"ကိုကို... ထယ်ထယ်လေ.. ကျောင်းမတက်ချင်တော့ဘူး''
မြတ်စွာဘုရား!
ကျောင်းကနေ ကြိုလာပြီး အိမ်ပြန်ရောက်ရောက်ချင်း လွယ်အိတ်ကို ဆိုဖာပေါ် ပစ်ချပြီး ပြောလိုက်သည့်စကား..
နောက်နေ့ ကျောင်းပိတ်သည်မို့ ဒီည ကိုကို့ဆီမှာ အိပ်မည်ဟုဆိုကာ ပါလာခြင်းပင်...
"ဘာဖြစ်လို့လဲ baby ရဲ့...ဆရာမက ဆူလို့လား...သူငယ်ချင်းတွေက အနိုင်ကျင့်လို့လား''
မျက်နှာ မကောင်းတဲ့ ကလေးငယ်ကို ပေါင်ပေါ် ဆွဲပွေ့ကာ ဆံပင်လေးတွေကို သပ်ပေးရင်း မေးလိုက်သည်.
"Arnyiii... အဲ့လိုမဟုတ်ပါဘူး... ကျောင်းက ဆရာမကကော သူငယ်ချင်းတွေကကော ထယ်ထယ့်ကို ချစ်ပါတယ်.... ထယ်ထယ့်မှာ မုန့်ကုန်သွားရင် မုန့်ဝယ်ကျွေးမယ့် gigi လည်း ရှိတယ်.. repeater hyung တွေဆို တခါတလေ ထယ်ထယ်က ချစ်စရာကောင်းလို့ဆိုပြီး မုန့်တောင်ဝယ်ကျွေးတယ်...ဒါပေမဲ့ ကိုကိုရယ်....ဟူး.....😒''
ဒါပေမဲ့ဆိုပြ်ီး ရပ်နေကာ သက်ပြင်းပါ ပူးတွဲချလိုက်သည့် ကလေးငယ်..
ဘယ်အခက်အခဲကများ ကလေးငယ်ကို ကျောင်းမတက်ချင်လောက်အောင် ဖြစ်စေပါလိမ့်..
"ဘာလို့လဲ baby ရဲ့... ကိုကို စိတ်ပူလာပြီ...ပြောပါဦး''
ဆူပုတ်ပုတ် ကလေးငယ်က ရင်ခွင်ထဲ တိုးဝင်လာပြန်သည်...
"စာမကျက်ချင်ဘူး ကိုကိုရဲ့... သချာင်္တွေလည်း မတွက်ချင်ဘူး...ပြီးတော့ အင်္ဂလိပ်စာလည်း မသင်ချင်ဘူး....''
ခက်တော့တာပါပဲ ကလေးရယ်... ကိုကို အလိုလိုက်မိတာ မှားပြီထင်ပါရဲ့... ကလေးစာတွေ ကူရေးပေး...သချာင်္တွေ ကူတွက်ပေးနဲ့ ကလေးကို အပျင်းရောဂါ ပေးလိုက်သလိုပင် ဖြစ်သွားသည်.
"ထယ်ထယ်က jin hyung နဲ့ ကိုကို့နားမှာပဲ နေချင်တာ... ''
ရင်ခွင်ထဲက ကလေးငယ်ကတော့ အင်္ကျီစကို ခပ်ဖွဖွ ချေနေကာ တအီအီဖြင့်.
"Baby... ကိုကို ပြောပြမယ်...သေချာနားထောင်နော်''
ကလေးငယ်ကို ရင်ခွင်ထဲက ထုတ်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်စေလိုက်သည်...ဝိုင်းစက်စက် မျက်လုံးလေးတွေနှင့် ခေါင်းညိမ့်ပြသည့် ကလေးငယ်... ပါးဖောင်းဖောင်းနှစ်ဖက်ကို ခပ်ဖွဖွ အုပ်ကိုင်ကာ ကလေးငယ်ကို စတင် ဆုံးမရသည်..
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️