"ထွက်သွား....ခုထွက်သွား....ခင်များမျက်နှာကို မြင်ကို မမြင်ချင်ဘူး.... ကုန်ကုန်ပြောမယ်.. ကျတော့် မျက်စိရှေ့ အရိပ်တောင် ပေါ်မလာစေနဲ့''
"တောင်းပန်ပါတယ် Taehyung ရယ်... ကို အနူးအညွတ် တောင်းပန်ပါတယ်... ထွက်မသွားပါရစေနဲ့... ''
ဒူးထောက်ထိုင်ချလိုက်တော့ ကြမ်းပြင်ကြောင့် ဒူးနှစ်ဖက်က အသံမြည်ကာ နာသွားရသည်...
"အီး ဟီး...ခင်များကြီး ရက်စက်တယ်... ကျတော့်မှာတော့ ခင်များကြီးအတွက် အရာအားလုံးကို ပုံအပ်ထားရတာ... မိဘဆွေမျိုးတွေကော သူငယ်ချင်းတွေကိုပါ ပစ်ထားပြီး ခင်များတယောက်ထဲပဲ ကမ္ဘာ ထင်ခဲ့တာ.. ခုတော့ ခင်များက အဲ့မိန်းမ... အဲ့မိန်းမကြောင့် ခင်များကို သေလောက်အောင် ချစ်တဲ့ ကျတော့်ကို စွန့်လွှတ်တော့မယ်ပေါ့.. အဲ့လို...................................................................ကိုကို...ထယ်ထယ် မေ့သွားပြန်ပြီ 😁''
ဘ်ာနခေါက်မြောက်မှန်း မသိတော့သော ထို သရုပ်ဆောင် လေ့ကျင့်မှုကြီးကို Jungkook တော်တော် စိတ်ညစ်နေပြီဖြစ်သည်. .
ဒူးထောက်ရတာလည်း ကြာတော့ ဒူးခေါင်းတွေပါ ယောင်ချင်လာသည်...
"Baby ရယ်... ရအောင် အရင်ကျက်ပါ... ရပြီသေချာမှ ကိုကိုနဲ့ ကျင့်ကြတာပေါ့...''
ဇာတ်ညွှန်းစာရွက်ကို ကလေးလက်ထဲ ပြန်ထည့်ပေးကာ သေချာ ကျက်ခိုင်းရပြန်သည်...
ဒါပေမဲ့ ဒီနေ့အတွက်တော့ နောက်ထပ် ဒူးမထောက်နိုင်တော့... ပထမနှစ် တက္ကသိုလ်ကျောင်းသားလေး Kim Taehyung က fresher welcome မှာ ပြဇာတ်ကရမည်ဆိုတာက စခဲ့သည့် ပြသနာပင်...
အဓိက ဇာတ်ဆောင်နေရာက မဟုတ်ပေမဲ့ နှစ်ခန်းလောက်ပါသည့် ပြဇာတ်အတွက် ထို တပတ်လုံး jungkook တယောက် အေးချမ်းစွာ မနေရခဲ့..
ဇာတ်ညွှန်းစာရွက်ယူလာကာ တဖက်လူပြောရမည့် နေရာကဟာတွေကို jungkook ကို ကျက်ခိုင်းသည်... ကျက်ပြီး ပြောပေးရတာက ပြသနာမဟုတ်... အဓိက ပြသနာက ဒူးထောက်ရတာပင်...
"ကိုကိုက ပြောရင်း ဒူးလေးပါထောက်ပေး''ဟုဆိုကာ မျက်နှာငယ်လေးဖြင့် ပေါင်ပေါ်တက်ထိုင်ကာ အသနားခံရှာသည်....
YOU ARE READING
Don't touch my baby (Completed)
RomanceTaekook Zawgyi + Unicode Notice 👉 Not English Version That's Myanmar. ❤️