော့ ဒေါသဖြစ်သွားသည်ထင်၏။
စစ်မှန် ကို မျက်ထောင့်နီဖြင့် ကြည့်ရင်း ဖြေလေသည်။
          '' ဟုတ်တယ်''
စစ်မှန် လာရောက်ကြားနာကြ သူများကိုလည်း ပြလိုက်သည်
            ဓာတ်ပုံ ထဲတွင် ဘရဏီသော် ဟာ ကလပ်တစ်ခု
ဖြစ်ပုံပေါ်တဲ့ နေရာမှာ ကောင်လေးတွေနှင့် သောက်စားရင်း
ပျော်ရွှင်နေတဲ့ပုံပါ။
          ရင်ပြတ်အိကျီ င်္နှင့် ပေါင်လယ်လောက်ပဲရှိ သည့် စကပ်တို ကို ဝတ်ထားခဲ့တာပါ။
          '' ဒါဆို ရှင့် သမီးက ပြည့်တန်ဆား လာ ''
ဦးဝဏ္ဏ ရဲ့ ဒေါသတွေကို စွပေးသို ဖြစ်သွား သည်။
          လူသက်တော့မည့်အတိုင်း စစ်မှန် ကို ကြည့်နေ
လိုက်သည်။
          စစ်မှန် သဘေားပေါက်လိုက်ပါတယ်။
သားသမီးကို ထိရင် မခံနိုင်တဲ့ မိဘ တစ်ယောက်ရဲ့ မေတ္တာ
တရားကို နားလည်လိုက်ပါတယ်။
        ဘာမှ ဆတ်မမေးတော့ပဲ ဖြောင့်ချက်ပေးလိုက်၏။
         '' တရားလို ရှေ့နေရဲ့ ပညက်ချက် တွေ အရဆိုရင်
ဘရဏီသော် ဟာ ပြည့်တန်ဆာပါ
        ဒါပေမယ့် အမှန်မဟုတ်ပဲ သာမှန် ကျောင်းသူလေးပါ
လူငယ်တို့သဘာဝ ပျော်တာပါးတာ တွေရှိသလို လွတ်လပ်စွာ ခေတ်နဲ့ အညီဝတ်စားဆင်ယင် မှုတွေ ရှိပါတယ်
           ဒါကြောင့် တရားလို ရှေ့နေရဲ့ ပညက်ချက်တွေဟာ
အမှန်တရားတစ်ခု မဟုတ်ပါဘူး
         ဒါကြောင့် အမှန်တရား ကို ဘာမဟုတ်တဲ့ ပညက်ချက်တွေ ကို အခြေခံပြီး မဆုံးဖြတ်ဖို့ မေတ္တာ ရပ်ခံပါတယ်။''
                 စစ်မှန် တရားသူကြီးကို လျှောက်ထားပြီး ကြားနာသူများဖက်သို့ လှည့်လိုက်သည်။
               '' တကယ်တော့ ကျွန်မတို့ အမျိုးသမီးတွေဟာ
လူ့ဘောင်အဖွဲ့အစည်းထဲ မှာ အနှိမ်ခံ ဖိနှိမ့်ခံ တွေပါ
        ကျွန်မတို့ကို ခွဲခြားဆတ်ဆံတာတွေ မထီမဲ့မြင် လုပ်တာတွေကို နေရာတိုင်း အချိန်တိုင်းမှာ ကြုံတွေ့နေရ ပါ
တယ်
          ကျွန်မတို့ မိန်းမသားတွေဟာလည်း လူသား တစ်
ယောက် ဖြစ်တာမို့ လူသားတစ်ယောက် ရသင့်ရထိုက်တဲ့
အခွင့် အရေးတွေ ရသင့်ပါတယ်။
          ကျွန်မ တို့ နှစ်သက်တာတွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိရပါမယ်
           ဒါပေမယ့် ကျွန်မ တို့ လူဘောင် အသိုင်းအဝိုင်းဟာ
အရမ်း တစ်ကိုယ်ကောင်းဆန်ကြပါတယ်
