တမြေ့မြေ့နဲ့ လောင်မြိုက်လာတဲ့ အချစ် မီးတွေဟာ ပိုပိုပြီး
တိုးလို့ လောင်မြိုက်ဆဲ.....
ပူမှန်းမသိ အချစ်မီးတွေထဲမှာ လောင်မြိုက်လို့ နေခဲ့ချိန် အရာအားလုံးဟာ လှပ ကြည်နူး ပျော်ရွှင်စရာပေါ့...
နောက်နေ့ တွေမှာ သူ့ ဆီက စာ တွေကို ဆတ်တိုက်
ရခဲ့တယ်။ မနတ်တိုင်း "မမ မောနင်း..စားပြီးပြီလား... "
လို့ ပို့ နေခဲ့တယ်။ တစ်ချိန်လုံး လည်း ဖုန်းတွေ အဆတ်မ
ပြတ် ခေါ်နေခဲ့တယ်။
တစ်နေ့ ကို ဆယ့်ငါးခါ လောက် ဖုန်းခေါ် တယ်။
ရွှေရေး က ဖုန်းပြေားရတာ မကြိုက်ဘူး။
ပိုဆိုးတာက မေမေ တို့ က ဖုန်းပြောရင် ဘယ်သူလဲဘာလဲ ဘာဖြစ်လို့ ဆတ်တာလဲ ဆိုပြီး အမြဲမေးနေတတ်တာ။
သမီးလေး တစ်ယောက်တည်းမို့ စိတ်မချဖြစ်နေတယ်ထင်
တယ်။
သူ ဖုန်းဆတ်တဲ့ အခါတိုင်း မေမေ တို့ ကို ကြောက်လို့
မကိုင်ဖြစ်ခဲ့ဘူး။
အဲ့ဒိ အခါ သူက "မမ က ဖုန်း လည်း မကိုင်ဘူး ...စာလည်း မပို့ ဘူး.. ကျွန်တော် မမ ကို သတိရနေတာ " လို့ စာပို့ တတ်တယ်။
အစကတော့ သူ့ ကို ဖုန်းမဆတ်စေချင်ဘူး။
ဝန်ထုတ်ဝန်ပိုး တစ်ခုလို ဖြစ်နေတော့ ဖုန်းမဆတ်ဖို့ ပြေားခဲ့တယ်။
" မင်း က ဘာ လို့ ဖုန်းခဏခဏ ခေါ်နေတာလဲ...
အရမ်းအရေး ကြီးတဲ့ ကိစ္စလည်း မဟုတ်ပဲနဲ့...
မင်း အဲ့ လို လုပ်နေရင် မမ အဆူခံရလိမ့်မယ်။ မေမေ တို့ က ဖုန်းပြေားတာ မကြိုက်ဘူး ။ မမ ကို အဆူခံရအောင် မလုပ်ပါ နဲ့ နော်" ချော့ပြီး အဲ့လိုပြေားတဲ့အခါ
"မမ ကို သတိရလို့ပေါ့ " တဲ့.. လေ
"သတိရတယ်ပြေားရအောင် မင်းနဲ့ မမ နဲ့က ဝေးနေတာမှ မဟုတ်တာ" လို့ ဖြောင့်ဖြခဲ့သေးတယ်။
"မမ က လေ အရမ်းဆိုးတာပဲ... ကလေးကျနေတာ.. " လို့လဲ သူအမြဲပြေားတယ်။
ဘာလို့ လဲလို့ မေးရင် "မမ လုပ်နေတာကို ကြည့်လေ.. ကားပေါ် မှာ ကျွန်တော့် ကို... ရင်ခုန်အောင် လုပ်နေတာ..
ကျွန်တော့် စိတ်တွေ အရမ်းထိန်းထားရတယ်.. "
သူ က ရွှေရေး ရဲ့ အပြုအမူတွေကို ခံစားနေတာကိုး...
