အခန်း(၂)

33 2 0
                                    

      ကျွန်မ နှလုံးသားကို မီးလောင်တိုက် မသွင်းခင် နှလုံးသားကို ငါး တစ်ကောင်အလား အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် မွှန်းမဲ့ ဓား တစ်ချောင်းကို ကျွန်မ ကိုယ်တိုင်ပေး
ခဲ့မိလေသလား.........

   ကျောင်းပိတ်ရက်မို့ မောင်လေး အိမ်ပြန်ရောက်နေတဲ့ချိန်...
ဒီအချိန် ဟာ ကျွန်မ ရဲ့ နှလုံးသားကို လှုပ်မရအောင် ကြိုးမျှင်
လေးတစ်ချောင်းဖြင့် စတင် ရစ်နှောင် ဖို့ အစပျိုးလာခဲ့တော့
တယ်.....
        '' အစ်မ ဘယ်က ပြန်လာတာလဲ ''
ဝရံတာ မှာ ထိုင်နေတဲ့ ကောင်းကောင်း က လှမ်းမေးတယ်။
'' ကော်ဖီခြံ သွားကြည့် တာလေ''
'' ကော်ဖီခြံ သွားတာကလဲ နှုတ်ခမ်းနီ ရဲအောင်ဆိုးပြီး တော့လား ''
       '' ကိုယ့် ကို ကိုယ် ဆိုးချင် လို့ ဆိုးတာ မင်း က ဘာဖြစ်နေတာလဲ ''
      '' ယုံချင်စရာမှ မရှိတာ ။ မှန်မှန်ပြေားနော် ဘယ်သွား
လာတာလဲ "နဂို ကတည်း က စနောက် ချင်နေတဲ့ သူလေ။
ဘယ်တော့ မှ စကား အကောင်း ပြေားလို့ မရဘူး။
     မျက်မှောင် ကုပ်ပြီး မျက်နှာ တည် နဲ့ '' ကောင်းကောင်း''
လို့ ခပ်ပြင်းပြင်းလေး ပြေားမှ ငြိမ်တတ်တာ သူ့ အကျင့်ပေါ့။
         ခုလဲကြည့်လေ စနောက်နေတာ နည်းနည်းလေး
အော်လိုက်မှ ငြိမ်တော့တယ်။
        သူငြိမ်သွားသည်နှင့် ရွှေရေး လဲ တာဝန် အရ မေးမြန်း
ခန်း ၀င်ရတော့တာပေါ့။
      '' နေပါ ဦး မင်း တို့ ကကော ဘယ်က ပြန်လာတာလဲ''
အားကစား ၀တ်စုံ နဲ့ မေားပန်းစွာ ခြေပစ် လက်ပစ် ထိုင် နေတဲ့ သူ ဆိုတော့ မေးရသည်ပေါ့လေ။
     '' ခြင်းခတ် ပြီး ပြန်လာတာလေ ''
ဟုတ်တယ် မောင်လေး နဲ့ ကောင်းကောင်း တို့ က ခြင်းခတ်
အရမ်ဝါသနာ ပါတာ ။ အဲ့ဒါ ကြောင့်လဲ ညနေပိုင်း တွေဆို
သွားခတ် လေ့ ရှိတယ်။
        ကောင်းကောင်း ကို သာ အာရုံ စိုက်ပြီးမေးနေခဲ့တာ။
သူ့ ဘေး မှာ နောက်တစ်ယောက် ရှိနေတာကို သတိမထား မိခဲ့ဘူး။
      စားပွဲပေါ် က ရေဘူးကို လှမ်းယူ ပြီး ခွက်ထဲ ထည့်နေတဲ့
လှုပ်ရှားမှု ကို ခံစားလိုက် ရတာနဲ့ အရိပ်အယောင် ရှိနေရာ ကို
လှမ်းကြည့်မိတော့မှ ထိုက် ရှိနေမှန်း သိတော့တယ်။
အဲ့ ဒိ အချိန်မှ သူ့ ကို လှမ်းနှုတ်ဆတ်ရတာပေါ့။
    '' ထိုက် ကော ရောက်နေတာ ကိုး ''
     '' ဟုတ်ကဲ့ မမ ''
'' ဒါ နဲ့ ဖြိုးရော် '' ထိုက် ကို ဦးတည်ပြီး မေးမိနေတယ်။
'' ရေချိုး နေတယ် မမ ''
       ထိုက် လက်ထဲက ရေဘူးကို မချသေးပဲ လှမ်းဖြေသည်။
'' ကောင်း သောက်စရာ တစ်ခုခု စီစဉ်ပေးလိုက်ဦးလေ ''
       ထိုက် က မောင်လေး သူငယ်ချင်းဆိုပေမယ့် သိတာလဲ မကြာ သေး တော့ ကောင်းကောင်း တို့ လို မရင်းနှီးသေးဘူး။