          ရှေးရိုးအစဉ်အလာတွေကို အစွဲပြုပြီး အမျိုးသမီးတွေ
ကို ဖိနှိမ့် စော်ကားတာတွေရှိလာပါတယ်။
          အဲ့ဒိ အစဉ်အလာတွေဟာ  ''မိန်းမဖြစ်ပြီးတော့ '' ဆိုတဲ့ စကားလေး တစ်လုံးနဲ့ အမျိုးသမီးတွေ အပေါ် အပြစ်
တွေ ကို ပုံချဖို့ ကြိုးစားနေပါတယ်
            အဓ္ဓမကျင့် ခံရတဲ့ အမျိုးသမီး သမီး တစ်ယောက်
ကို အဲ့ဒိ အစဉ်အလာတွေနဲ့ ယှဉ်ပြီး ပတ်ဝန်းကျင်က ပြေားပါလိမ့်မယ်
        မိန်းမဖြစ်ပြီးတော့ ဘယ်လိုတွေ လုပ်ပြမှန်းမှ မသိတာ
အနေအထိုင် မတတ်တော့ ခံရတာတောင်နည်းသေးတယ်
          အဲ့လိုပြေားပြီး အမျိုးသမီးတွေ အပေါ် အပြစ်ပုံချမယ်
       မတရားကျင့် ခံရတဲ့သူက အမှားပေါ့
အဲ့ဒိ လူယုတ်မာတွေကျတော့ မှန်တယ် ပေါ့ ဟုတ်လား
          အဲ့ဒိ အစဉ်အလာတွေ က လူသားတစ်ယောက် ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို ပိတ်ပင်တားဆီးနေပါ
တယ်။
         ကျွန်မတို့ အမျိုးသမီးတွေမှာ နေစရာ နေရာ မရှိပါဘူး
အဲ့ဒိအစဉ်အလာတွေကို မနှစ်သက်ပေမယ့် ပတ်ဝန်းကျင်ရဲ့
ပုတ်ခတ်စော်ကားမှုတွေကို မခံချင်လို့ မလုပ်ချင်ပေမယ့်
လုပ်နေရသူတွေလည်းရှိပါတယ်
          တချို့ မိန်းကလေး တွေဆို ကိုယ်က မတရားခံနေရ
တာတောင်မှ ပတ်ဝန်းကျင်ရဲ့ ပြေားဆို မှုတွေကို မခံချင်လို့
နှုတ်ပိတ်နေတာတွေလည်း ရှိတယ်
          အမျိုးသမီးတွေဘက်က ရပ်တည်ပေးမယ့် သူ ဆိုတာ
မရှိပါဘူး
            ပြဌာန်းထားတဲ့ ဥပဒေတွေ ဆိုတာကလည်း ငွေများ ငွေနိုင် မီးများမီးနိုင် ဖြစ်နေပါတယ်
          ရှင်တို့ တွေ လက်ခံကျင့်သုံးနေတဲ့ အစဉ်အလာ
ဓလေ့ထုံးတမ်းတွေက အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပေါ် အကြမ်းဖက်မှု တွေဖြစ်စေဖို့ အတိုင်းအတာ တစ်ခု
ထိ တွန်းအားပေးနေပါတယ်
           အမျိုးသမီးတွေကို လူ့အသိုင်းဝိုင်းရဲ့ အပြင်ဘက်ကို
တွန်းထုတ်နေပါတယ်
          အဲ့ဒိ အစဉ်အလာတွေ ထဲမှာ ပိတ်လှောင်ထားပြီး
အမျိုးသမီးတွေကို မကောင်းတဲ့ သူတွေဖြစ်အောင် လုပ်နေတာတွေ ဒီမှာတင် ရပ်ပါတော့    
             အဲ့လိုမှ မဟုတ်ရင် လူ့ဘောင်အဖွဲ့အစည်း ထဲကနေ အမျိုးသမီးတွေဟာ အကျဉ်းတန် စွာ ဘဝ တွေကို
အဆုံးသက်ရပါလိမ့်မယ်''
           စစ်မှန် ရဲ့ စကားတွေဟာ ရုံးတော်ထဲမှာ ရှိနေသူ