သူ့ ဆံပင်လေးတွေကို ဖွပြီး ရစ် ခဲ့တာ..
သူ့ မျက်နှာကို လှမ်းလှမ်း ပြီး မထိတထိ လုပ်တာ..
သူ့ ရင်ဘက်ကို ကလိ ထိုးတာ... ဒါတွေက သူ့ အတွက်
ရင်ခုန်စေခဲ့တာ ကို မသိခဲ့ဘူး။ တကယ်တန်းကျတော့ ရွှေရေး က သူ့ ကို ရင်ခုန်အောင် လုပ်နေတာမဟုတ်ပါဘူး။
သူ က အိပ်ချင်တယ် ပြေားလို့ မအိပ်ချင်အောင် လုပ်နေခဲ့တာ.
ငယ်ရွယ်တဲ့ ကောင်လေး ဆိုတော့လဲ စိတ်ကစား နေတယ်
ထင်ပါ့နော်...
ဖုန်းမကိုင် ချင်ရင် စာတော့ ပြန်ပါတဲ့...
တခါ တခါ အလုပ်များပြီး ဖုန်း နဲ့ လူနဲ့ ဝေးနေတဲ့ချိန်ဆို စာ ၀င်တာ မသိလိုက် ဘူး။ သူ့ စာ မပြန်ဖြစ်ခဲ့ရင် ဖုန်း ကို အဆတ်မပြတ်ခေါ် တော့တာပဲ..
အခြေအနေကိုကြည့်ပြီး သူ့ ဖုန်းကို ပြန်ဖြေ ရတာလေ.....
လွတ်လွတ် လပ်လပ်နေလို့ ရတဲ့သူမှ မဟုတ်တာ...
ဒါ ကို သူ နားမလည်ဘူး... "ဒီအရွယ် ရောက်နေပြီ မမ မိဘ တွေ က မျက်စိဒေါက်ထောက်ကြည့်ပြီး လိုက်ပြေားနေတာပေါ့ " လို့ မယုံသင်္ကာ ပြေားတတ်သေးတယ်။
တခါ တခါ ဖုန်းတွေ အကြိမ်များစွာ ခေါ်လာရင် ရွှေရေး လည်း သူ့ ကို အားနာလာမိတယ်.. သူ စိတ်ဆိုးပြီး တမျိုး ထင်နေမှာလည်း ဆိုးတယ်..
အဲ့ဒိအခါ မေမေ တို့မသိအောင် ဖုန်း ပြန်ခေါ်ပေးခဲ့တယ်။
စကားကိုလည်း လေသံလေးနဲ့ ပြေားရတယ်..
ဒါပေမယ့် သူပျော်နေတယ် ဆိုတာ သိတော့ ရွှေရေး လည်း ပျော်ပါတယ်။
ကိုယ်က ဖုန်းမကိုင်နိုင်တော့ သူ့ ကို မခံစားစေချင်ဘူး။
အားလည်းနာတယ်။ စိတ်လဲ မကောင်းဘူး ။
ဒါကြောင့်.. " မကိုင်မှန်း သိနေရဲ့ နဲ့ ဘာလို့ အကြိမ်ကြိမ် ဖုန်းခေါ်နေတာလဲ ။" လို့ ပြေားတော့
သူက .. "ကျွန်တော် အခါ တစ်ထောင် လောက် ခေါ်ရင် မမ တစ်ကြိမ်လောက် တော့ ပြန်ခေါ်မယ်မလား " လို့ ဂရုဏာ သက်စဖွယ် ပြေားသေးတယ်။
