အပိုင်း(၇)

34 1 0
                                    

'' အဲ့ ဒိနေ့က စိတ် ရဲ့ အလိုကိုလိုက်ပြီး မှားခဲ့မိပါတယ်
ဒါပေမယ့် ချက်ချင်း အဲ့ဒိ ငွေတွေကို သွားပြန်ပေးခဲ့တယ်။
မေစိုး အဖြစအပျက် တွေအားလုံးကို ပြေားပြနေခဲ့၏။
ပြေားပြနေရင်းမှာပင် အတိတ်ရဲ့ ဖြစ်ရက်တွေထဲမှာ လှုပ်ရှား
ရုန်းကန်နေလေ၏။
အတိတ်ကာလ တစ်ခုဆီက အခင်းဖြစ်ပွားမှု. . . .

ဦးဝဏ္ဏ တို့နှင့် ပြဿနာ ဖြစ်ပြီး မေစိုး တို့ အိမ်ကို ပြန်လာကြသည်။
အိမ် ရောက်တော့ သု က ဧည့်ခန်းထဲက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး ရှိုက်ကြီးတငင် ငိုနေတော့သည်။
ယု ကတော့ နံရံထောင့် တစ်ခုမှာ ထိုင်ချလိုက်၏။
ဒူးခေါင်း နှစ်လုံးပေါ် ကို ဦးခေါင်းတင်လိုက်ပြီး လက်နှစ်ဖက်
ဖြင့် အုပ်မိုးထားလိုက်သည်။
သူမ လည်း အတော်လေး ထိတ်လန့်တုန်လှုပ်ခဲ့ရ
၍ ပင်ပန်းနေပြီ ထင်၏။
မေစိုး က တော့ ထိုင်မရထိုင်မရနှင့် ကနာမငြိမ် ဖြသ်နေလေ၏။
ဧည့်ခန်း အတွင်း ခေါက်တို့ခေါက်ပြန် သွားရင်း တစ်ခုခု ကို စိုးရိမ် နေဟန် ရှိသည်။
သူမ ၏ မျက်နှာ တွင် လည်း တစ်ခုခု ကို ဖုံးကွယ်
ထား သော အရိပ်အယောင်များ ကို တွေ့နေရသည်။
အချိန်အတော်ကြာ လျှောက်နေခဲ့ပြီးမှာ သု ရဲ့ အနား ကို ဝင်ထိုင်လိုက်ပြီး ပုခုံးလေးကို အသာအယာ ကိုင်လိုက်ရင်း
'' သု ''
တိုးတိမ် ညင်သာစွာ ခေါ်လိုက်သည်။
သု ခေါင်း မော့ကြည့်ပြီး မေးခွန်း များစွာနှင့် ပြည့်နေ
သော အကြည့်များဖြင့် ကြည့်လိုက်သည်။
'' ငါ လေ . . . .
ငါ ပိုက်ဆံ ယူခဲ့တယ်''
'' ဘာ. . .
ဘာကို ဆိုလိုတာလဲ ''
အံ့သြတုန်းလှုပ်စွား မေးလိုက်သည်။
'' ငါ သူတို့ ပေးတဲ့ ပိုက်ဆံကို ယူခဲ့တယ်လို့ ''
'' ရက်စက်လိုက်တာ မေစိုး ရယ်
ငါ တို့ အပေါ် ဘယ်လို တွေ လုပ်ခဲ့ လဲဆိုတာ နင်
အသိဆုံးပါ ဟာ
ဒါတောင်. . .နင်က . .'' ဘာမှ ဆတ်မပြေားနိုင်ပဲ
ငို၍သာ နေတော့သည်။
သူမတို့ နှစ်ယောက် ပြေားနေတာတွေကို အစအဆုံး
နားထောင်နေသော ယု က ရုတ်တရက် ထလာပြီး မေးစိုး ရဲ့
ပါးကို ရိုက်လိုက်ပြီး
'' ငါ တို့ ဘဝ ပျက်မလို ဖြစ်ခဲ့တာတောင် နင်က အဲ့ဒိ ငွေတွေ ကို မတ်နေတုန်းပဲလား . . .
ငါတို့ ဘဝ ကို အဲ့ဒိ မဖြစ်စလောက် ငွေ လေးနဲ့
တန်ဖိုးဖြတ်လိုက်တာလား . .ဟမ် . .ပြေားစမ်းပါ . .