တွေရဲ့ နှလုံးသားကို မီးမြိုက်လိုက်သည့် ပမာ ပူလောင် နာကျင်စေသည်ထင်၏။
         ရုံးတော်ထဲက လူတွေရဲ့ မျက်ဝန်းတွေဟာမျက်ရည်စ
တွေနှင့် ကြေကွဲဆို့နှင့်နေကြသည်။
           တချို့ ဆို လိမ့်ဆင်းနေသော မျက်ရည်စတွေကို
လက်ဖြင့် အသာအယာ သုတ်သင် နေလေ၏။
           စစ်မှန် ဘာပြေားမလဲဆိုတာကို သာ နားစွင့်ရင်း
ငြိမ်သက်နေကြသည်။
           ''   ဒါကြောင့် အမှန်တရား ကို ဆုံးဖြတ်တဲ့နေရာမှာ အမျိုးသမီးတွေကို ဖိနှိမ့်ထားတဲ့ အစဉ်အလာတွေ ပေါ်မှာ မှုတည်ပြီး မဆုံးဖြတ်ဖို့ ကို တရားသူကြီးမင်း နှင့် တကွ
ခုံရုံး ကို မေတ္တာ ရပ်ခံအပ်ပါတယ်''
            စစ်မှန် တရားလို ဦးဝဏ္ဏ ကို တစ်ချက်လှမ်း ကြည့်
လိုက်ပြီးမှ
           '' တရား သူကြီးမင်းရှင့် နောက်ထက် တင်ပြ လို
တာရှိပါသေးတယ်
         အဲ့ဒါကတော့ ဦးဝဏ္ဏ ကို မှုးယစ်ဆေးဝါး ရောင်းဝယ်
ဖောက်ကားမှု ၊ လူကုန်ကူးမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်ဖက်မှု ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်မှု တွေနဲ့ မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့က တရားလိုပြုပြီး အမှုဖွင့် ထားပါတယ်။
         တရားသူကြီးမင်း အနေနဲ့ တဆတ်တည်း ကြားနာ
စစ်ဆေးပြီး အမှုမှန် ပေါ်သည်အထိ ထိမ်းသိမ်းခွင့်ပြု ဖို့ တောင်းဆိုပါတယ်''
          '' ဒါဟာ အခြေအမြစ် မရှိတဲ့ စွပ်စွဲ ချက်တွေပါ
တမင်တကာ ရည်ရွယ်ချက်ရှိရှိ နဲ့ အမှုလမ်းကြောင်း လွဲအောင် လုပ်နေတာပါ။''
          ဦးဉာဏ်လင်းအောင် က အလျင်အမြန် ကန့်ကွက်
လိုက်သည်။
          ''ကျွန်မ တို့ မှာ သက်သေ အထောက်အထား ရှိပါ
တယ် တရားသူကြီးမင်းရှင့်''
    တရားသူကြီးက စစ်မှန် တို့ ပြေားတာတွေကို တုံ့ပြန်ခြင်း
မပြုပဲ  ဦးဝဏ္ဏ ကို အခွင့်အရေးပေးလိုက်သည်။
              '' ဦးဝဏ္ဏ ဒီအမှုနဲ့ ပတ်သက်ပြီး ဘာ ပြေား ချင်
သေးလည်း''
          ''ကျွန်တော့ အနေနဲ့ မဟုတ်မမှန် လုပ်ကြံဇာတ် ခင်း
တယ်လို့ ပြေားချင်ပါတယ်။
         ကျွန်တော့ဆိုင် လေး နဲ့ ကောင်းကောင်းမွန်မွန် လုပ်ကိုင်နေတာပါ
     ဥပဒေနဲ့ မလွတ်ကင်းတာ ဘာ တစ်ခုမှ မလုပ်ခဲ့ပါဘူး''
  
