Zawgyi
"Hyung. ကျတော့်ကို baby ကို ပေးမယ်မလား''
မနက်စောစောစီးစီး ဟင်းချက်နေတဲ့နားလာကာ ပေါက်တတ်ကရတွေ ပြောနေသော Jungkook.
ပေါက်စလေးကတော့ အိပ်ရာက မနိုးသေး.ကျာင်းပိတ်ရက်မို့ ကလေးကြိုက်တတ်တဲ့ ဟင်းလေးတွေချက်ကာ မုန့်လေးတွေလုပ်ကျွေးမို့ မီးဖိုချောင်ထဲ စောစောစီးစီး ရောက်နေခြင်းပင်...
ဒါကို ဟိုငနာ jungkook က ဘေးကနေ တဂျီဂျီဖြင့်....
"Hyung မပေးရင်. ကျတော်က လစ်တာနဲ့ ခိုးသွားမှာနော်''
တကယ့် ဘုရားစူး အကုသိုလ်ကောင်ပါပင်...
စိတ်ပေါက်ပေါက်ဖြင့် ဒယ်ပြားနှင့် သုံးချက်လောက် ဆင့်ခေါက်လိုက်တော့ ခေါင်းလေးပွတ်ကာ အပြင်ပြန်ထွက်သွားသည်...
ဒါတောင် ပြောသွားသေးသည် '' တကယ်မခိုးဘူး မထင်နဲ့နော်.. မပေးရင် ခိုးမှာ... တသက်လုံး မတွေ့ရဘူးမှတ်'' တဲ့.
ယောင်းမဖြင့် ထပ်ပစ်လိုက်တော့ ''hyung. ယောင်းမပျံလောက်ကတော့ ကျတော်က အရှောင်ကျွမ်းပြီးသား''တဲ့...
စောစောစီးစီး Kim Seok Jin ကို အကုသိုလ်တွေ ပေးနေခြင်းပင် ...
"တီးတောင် တီးတောင် ''
"Jungkook ရေ... ခြံတံခါး သွားဖွင့်ပေးလိုက်ဦး''
ခြံရှေ့မှ လူခေါ်ဘဲလ်သံကြောင့်မို့ jungkook ကို လှမ်းအော်လိုက်သည်..
သို့သော် တုံ့ပြန်သံမကြားရသည်မို့ ထွက်ကြည့်လိုက်တော့ မောင်မင်းကြီးသားက ဧည့်ခန်းမှ ရှိမနေ... အပေါ်ထပ် ပေါက်စလေးအခန်းကို တက်သွားပြီ ထင်ပါရဲ့.. ခုတော့ ကိုယ့်ဘာသာ သွားဖွင့်ရုံသာ...
တံခါးဖွင့်လိုက်တော့ အရပ်ရှည်ရှည် ခပ်ဖြောင့်ဖြောင့်လူတဦး...ဆန်မုန့်ဗူးလေးကို ကိုင်ကာ ရပ်နေသည်..
"အာညော်.. ကျတော်က Kim Namjoon ပါ... ဟိုဘက်ခြံကို ဒီနေ့မှ ပြောင်းလာတာပါ... ''
မုန့်ဗူးလေး ထိုးပေးကာ နှုတ်ဆက်လာသည့် ထို လူက ခပ်စစလေး ပြုံးလိုက်တော့ ပါးချိုက်နှစ်ခုက ထင်းလို့ပင်...
ခဲပြာရောင်ဆိုးထားသည့် ဆံပင်တို့က ထိုလူနှင့် ပနံတင့်လှသည်...
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️