ကောင်းကောင်း ဆိုတာ ကိုယ့် အိမ်လို ဖြစ်နေတော့ စားချင်တာ ယူစား လုပ်ချင်သလို လုပ်နေတော့ တာပေါ့။
ဒါ ကြောင့် လည်း ထိုက် ကို ဧည့်သည် တစ်ယောက်လို ဧည့်ခံ နေဖြစ်ခဲ့တယ်။
       ဒါ ပေမယ့် ထိုက် ကငြင်းတယ်။
'' တော်ပြီ မမ ။ ရေတွေသောက် လိုက်လို့ ဗိုက်ပြည့်နေပြီ''
''နေ အရမ်းပူတယ် ရေခဲရေတွေ သိပ်မသောက်နဲ့ လည်ချောင်းနာလိမ့်မယ် ''
'' ဟုတ်ကဲ့ မမ ''
သူ့ ကို ခေါင်း လေးညိတ့်ပြီး အသာအယာပြုံး ပြလိုက်တော့
သူ့ မျက်လုံးတို့ဟာ ရွှေရေး မျက်နှာပေါ် က အထူးအဆန်း
တစ်ခုခု ကို လိုက်ရှာ နေသလို။
      စိမ့်စိမ့်ကြီး ကြည့်ပြီး ပြုံး နေတဲ့ ကောင်လေး...
       သူ့ အကြည့်တွေကို မခံ နိုင်တော့ တဲ့ အဆုံး အိမ်ထဲ
ဝင်လာ ရတော့ တာပေါ့ ။ ဒီအပြုံး တွေ က တစ်ချိန်ချိန်မှာ နှလုံးသားကို မွှန်း မဲ့ ဓားဆိုတာကို မသိခဲ့ဘူး။
        အိမ်ထဲရောက်တော့ မောင်လေးက ရေချိုး ပြီးလို့
သူ့ ရဲ့ ဆံပင် တွေကို သဘက်ဖြင့် သုတ်ရင်း လှေကားမှ ဆင်းလာသည်။
      ရွှေရေး ကို တွေ့တော့ '' မမ အမေ တို့ ဘယ်သွား တာလဲ ''လို့ မေးတယ်။
         သူ့ နံဘေးက နေဖြတ်သွားရင်း လှေကားပေါ် ကိုခြေ ချရင်း.... '' ပြင်ဦးလွင် သွားတယ် ''
            '' အဘွား တို့ ဆီလား ''
            '' အင်း.... ''
       လို့ ဖြေတဲ့ချိန် အပေါ် ထက် ရောက်တော့ မယ်။
တစ်လက်စတည်း '' ထိုက် ကို ကော်ဖီလေးဘာလေး လုပ်ပေးလိုက်ဦး လေ ''ဟု မှာလိုက်သေးတယ်။
       မောင်လေး က ဘာမှ ဆတ် မမေးတော့ပဲ သူ့ သူငယ်ချင်း တွေ ကို ဆတ်ပြေားနေတယ်။
        '' ကောင်းကောင်း မင်း တို့ ဒီည ငါ့ အိမ်မှာ လာအိပ်ပါလား ။
       ငါ့ အမေ တို့ လည်း မရှိဘူး ။ ငါ နဲ့ မမ နဲ့ နှစ်ယောက်ပဲ ရှိတာ ''
       ကောင်းကောင်း က မငြင်းပေမယ့် ထိုက် က သူ့ အဘိုး ခရီသွားစရာ ရှိတာကြောင့် သူ့ အဖွား တစ်ယောက်တည်း အိမ်မှာ ရှိနေမှာမို့် လာမအိပ် နိုင်တဲ့ အကြောင်း ပြေားတာကို ခပ်ရေးရေး ကြားလိုက်ရတယ်။
         အခန်းထဲကို ရောက် တော့ မောင်လေးတို့ စကားသံကို မကြားရတော့ဘူး။
      ရွှေရေး လဲ အ၀တ်အစား လဲပြီး ပြန်ထွက် လာတော့ ကော်ဖီသောက်ချင်တာနဲ့ မီးဖိုဆောင် ထဲ ၀င်ဖျော် ကာ
လက်က ကိုင်ပြီး မောင်လေးတို့ ရှိရာသို့ ထွက်လာခဲ့ လိုက်တယ်။
         အနားတောင် မရောက်သေးဘူး ကောင်းကောင်း က လက်ထဲက လာလုယူသွားတယ်။
    မသိရင် သူ့ အတွက် များ ဖျော်လာပေးသလို ။
အားရပါးရ သောက်နေလေ၏။
       စိတ်မဆိုး မိပါဘူး။
ဒီလိုအခွင့်အရေးမျိုး ရနေသည်ကို ပဲ ကျေနပ်နေမိတာ။