'' လူယုတ်မာ ''
             ရုံးတော်ရဲ့ အနောက်ဘက်ကနေ အသံ ကြားလိုက်
ရ၏။
            အားလုံး အနောက်ဘက်ကို လှည့်ကြည့် ကြကုန်
သည်။
         ရုံးတော်ထဲကို မိန်းကလေး နှစ်ယောက် ဝင်လာ
သည်။
         အရှေ့က တစ်ယောက်က ခတ်ဝေဝေ
သူမ လှမ်း အော် ပြေားလိုက်သည် ထင်၏။
           အနောက်က တစ်ယောက် ကတော့ ရဲမေလေး မေ
          မလာတော့ဘူးလို့ ထင်ထားတဲ့သူ ရုတ်တရတ် ရောက်လာတော့ စစ်မှန် အံ့သြသွားသည်။
           အားလုံးလဲ ဘာဆတ်ဖြစ်မယ် ဆိုတာကို စိတ်ဝင်တ
စား စောင့်ကြည့်နေကြ၏။
            ခတ်ဝေဝေ ရုံးတော်ရှေ့မှာ ရပ်မနေပဲ ဒေါသကြီးစွာ
ဦးဝဏ္ဏ ကို ရိုက်ပုတ် နေသည်။
            နှုတ်ကလည်း '' ကောင်းကောင်းမွန်မွန် နေတယ်
ဟုတ်လား။
           ဥပဒေ နဲ့ မလွတ်ကင်းတာ မလုပ်ဘူး ဟုတ်လား
                       လူယုတ်မာ
ငါ့ မောင် ကို သက် ပြီး       ငါ့ ကို ပြည့်တန်ဆာလုပ်
ခိုင်း တာတောင် ရှင် က ကောင်းကောင်းမွန်မွန် လုပ်နေ တာ ပေါ့ ဟုတ်လား
         ယုတ်မာတဲ့ လူ  ရှင့် ကို သက်မယ် . . .သက်မယ်''                               ဒေါသကြီးစွာ ရိုက်နှပ်နေတဲ့ ခတ်ဝေဝေ ကို တရားသူကြီးက
တား ခိုင်းလိုက်သည်။
                စစ်မှန် လည်း ခတ်ဝေဝေ ကို ဆွဲခေါ်ကာ
သတိထား ဖို့ စိတ်လိုက်မာန်ပါ မလုပ်အောင် ဖြောင့်ဖြလိုက်
သည်။
             ထို့နောက် တရားသူကြီးက ခတ်ဝေဝေ ကို
စစ်မေးလေ၏။
       ခတ်ဝေဝေ လည်း သူမရဲ့ အဖြစ်အပျက်တွေ အားလုံးကို ပြေားပြလိုက်သည်။
          '' တရားသူကြီးမင်း ခင်ဗျာ ဘာသက်သေ အထောက် အထားမှ မရှိ. . . .''
        '' ဒီလောက်ထိ ခိုင်လုံတဲ့ သက်သေ ရှိနေတာတောင်
နောက်ထက် သက်သေလိုနေသေးတာလား''
          ဦးဝဏ္ဏ စကားမဆုံးခင်မှာပဲ စစ်မှန် ဒေါသတကြီး အော်ပြေားလိုက်သည်။
       သူမရဲ့ မျက်ဝန်းတွေဟာ ကြောက်စရာကောင်းလောက်
အောင် ရိုင်းစိုင်းခတ်ထန်နေသည်။
          ဦးဉာဏ်လင်းအောင် သည်လည်း သူ့ ရဲ့ အမှုသည်
အတွက် အဆုံးထိ ကာကွယ်သွားဖို့ ဆန္ဒရှိနေခဲ့သည် မဟုတ်လား။
            ခတ်ဝေဝေ လည်း သူမ ခံစားခဲ့ရတဲ့ နာကျင်စရာ
အတိတ် အကြောင်းတွေကို ပြေားပြရင်း ရင်နှင့်အောင် ငိုကြွေး
နေလေ၏။
         စစ်မှန် အပါအဝင်  ရုံးတော်တစ်ခုလုံးလည်း သူမ နှင့် အတူ လိုက်လံငိုကြွေးနေကြသည်။
             သူမရဲ့ ထွက်ဆိုချက်တွေ အပြီးမှာ တရားသူကြီး