သူ့ ကို ကိုယ်ထိလက်ရောက် လုပ်ခဲ့တဲ့ ငါတို့ ကို ဒီတိုင်း
ထားမယ်ထင်နေလား
ကံမကောင်းရင် ထောင်ကျ ဦး မှာ နင်သိလား''
ကြေကွဲ ဆို့နင့်နေသော အသံဖြင့် မေစိုး ပခုံးများကို
ကိုင်လှုပ်ရင်းပြေားလိုက်သည်။
'' ငါ တောင်းပန်ပါတယ် . .
ငါ စိတ်ကို အလို လိုက်ပြီး တစ်ကိုယ်ကောင်းဆန်
ခဲ့မိတယ်ဟာ . . .''
ပြေားပြေားဆိုဆိုနှင့် ယု ရဲ့ ရင်ခွင်ထဲကို ဝင်ကာ
ဖက်ထားလိုက်သည်။
ဘဝတူ သူငယ်ချင်းတွေပီပီ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု ရှိသည်။
မေစိုးရဲ့ ခံစားချက်တွေကို နားလည်နေတာကြောင့်
ဘာမှ ထပ်မပြေားတော့ပဲ ပြန်လည် ပွေ့ဖက် ကာ နှစ်သိမ့်
ပေးခဲ့သည်။
'' ငါ ဘာလုပ် ရ မလဲဟင် ငါ့ ကို ပြေားပါ နင်တို့
ဖြစ်စေချင်တဲ့ အတိုင်း လုပ်ပေးပါ့မယ်''
အဲ့ဒိ ပိုက်ဆံတွေကို ပြန်ပေးခိုင်းလိုက်၏။
. . . . . . . . . . . . . . . . . . . . .
အတိတ် ရဲ့ ဖြစ်ရက်တွေ ထဲမှာ ဖြတ်သန်းနေရင်း မေားပန်း
နေခဲ့သည် ထင်၏။
ပြန်လည်ပြေားပြ နေသော ပစ္စုပန်အချိန် မှာပင် ရင်နင့်
အောင် ခံစား နေရပြီး ရှိုက်ကြီးတငင် ငိုကြွေး နေတော့သည်။
'' မင်း တို့ကို ဘာတစ်ခုမှ ထိမ်ချန်မထား ပဲ အားလုံးပြေားပြ ပါလို့ ပြေားခဲ့တယ်နော် . .
ဘာလို့ မပြေားပဲ ချန်ခဲ့တာလဲ''
'' မလိုအပ်ဘူးလို့ ထင်လို့ပါ''
'' ဒီအမှုနဲ့ ပတ်သက်လာရင် အသေးအမွှား ဆိုတာ
မရှိဘူး။
အရာအားလုံး အရေးကြီးတယ်
နောက်ထက် ထိမ်ချန်ထားတာ ရှိသေးရင် တခါတည်းပြေားပါ ''
''မရှိတော့ပါဘူး''
အဲ့ဒိနောက် စစ်မှန် အမှုတွက် လျှောက်လွှဲချင်တင်ဖို့
ပြင်ဆင် ရပြန်ပါသည်။
သူမ စားပွဲပေါ်မှာ ထိုင်စဉ်းစားနေရင်း အကြံတစ်ခုခု
ရသွားပုံရသည်။
ရုတ်တရက် ထရပ်လိုက်ပြီး ထိုင်ခုံ တွင် ချိတ်ထားသော အပေါ်ဝတ် အကျီ င်္ ကို ဆွဲ ယူကာ ကားပါကင်သို့ ထွက်လာခဲ့
သည်။
သူမ လေး ဘာကို စဉ်းစားမိသွားတာလဲ။
အမှုကိစ္စ ပတ်သက်တယ်ဆိုရင် တစ်ယောက်ပဲ ရှိတယ်။
အဲ့ဒါ ရဲမေလေး မြင့်မြတ်မေ
. . . . . . . . . . . . . . . . . . . .
ရဲစခန်းရှေ့ ကားစတန်း မှာ ကားကို ထိုးရပ်လိုက်
သည်။
ကားပေါ်ကနေ အလေားတကြီး ဆင်းလာသော သူမ။
ဘယ်လောက်တောင် စိတ်လောနေခဲ့တာလဲ။
ခပ်သွတ်သွတ် လျှောက်လှမ်းနေသော သူမရဲ့ ခြေလှမ်း
တွေက သူမရဲ့ စိတ်လေား နေမှုတွေကို အထင်းသားမြင်နေရ
သည်။
ရဲမေလေး ရဲ့ ရုံးခန်းထဲကို ဝင်သွားခဲ့သည်။
သူမကို တွေ့တော့ ရဲမေလေး အံ့သြသွားသည်။
'' မမ . .