'' ထိုက် ကို လဲ တိုက်လိုက်ဦးလေ '' အားနာ သလိုရှိတာနဲ့
လှမ်းသတိပေးမိတယ်။
ထိုက် က ငြင်း၏။
ဗိုက်ပြည့် နေသည်တဲ့လေ။
အဲ့ ဒိနောက်တော့ မောင်လေး က
         '' မမ သား ထိုက် ကို လိုက်ပို့ လိုက်ဦးမယ်''
'' အေး.. လိုက်ပို့ လေ ။ မြန်မြန်တော့ ပြန်လာနော် မမ တစ်ယောက်တည်း ။ ဟု မောင်လေးကို ပြေားပြီး.. သည်နှင့်
         မိုးချုပ်နေပြီ အိမ်ကို တန်းတန်းပြန်နော် ။ ဟို ၀င် ဒီဝင် လုပ်မနေနဲ့ ကြားလား ''
           ထိုက် ကို ကြည့်ပြီး ပြေားလိုက်တယ်။
သူ တစ်ယောက်ပဲ ပြန်မှာ မဟုတ်လား။
ကောင်းကောင်း က ပြန်လိုက်လာမှာလေ ။
'' သိပါ တယ် နေရာတကာ လိုက်ပြေားနေတာပဲ ။
အဖွားကြီး ကျနေတာ..... ''ဟု ကောင်းကောင်း က ဂျစ်ကန်ကန် ပြေား လာတော့ သူ့ လက်မောင်းကို လိမ်ဆွဲပြီး
......
          ''ဟဲ့ ပြေားရ တာပေါ့...
            ငါ့ ကို ပြန်ပြေားမနေနဲ့...
            ပြေားရင် ပြေားတဲ့ အတိုင်းလုပ်...
             စိတ်ပျက်အောင် လာ မလုပ်နဲ့နော်...
              အစ်မ တစ်ယောက် အလကားရဖို့ ဆိုတာ မလွယ်ဘူး.... '' ဟု ခပ်တည်တည် ပြေားလိုက်တယ်။
ထိုက် ကတော့ ပြုံး ရင်း ပဲ ကြည့်နေတော့တာပေါ့။
သူ့ အတွက် ဘာတွေက များကြည်နူးမှု ဖြစ်စေတာလဲ ဆိုတာ မစဉ်းစားတတ်တော့ဘူး။
              အမြဲတမ်းလိုလို ရွှေရေး ကို သဘေားကျ သလို စိုက်ကြည့်နေတတ်တယ်လေ။
        ဒီလိုနဲ့ ဒုတိယ နှောင်ကြိုးလေး ကလည်း မသိမသာ
ရစ်ပတ်လာပြန်တယ်။
       အိမ်ကို အ၀င်အထွက် များလာပြီး တစ်စိမ်းတစ်ယောက်
ဆိုတဲ့ ခံစားချက်ကြီး ပြောက်သွားတယ်။
      ကိုယ့်ဘက်က အတတ်နိုင်ဆုံး မောင်လေးနဲ့ တန်းတူ
ဆတ်ဆံပေမယ့် သူ့ ဘက်ကတော့ အစ်မ တစ်ယောက်လို
သဘေားမထားပဲ သာမန် မိန်းကလေးတစ်ယောက်လို မြင်
နေတယ်။
       ရွှေရေး ရဲ့ အပြုအမှု အပြေားအဆိုတွေကို တမျိုး ခံစားနေရတယ် ထင်တယ်။
         သူ့ ဘက်က တုန့်ပြန်မှုတွေက မရိုးဘူးဆိုတာ ကို
မသိစိတ်ကတော့ သိနေမိတယ်။
      သူ့ ရဲ့ သဘေား ထားတွေကို ရှင်းရှင်းလင်းလင်း
သိခွင့်ရခဲ့တာက ရွှေရေး ဘွဲ့ ယူတဲ့ချိန်။
      အဲ့ဒိချိန်မှာ သူ နဲ့ ပိုပြီး ရင်းနှီးနေသလို ရွှေရေး နှလုံး သားကို စပြီး တံခါး ခေါက်တဲ့ ချိန်....
           ရွှေရေး နှလုံးသားကို စပြီး ဓား နဲ့ အမွှန်း ခံနေရပြီ
ဆိုတာကို ကိုယ်ကိုတိုင်တောင် မသိနိုင်ခဲ့ပါဘူး...
ပျော်နေမိ...
သာယာနေမိ...
ကျေနပ်နေမိတော့သည်.....


       
         

      

          
     

အကြမ်းဖက်ခံ ဘဝများ(lives of violence)Where stories live. Discover now