က '' လက်ရှိ အမှုကို နောက်တစ်ပတ် ရုံးချိန်းမှာ အမိန့်ချ
မယ် ။
        ဦးဝဏ္ဏ ကို ဖမ်းဆီးထိမ်းသိမ်း ခွင့် ပြုတယ်။''
          တရားရုံးထဲက ထွက်လိုက်သည် ဆိုရင်ပဲ သတင်းသမား တွေဟာ အပြေးအလွှား ရောက်လာ ခဲ့ပါတယ်။
             '' ဒီအမှု ကို နိုင်မယ်လို့ ယုံကြည်ချက်ရှိလား''
'' တတ်နိုင်သလောက် သက်သေအထောက်အထား တွေကို
တင်ပြခဲ့ပြီးပါပြီ။
            နိုင်မယ် မနိုင်ဘူး ဆိုတာတော့ ရုံးတော် နဲ့ပဲ ဆိုင်
ပါတယ်။''
             ''အမှုမှန် မပေါ်ခဲ့ဘူး ဆိုရင် ကော် ဘာဆတ်လုပ်
မလဲ''
         '' ခိုင်လုံတဲ့ အထောက်အထားတွေနဲ့ တင်ပြထားတာ
တောင်အမှုမှန် ပေါ်မလားဘူး ဆိုရင်တော့ သူတို့ ရဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတာ  ကို တစ်လေားက လုံးကို ချပြ
သလို ဖြစ်သွားမှာပေါ့
          ကျွန်မ ကတော့ ကုလသမ္မ ထိ တိုင်ပြီး အမှုမှန်
ပေါ်အောင် ဆတ်ပြီး ဆောင်ရွက်သွားမှာပါ''
          '' အစဉ်အလာ တွေကို လက်ကိုင်ထားပြီး အမျိုးသမီး
တွေကို ခွဲခြားဆတ်ဆံနေတဲ့ သူတွေကို ကော် ဘာများပြေား
ချင်ပါသလဲ''
           '' အဲ့ဒိ အစဉ်အလာတွေကို လက်ခံထားပြီး အမျိုးသမီး တွေကို ဖိနှိမ့်နေတဲ့ အဲ့ ဒိ သူတွေကို ဒီနေရာက
နေ တစ်ခုပဲ သတိပေးလိုက်ပါ့မယ်
          သိပ်မကြာခင် အချိန်လေး အတွင်းမှာ သင်တို့ရဲ့ သမီး တွေဆီကို အမျိုးမျိုးသော အကြမ်းဖက်မှုတွေ ရောက်လာလိမ့်မယ် ဆိုတာပဲ''
            သတင်းထောက်တွေကို ပြန်ဖြေပေးပြီး သည်နှင့်
ဦးဝဏ္ဏ အမှုအတွက် ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ရန်
တရားရုံးကို သွားခဲ့သည်။
          တရားရုံး မှာ လုပ်စရာရှိတာ လုပ်ပြီး ပြန်လာခဲ့သည်။
တရားရုံးရှေ့တွင် ဦးဉာဏ်လင်းအောင် နှင့် ဆုံ သည်။
         သူမလေး မသိချင်ယောင်ဆောင်ပြီး ရှောင် ပေမယ့်
'' ပြည့်တန်ဆာတွေ ဖက်က အကာအကွယ် ပေးနေတဲ့
အကြောင်း အရင်းက ဘာလဲ။''
         '' ပြည့်တန်ဆာ မဟုတ်ပါဘူး။
မတရား ခံနေရသူတွေပါ။
       အထူးသဖြင့် ဦးဝဏ္ဏ တို့ လို လူတွေတွက် ဓစာခံ ပေါ့
နောက်ထက် ပြည့်တန်ဆာ လို့ သုံးနှုန်းရင် ရှင့် ကို တရားစွဲ
ရလိမ့်မယ်''
           ''  မင်းလည်း မင်းအစ်မ လိုပဲ ခေါင်းမာတယ်။
သိပ်ပြီး မာနကြီးတယ်။
         အရေးမပါတာတွေ လုပ်ပြီး အချိန်ကုန်ခံ ပင်ပန်းခံနေတယ်
          မင်းလို အရွယ်ကောင်းလေးမှာ ယောကျာင်္း ယူပြီး
အေးအေးဆေးဆေးနေသင့်တာ