ဘယ်လိုလုပ်ပြီး . . ဒီကို ရောက်လာတာလဲ''
'' ပြေားစရာ ရှိလို့ပါ''
'' မေ လည်း ခုပဲ မမ ဆီ လာမလို့ . .
လာ. . .ထိုင်. . မမ''
စစ်မှန် ရဲမေလေး နဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံ တွင် ဝင်ထိုင် လိုက်သည်။
အဲ့ဒိနောက် ဖြစ်ကြောင်းကုန်စင် ပြေားပြလိုက်သည်။
ရဲမေလေးက လိုအပ်တဲ့ အချက်အလက်တွေကို ရှာဖွေ ပေး သည်။
ဒါပေမဲ့ မေစိုး ပြန်လာပြီး ပိုက်ဆံပေးခဲ့တဲ့ ပုံရိပ်တွေကို စီစီတီဗီ မှတ်တမ်းမှာ ရှာမတွေ့ခဲ့ပါဘူး။
'' ထူးဆန်းတယ် ။
ဘာလို့ မရှိတာလည်း ။
တစ်ခုခုတော့ မှားနေပြီ မမ''
'' ဘာကို ဆိုလိုတာလဲ မေ ''
'' ဖြတ် ပစ်လိုက်တာ . .
ဟုတ်တယ် . . အဲ့ဒိ မှတ်တမ်းတွေကို ဖြတ်လိုက်တာ ဖြစ်မယ်''
'' ဒါဆို ဘာလုပ်ကြမလဲ ''
''သိပ်လည်း စိတ်ပူ မနေပါနဲ့ မမ ရယ် ။
မေ သက်သေ တွေ ရအောင်ရှာပေးပါ့မယ်''
စစ်မှန် ခေါင်းကို အသာအယာ ညိမ့်ပြလိုက် ပြီး သူမ ရဲ့ လေးလံနေသော စိတ်တွေ ကို သက်ပြင်း တစ်ချက် ချကာ
လျော့ချစေလိုက်သည်။
'' ဒါနဲ့ မေ, မမ ကို ပြေားစရာရှိတယ်ဆို ''
'' ဟုတ်တယ် မမ
ဦးဝဏ္ဏ ကိစ္စပါ''
'' ဦးဝဏ္ဏ ကိစ္စ . . ဟုတ်လား''
''ဟုတ်တယ် မမ
သူ့ကြောင့် ဘဝပျက်ခဲ့ရတဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်။
မိန်းကလေးတွေ ကို ဖျတ်ဆီးပြီး သူ နဲ့ ဆတ်ဆံ နေတဲ့ ဗီဒီယို ဖိုင်တွေကို အွန်လိုင်း ပေါ် ဖြန့်တယ်။
ပြီးရင် ပြည့်တန်ဆာ လုပ်ဖို့ ဖိအားပေးတယ်
အချိန်တွေ ကြာပြီး အသုံးမဝင်တော့ဘူးဆိုရင် ရောင်းစာ တယ်
အဲ့ဒါ သူ့ရဲ့ စီးပွား ရေးပဲ။ ''
'' ဘယ်လို သိတာလဲ ''
'' တရုတ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျတ်ရေး ရဲတပ်ဖွဲ့ က
ထုတ်ပြန်ထားတာ ။
တရုတ်နိုင်ငံ ရဲ တပ်ဖွဲ့ နဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ က
သူ့ ကို အရမ်းလိုချင်နေတာ။
ထိရောက်တဲ့ သက်သေ မရှိသေးလို့ ဒီတိုင်းကြည့်နေ
တာ ခုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပဲ။
ဒီတစ်ခေါက် တော့ မလွတ်စေရဘူး။
ပြီးတော့ ဒိ ကောင်မလေး''
ပြေားရင်း ဓာတ်ပုံ တစ်ပုံ ကို ကမ်းပေးလိုက်သည်။
စစ်မှန် ဓာတ်ပုံကို လှမ်းယူ ကြည့်လိုက်ပြီးမှ
'' သူ က . . ''
'' သူက ပြီးခဲ့ တဲ့ ရက်ပိုင်းလောက်က မှ လူပြောက်တိုင်
ထားတာ။
စုံစမ်းကြည့်လိုက်တော့ သူက ဦးဝဏ္ဏ ဆီမှာ အလုပ်လုပ်ခဲ့တာ ။
နောက်ပြီး အွန်လိုင်း က ဗီဒီယိုဖိုင်တွေလည်း ရှာတွေ့ခဲ့
တယ်။''
'' သူ့ ကို ရောင်းစား လိုက်ပြီလို့ ဆိုလိုတာလား''

အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now