သူ အဲ့လိုပြေားတော့ သနားမိတယ်။ ရင်ထဲမှာလဲ တမျိုးကြီးပဲ။
ရွှေရေး က သူ့ ကို ပျော်စေချင်နေတယ် ထင်တယ်။
ပြီးရင် သူက " ကျွန်တော လေ သူ့ ကို မြင်နေရပေမယ့် လည်း လွမ်းနေ တယ် " လို့ ရွှေရေး ကို ရည်ညွှန်း ပြီး ပြေား
တတ်သေးတယ်။
ဟုတ်ပါတယ်လေ သူ နေ့တိုင်း အိမ်ကို လာခဲ့ပေမယ့်
ရင်းရင်းနှီနှီး မနေ မိဘူး။ အရင်ကလိုပဲ စကားတစ်လုံး နှစ်လုံးလောက် ပဲ ပြေားဖြစ်ခဲ့တယ်။
သူ နဲ့ ခပ်ခွာခွာ နေရလို့ သူ တင် မဟုတ်ပါဘူး ရွှေရေး
လည်း ခံစားရပါတယ်။ တစ်ခုခု လိုနေသလိုမျိုး ရင်ထဲမှာ ဟာတာတာ နဲ့ပေါ့။
သူ့ ဖုန်းကို မကိုင်ဖြစ်ခဲ့ရင်လည်း ခံစားနေရတယ်။
သုံးလေးရက် ကြာတော့ သူ တောင်ကြီးကို ထက်သွားရ
ပြန်တယ်။ သူ အမြဲတမ်း လိုလို တောင်ကြီး ကို သွားရတယ်။
သူ့ အလုပ် ကိစ္စပေါ့။
သူသွားကာနီး ပြေားသွားတယ်။
တောင်ကြီးရောက်တာနဲ့ သူ ဖုန်းဆတ်တယ်...
သူ ကံကောင်းတယ်ပြေားရမယ် သူဖုန်း ဆတ်တဲ့ ချိန် ရွှေရေး က ကော်ဖီခြံကို ရောက်နေခဲ့တာ။
ဘယ်သူမှ မရှိတော့ သူ ဖုန်းခေါ်လာတာနဲ့.. ချက်ချင်း ကိုင်ဖြစ်လိုက်တယ်...
"မမ.. ဒီနေ့လေ မမ မပါတော့ ကားမောင်း ရတာ ပျင်းစရာ ကြီး သိလာ ..ကျွန်တော်လေ မမ ကို သတိရနေတာ"
"အရင် က လည်း မင်း ကားမောင်းတိုင်း မမ မပါပါဘူး"
"ဟို တစ်ခေါက်က မမ ဘေးမှာရှိနေခဲ့တာလေ..
အဲ့ဒိ ကတည်း က ကားမောင်းတိုင်း မမ ကို ရှိစေချင် နေတာ.မမ ပြန်လာခဲ့ပါလား... "
"တော်ပါ ခုမှ... အဲ့ဒိနေ့တုန်းက ကျတော့ မပြန်ချင်ပါဘူးဆို
သူပဲ အတင်း အိမ်ပြန်ပို့ ပြီးတော့... "
"ခု ပြန်လာခဲ့လေ... မမ.. "
"လာခေါ် လေ... ပြန်လိုက်မယ်.. "
" မမ က တကယ်လိုက်မှာလား...
ဒီတစ်ခေါက် ကျရင် မမ ကို ပြန်မပို့ တော့ဘူး..
