"ကိုကို..ထယ်ထယ့်ကို လာခေါ်ပါဦး''
"အင်းအင်း baby.. ခုလာပြီ.. ဘယ်မှ မသွားနဲ့နော်...''
ရုံးဆင်းခါနီး ပြင်ဆင်နေတုန်း ကလေးဆီက ဖုန်းဝင်လာခြင်းပင် ဖြစ်သည်..
အသံသေးသေးလေးဖြင့် ကလေးလေးတယောက်လို ပြောနေသံကြောင့် ဖြစ်နေမည့် ပုံစံလေးကိုပါ မျက်လုံးထဲ မြင်ယောင်လာသည်... နှုတ်ခမ်းလေးထော်ပြီး ခြေထောက်လေးပါ ဆောင့်နေမည်မှာ အသေအချာပင်..
.............
ကိုကို့ကို ဖုန်းဆက်ခေါ်ပြီးတော့ စောင့်နေတုန်း ထယ်ထယ် တယောက်တည်းမို့ jihoon ကပါ ကူစောင့်ပေးနေသည်...
"Jihoonie. သိလား..ကိုကိုကလေ ထယ်ထယ့်ကို ဒီကျောပိုးအိတ်လေးကော ဒီဖိနပ်လေးကော ဝယ်ပေးထားတာ... ဒါတွေက ဈေးကြီးတယ် သိလား hoonie.. GUCCI တွေလေ... ဒေါ်လာနဲ့ ပေးဝယ်ရတာ hoonie ရဲ့''
Jihoon တယောက် ထယ်လေးရဲ့ ကြုံကြွား ကြွားခြင်းကို နားနဲ့ မဆန့်အောင် ခံစားနေရသည်...
ပုံမှန်ဆို Park Jihoon တို့က ကိုယ့်ကို ဒီလိုလာပြီး ကြောလို့ကတော့ ဘုဂလန့်တွေချည်း ထိုင်ပြောပစ်ပြီ ဖြစ်သည်..
အခုတော့ ရှေ့က လူသားလေးက အမြင်ကပ်စရာကောင်းအောင် ကြွားနေတာ မဟုတ်ဘဲ အလွန်ပင် ချစ်စရာကောင်းအောင် ကြွားလုံးထုတ်နေသည်...
ပြဇာတ်တိုက်ထားလို့ ထွက်နေတဲ့ ချွေးစို့စို့လေးတွေကြောင့် မျက်နှာလေးက ပြောင်ဝင်းနေကာ ပါးဖောင်းဖောင်းလေး နှစ်ဖက်က ရဲစွတ်နေသည်...
ပြောရင်းဆိုရင်းပင် ကျောပိုးအိတ်လေးထဲက ဝေဖာချောင်းလေးတွေကို ထုတ်ကာ စားနေပြန်သည်..
"ထယ်ထယ်.. ကိုယ့်ကိုယ်ရော မကျွေးတော့ဘူးလား''
"Jihoon ကို စားမလားလို့ မေးတာ ပြန်မှမဖြေတာ...မစားဘူးထင်လို့''
နှုတ်ခမ်းလေးထော်ကာ ထော်ကာဖြင့် ပြန်ရန်တွေ့သေးသည်..
ကျောပိုးအိတ်ထဲတွင်လည်း မုန့်မျိုးစုံက စာအုပ်တွေထက်ပင် လေးလောက်သည်..
ဝေဖာလေးတချောင်းကို ထုတ်ကာ jihoon ကို လှမ်းပေးရှာသည်...
"ထယ်က မုန့်တွေ အရမ်းစားတယ်နော်...ကလေးလေးလိုပဲ ချစ်စရာကောင်းတယ်''
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️