Zawgyi
ကားပေါ်ရောက်တော့ baby ကို နောက်ခန်းထဲထည့် သေချာ ခါးပတ်ပတ်ပေးကာ ရှေ့တွင် ဝင်ထိုင်လိုက်သည်.
"Jungkook. အဲ့ဒါ မင်းညီလား ငါ့ညီလား''
Jin hyung က ကားမောင်းရင်း မဲ့ကာ မေးလာလေသည်.
"Hyung ရဲ့ညီ. ကျတော့်ရဲ့ baby''
ကျတော်ရဲ့ အဖြေစကားအဆုံးမှာ jin hyung ရဲ့ ဆဲသံတိုးတိုးကို ကြားလိုက်ရသည်..
နောက်က ကလေးကို လှည့်ကြည့်တော့ game ကို ငုံ့ကာ အသဲအသန်ဆော့နေသည်..
"Jin hyung.. baby ဗိုက်ဆာနေပြီတဲ့...ကောင်းတဲ့ ဆိုင်တခုခုကို အရင်မောင်းပါလား''
"အမလေး jungkook ရယ်..ငါ့ကလေးအကြောင်း ငါသိပါတယ်.. ဘယ်ဆိုင်မှမဝင်ဘူး...အိမ်မှာ အကုန်ပြင်ခဲ့ပြီးသား... ငါ့ပေါက်စလေးကို ငါ အပြင်စာတွေ တွေ့ကရာ မကျွေးဘူး...''
Jin hyung ရဲ့ စကားကြောင့် ကလေးကို တော်တော်ဂရုစိုက်ပြီး ချစ်မှန်း သိရသည်..
Jin hyung က အကုန်ပြင်ခဲ့ပြီးပြီဆိုတော့လည်း အိမ်ကိုပဲ အသာတကြည်လိုက်ရုံပေါ့...
.......
အိမ်ရှေ့ရောက်တော့ jin hyung က ခြံတံခါးကို ဖွင့်နေခိုက် ကျတော်က ကားနောက်ခန်းမှ အထုတ်တို့ကို ချနေလိုက်သည်..
"ပေါက်စလေးရေ.. jk hyung ကို အထုတ်ဆွဲကူလိုက်ဦးလေ''
"Nae . Hyung''
ဖုန်းလေးကို အိတ်ကပ်ထဲ ထည့်ကာ လုံးလုံး လုံးလုံးဖြင့် ဘေးနားရောက်ချလာသည်..
"Jk hyung. ထယ်ထယ် ဒီအိတ်သေးသေးလေးပဲ ဆွဲမယ်နော်''
အိတ်အသေးလေးကို လက်ညှိုးထိုးကာ ပြုံးဖြီးဖြီးလေး ပြောလာသည်...
"Ohhh......shittt''
Box smile လေးမှာ Jeon Jungkook တို့ ကျဆုံးလေပြီ...
မဆွဲခိုင်းရက်တော့.... အထုတ်သေးသေးလေးမပြောနဲ့.... ပုဝါလေးတထည်တောင် မသယ်ခိုင်းရက်တော့...
လက်ဖဝါးနုနု သွေးခြေဥမှာ စိုးမိသည်..
"Baby. သွားသွား...အိမ်ထဲဝင်...နေပူနေပြီ... ကို့ဘာသာ ဆွဲခဲ့မယ်..''
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️