တစ်သက်လုံးပဲ ခေါ်ထားလိုက်တော့မယ်... "
ရင်ထဲ မှာ ဘလောင်ဆူစွားတာပဲ။ မျက်နှာတွေလည်း ချက်ချင်း နီလာတယ်။ အသက်ရှုသံတွေလည်း မြန်လာတယ်
နှလုံးခုန်သံကိုတောင် အတိုင်းသား ကြားနေရတယ်။
ဒါ ပေမယ့် မဖြစ်ဘူး။
မသိချင်ယောင် ဆောင်နေမှ ဖြစ်မယ်လို့ အတွေးဝင်လာတော့
" အကြီးကို နော် ဘယ်လိုပြေားနေတာလဲ... ငရဲကြီး မှာ မကြောက်ဘူးလား ... ဘုရား မကြောက် တရား မကြောက်နဲ့ " လို့ ခြောက်ပြီးပြေားလည်း မရပါဘူး။
"မကြောက်ပါဘူး... ကျွန်တော် ကြောက်တာက လွမ်း နေရတာကို ပဲ "
"ဘယ်သူ့ ကို လဲ မင်း ကောင်မလေး ကိုလား"
"မမ ကိုလေ... အဲ့ဒိမှာ ကျန်ခဲ့တဲ့ မမ ကိုပေါ့... "
"မင်း ဘယ်လို ဖြစ်နေတာလဲ... ကိုယ့်အစ်မ တစ်ယောက်ကို ပြေားရမယ့် စကားမဟုတ်ဘူးနော်"စကားလမ်းကြောင်း လွှဲပေးတယ်။ မရဘူး.. သူ ပြေားချင်တာကိုပဲ ပြေားနေတယ်။
"ဟုတ်ပါတယ် မမ ရဲ့... ဒီစကားတွေ ကို မမ တစ်ယောက် တည်း ကိုပဲ ပြေားရမှာ... "
" ထိုက် ...စိတ်မတိုချင်ဘူးနော်... မင်း မကြောက်ဘူးဆိုရင် ပြန်လာခဲ့.. မြန်မြန်သာ ပြန်လာခဲ့လိုက်... "
ဒေါသထွက်သလိုမျိုး ပြေားနေမိတယ်။ သူ့ ကို ဒေါသထွက်
လို့ မဟုတ်ပါဘူးလေ။ တကယ်တမ်းကျတော့ သူ့ အပြေားတွေမှာ သာယာပြီး သူ့ ကို ချစ်မိသွားမှာကြောက်လို့
ကိုယ့်ကိုကိုယ် ကာကွယ်နေတာပါ။
ဒါ ပေမယ့် ဒီကောင်လေးက တဇွတ်ထိုးနိုင်လွန်းတယ်။
"ဘာလို့ မြန်မြန် ပြန်လာစေချင်တာလဲ... လူကြီးချင်း စကားပြေား ခိုင်း မလို့ လား... ကျွန်တော် မင်္ဂလာဝတ်စုံ ၀ယ်လာမယ်နော်... မမ ဘာရောင်ကြိုက်လဲ ။မြန်မာ ၀တ်စုံလား.. အနောက်တိုင်း ၀တ်စုံလား.. " သူတော့ ဘယ်လို ခံစားချက်တွေနဲ့ ပြေားနေသည်မသိ ရွှေရေး က တော့ ရင်ခုန်ရလွန်းလို့ အသက်ရှုတောင် မ၀ တော့ဘူး။
နောက်ဆုံး ဘယ်လိုမှ ပြေားမရတော့ ...
"ထိုက်... ဒါ စ စရာ နောက်စရာ မဟုတ်ဘူးနော်။ မမ မကြိုက်ဘူး။ မင်း အဲ့လိုတွေ ဆတ်ပြေားနေမှာဆို ဖုန်းချလိုက်တော့မှာ..." လို့ စိတ်ဆိုးနေသလို ပြေားလိုက်တော့ မှငြိမ်သွားတာ။ တကယ်တော့ ရွှေရေး ခံနိုင်ရည် မရှိတော့လို့ပါ။ သူ့ ကို ချစ်မိလို့ မဖြစ်ဘူးဆိုတာ ကြီးက ဦးနှောက်ထဲမှာ သတိပေးနေတယ်။
ဒါပေမယ့် နှလုံးသားကတော့ ထိန်းချုပ်ဖို့ ခတ်ခဲခဲ့လေပြီ။
သူ ဖုန်းမဆတ် ရင် စာ အမြဲတမ်း ပို့ နေခဲ့တယ်။
အားရင် အားတဲ့ချိန်ပို့တယ်... သူ စာပို့တိုင်းလဲ ပြန်ပြေားဖြစ်ပါတယ်။ ရင်ခုန်စရာတွေ ပြေားတတ်တဲ့ သူ့ ..
