Zawgyi
"ပေါက်စ လေးရေ... ထတော့.. Hyung နဲ့လိုက်မှာဆိုရင် ထတော့နော်.. မထရင် ထားခဲ့တော့မှာ ''
လွန်ခဲ့တဲ့ နာရီဝက်က တခါ နှိုးပြီးပြီဖြစ်သည်.. ခုက ဒုတိယအကြိမ်နှိုးခြင်းပင်..
ထိုကလေးက အိပ်ရာနှိုးရတာ အရမ်းခက်သည်.. နိုးရင်လည်း နာရီဝက် ၁၅ မိနစ် ပြန်ပြန်အိပ်တတ်တာ သူ့အကျင့်တခုပင်..
တဦးတည်းသော ညီလေး.ရင့်နင့်သည်းချာလေးမို့ အလိုလိုက်ထားမိသည်...
Taehyung မိဘနှစ်ပါးလုံးက ၁၀ နှစ်သား.. ကျတော် ၁၇ နှစ်သားကတည်းက ဆုံးပါးသွားခဲ့ပြီဖြစ်သည်..
လောကအလယ် မျက်ရည်လည်ရွဲနှင့် ထိုကလေးကို ကလေး အမေရဲ့ အကို..ကျတော့်အဖေ Mr Kim MinJung က ခေါ်ထားကာ စောင့်ရှောက်ပေးထားခြင်းပင်... ကျတော်နဲ့ဆို ညီအကို တဝမ်းကွဲပေါ့...
ထိုကလေး အိမ်ကိုရောက်ပြီး တနှစ်လောက်ကြာတော့ ကျတော် America ကို ပညာသင်ထွက်ခဲ့ရသည်... ထိုအချိန်မှစ၍ ထိုကလေးက appa ရဲ့ ရင့်နှင့်သည်းချာ တအိမ်လုံးရဲ့ အသည်းကျော်ဖြစ်ခဲ့ရသည်....
မနှစ်က ကျတော် ပြန်ရောက်တော့ သူ့ခမျာ jin hyung ပြန်လာပြီဟုဆိုကာ ပျော်နေသည်..
ထိုကလေးက ကြာလေ ချစ်စရာကောင်းလေပင်..
Appa တုန်နေအောင် ချစ်သည်ဆိုသည်ကိုပင် လက်ခံမိသွာသည်..ခုတော့ ထိုကလေး ၁၆ နှစ်သားပင်ဖြစ်နေပြီ... ကျတော်လည်း appa ပိုင်တဲ့ ဟိုတယ်နှင့် စားသောက်ဆိုင်ကို ဦးစီးနေရပြီဖြစ်သည်..
Appaကို အနားယူစေကာ ကျတော်က ဦးစီးနေခြင်းပင်ဖြစ်သည်..
ခုတော့ appa က ငယ်သူငယ်ချင်းရှိသည့် Japan ကို တနှစ်လောက်သွားနေချင်ဆို၍ ကိုးရီးယားကို တာ့တာပြသွားသည်..
...
အထကိတန်းကျာင်းသားလေး Taehyung ကတော့ ကျတော့်ရဲ့ ဆည်းလည်းလေးပင်.."ဟာ.. Jin hyung .. ထယ်ထယ့်ကို မထားခဲ့နဲ့နော် .ခုထပြီ...''
အိပ်ရာပေါ်မှ ကုန်းရုန်းထကာ အော်ဟစ်ပြီး ရေချိုးခန်းထဲ ဝင်သွားသည့် ပေါက်စလေး..
အသက်ကသာ ၁၆ နှစ်.. အထက်တန်းနောက်ဆုံးနှစ် ကျောင်းသား...တကယ့် သေးသေးလေးပင်... သူ့ခေါင်းထဲ စားဖို့နဲ့ game ဆော့ဖို့သာ သိသည်.... တနေ့တနေ့ ဘာစားရမလဲနှင့်သာ ဥိးနှောက်ကို အလုပ်ပေးတတ်သည်..
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️