            ခုတော့ ဘာမဟုတ်တဲ့ ပြည့်တန်ဆာတွေ အတွက်
ပင်ပန်းခံနေတယ်''
         ''  ဒီမှာ ပြည့်တန်ဆာ ဆိုတော့ကော် ဘာဖြစ်သေးလဲ
အဲ့ဒိ ပြည့်တန်ဆာတွေက သူတို့ မိသားစု အတွက် ဘဝ နဲ့
ရင်းပြီး ပေးဆပ်နေတာ
           ရှင့်လောက်ပညာမတတ် ပေမယ့် ရှင့်လို အောက်တန်းမကျဘူး
          အိပ်၊ စား ၊ ကာမ လောက်သာ သိတဲ့ ရှင်တို့လို ယောင်္ကျားတွေထက် အဲ့ဒိ ပြည့်တန်ဆာတွေက တန်ဖိုးရှိတယ်
           ရှင်တို့ထက် ပို မြတ်တယ် ''
          စစ်မှန် စကား အဆုံးမှာ ဦးဉာဏ်လင်းအောင် ဒေါသ
ဖြစ်သွားက လက်ဖြင့် ရွယ်လိုက်သည်။
            '' လုပ်ကြည့် လိုက်ပါ ။
ကျွန်မ အသားကို တစ်ချက် လေးပဲ ထိကြည့်လိုက် ။
       ဖြစ်လာမယ့် အန္တရာယ်တွေကို ရင်ဆိုင် နိုင်တယ် ဆိုရင်
ပေါ့''
           သူမလေး မဲ့ ပြုံး တစ်ချက် ပြုံး လိုက်ပြီး လှည့်ထွက်
လာခဲ့သည်။
         သူမ ပြန်လာတဲ့ အချိန် ဟာ တော်တော်လေး မှောင်
နေပြီ။
         ညရှစ်နာရီလောက် ရှိပြီ ထင်၏။
         စစ်မှန် လမ်းကြားတစ်ခု အရောက်မှာ မိန်းကလေး
တစ်ယောက် အော်သံကြောင့် ကားကို ရပ်လိုက်ပြီး ဆင်းကြည့် လိုက်သည်။
            လမ်းကြားထဲမှာ ကောင်မလေး တစ်ယောက်ကို
ကောင်လေး လေးငါးယောက်က ဝိုင်းနှောက်ယှက်နေ သည်
ကို တွေ့လိုက်ရသည်။
          စစ်မှန် အမြန် ဝင်တား လိုက်၏။
ဒါပေမယ့် မရ။
          မထီမဲ့မြင် ပြုကာ လှောင်ပြောင်းနေကြသေးသည်။
စစ်မှန် လည်း ဒေါသ ဖြစ်ကာ ကိုယ်ထိလက်ရောက် တုန့်ပြန်
မိလိုက်သည်။
          စစ်မှန် က ကိုယ်ခံပညာ ကောင်းကောင်းတတ်ထား
သူဖြစ်သည်။
          အချိန်ရရင် ရသလို ကလပ် မှာ လေ့ကျင့်မှု လုပ်တတ်သည်။
      ကောင်လေးတွေ ဘာမှ မတတ်နိုင်ပဲ အလျော့ပေးလိုက်
ရသည်။
         ထူးဆန်းတာ တစ်ခု က သူမ ကယ်ခဲ့တဲ့  ကောင်မလေး ဟာ ဦးဝဏ္ဏ ရဲ့ သမီးဖြစ်နေသည်။
          စစ်မှန် ကောင်မလေး ကို အိမ်ပြန်လိုက်ပို့ပေခဲ့ ပြီ
စကားတစ်ခွန်း ပြေားခဲ့လိုက်သည်။

                
             
      
           
        
           

   
       
         

           
             
 
        

        

        
          
            
         
          
          
           

           
        

     
      

          

အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now