ကို စိတ်ယိုင်နေမိ ပြီထင်တယ်...
သူက "မမ ကို သတိရတယ် လွမ်းတယ် "ဆိုတာကို ထပ်တလဲလဲ ပြေားနေတတ်တယ်။
အဲ့လိုပြေားတိုင်းလည်း ကျေနပ်စွာ ပြုံးမိနေတယ်။
တစ်တလေ သူ့ စကားတွေ စည်းကျော်သွားလို့
"အမလေးလေ.. ငါ့ ကိုများ.. အဲ့လို ပြေားတယ်.. "လို့ ကြိမ်းတိုင်းလည်း သူက "မမ က ချစ်စရာ အရမ်း ကောင်း တယ်။ အဲ့ဒါ ကြောင့် မမ ကို ချစ် တာ.. "
လို့ ပြေားတတ်သေးတယ်။
တခါတလေဆို မမ ကို ပြေားစရာရှိတယ် လို့ ပြေားပြီး
"မမ ကျွန်တော်လေ မမ ကို ...." ဆိုပြီး ဆတ်မပြေားပဲ ရပ်ထား တယ်။
မသိပဲနေမလား..
သူ ဒီလောက် အကြိမ်ကြိမ် ပြေားနေခဲ့တာကို...
နောက်ပြီး ပြေားသေးတယ် "မမ စကားပြေားပုံ ဆိုပုံ အမူအယာ လေးတွေက ကျွန်တော့်တွက် ချစ်ရာလေးတွေ ဖြစ်နေတယ်... အသည်းယားစေတယ်တဲ့"
အဲ့ဒါ ကြောင့် .."မမ ကျွန်တော့် ကို အသည်း
ယားအောင် မလုပ်နဲ့နော် တဲ့.. အသည်းယားလာရင် အာဘွား
ပေး ပစ်မယ် " တဲ့ လေ။ သူ ဘာသာ သူ ရွှေရေး လုပ်သမျှ
ကို အသည်းယားနေတာ မတတ်နိုင်ပါဘူး။
သူ့ ဆီက နေ ချစ်တယ် ဆိုတာကို နည်းလမ်းမျိုးစုံနဲ့ ပုံစံမျိုးစုံ
နဲ့ ကြားနေရတော့ ..
တခါ တလေ ဆို သူ မပြေားဖြစ်အောင် စကားလမ်းကြောင်း
လွှဲ ရတယ်။
ကိုယ့်စိတ်ကိုယ် ထိန်းတဲ့ သဘေားပေါ့ ။ သူ စိတ်ကစား နေတာ သာ ဖြစ်ခဲ့ရင် ခံစားရသူက ရွှေရေး ဖြစ်သွားမှာလေ။
မရပါဘူး... သူ့ ရဲ့ ဆွဲဆောင်ရည် က အရမ်းပြင်းလွန်းတယ်
ကိုယ်ကိုတိုင်တောင် မသိလိုက်ပဲ သူ့ ကို ချစ်မိသွားပြီ။
တိတ်တစိတ် သူ့ ကို လွမ်းနေတတ်ပြီ။ မဖော်ပြမိတဲ့ အချစ်တွေ နဲ့ သူ့ ကို မြတ်နိုးနေမိပြီ.....
YOU ARE READING
အကြမ်းဖက်ခံ ဘဝများ(lives of violence)
Não Ficçãoရှေ့နေမလေး သစ္စာစစ်မှန် ဟာ အမျိုးသမီးများအကြမ်းဖက်မှု မှ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စများကို စွမ်းစွမ်းတမံ လုပ်ဆောင်ပေးနေတဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ တရား လွှတ်တော် ရှေ့နေဖြစ်ပါတယ်။ တစ်နေ့မှာ မတရားသဖြင့် တရားစွဲဆို ခံထားရသော အမျိုးသမီးလေ...