16.

17.6K 1.7K 73
                                    

"ကိုကို ထယ်ထယ့်ကို ရေခဲသေတ္တာထဲက စတော်ဘယ်ရီလေး ယူပေးပါဦး...''

"ကိုကို...... Tannie အရုပ်လေး ဒီဘက် ပြန်ပစ်လိုက်ပါဦး..''

"ကိုကို... Tannie အစာကော''

Jeon Jungkook ကို တယောက်ယောက် လာကယ်ကြပါဦး....

ကလေးတယောက် ခွေးတကောင်နဲ့ အလုပ်လည်း မလုပ်ရ..  သူတို့နှစ်ယောက် ဝေယျာဝစ္စတွေနှင့်ပသ် တမနက်လုံး ကောင်းကောင်းမနေရပေ...

"Baby... ကိုကို အလုပ်လုပ်နေတာလေကွာ... ငြိမ်ငြိမ်လေး ထိုင်ပါရစေဦး...''

အသံနဲနဲမာကာ လှမ်းငေါက်လိုက်တော့ မျက်နှာငယ်လေးနှင့် ကလေးကော ခွေးကော အချိုးက တချိုးတည်း...

"Baby... လာခဲ့...ကိုကို့ပေါင်ပေါ်ကို.. အဲ့ခွေးကို ထားခဲ့''

"မရပါဘူး...Tannie ပါ မခေါ်ရရင် ထယ်ထယ်လည်း မလာဘူး''

လက်တဖက်က ခွေးကိုပွေ့ထားကာ တဖက်က ခါးထောက်ပြီး ခပ်လှမ်းလှမ်းကနေ ပြန်အော်နေသည့် ကလေးငယ်...

ခုကျတော့ ဟိုမဲလုံးကောင်ကလည်း မျက်နှာကို ချီလို့...

မှတ်ပလား Jeon Jungkook... ဒီမဲလုံးကို မင်းဝယ်ပေးထားတာ...ခံစမ်း... အခုချိန်မှ အမွှေးနှုတ်ပြီး တောက်တောက်စင်းပစ်လည်း မရတော့ဘူး... Jeon Jungkook ကို ဘယ်သူမှ မကယ်နိုင်တော့ဘူး...

"ဟုတ်ပါပြီ ကလေးရယ်...လာပါ... နှစ်ကောင်လုံး ကြွခဲ့ပါ''

အိပ်ရာပေါ် စွေ့ကနဲ တက်လာသည့် ကလေးငယ်က အလိုက်တသိပင် ရင်ခွင်ထဲ ဝင်လာသည်...

ကလေးငယ်ကို ရင်ခွင်ထဲထည့်ပြီး နောက်ကနေ ဆံပင်နုနုလေးတွေကို ငုံ့နမ်းရတာလည်း မြတ်နိုးရခြင်း တခုပင်...

ဆံနွယ်လေသတွေကြားထဲ နှာခေါင်းနှစ်ကာ ရှေ့က laptop ဆီ အာရုံပြန်လွှဲလိုက်သည်...

ရင်ခွင်ထဲက ကလေးကတော့ ရှေ့က မဲလုံးကောက်ကို ကျောသပ်ပေးရင် သိပ်နေသည်...

"ကိုကို... ပြီးတော့မှာလား''

ပျင်းလာလို့ထင်သည်... အိပ်ပျော်နေသော ခွေးကို ဘေးချကာ ခေါင်းလေးမော့ပြီး မေးလာသည်...

"အင်း...ပြီးတော့မှာ... baby ဗိုက်ဆာလို့လား...ပျင်းနေပြီလား''

"ကိုကိုနဲ့ အပြင်သွားချင်တယ်...မုန့်လည်း စားမယ်... ရုပ်ရှင်လည်း ကြည့်မယ်.... ပြီးတော့ Tannie အတွက် ဈေးလည်း ဝယ်ရဥိးမယ်... joon hyung က မုန့်ဖိုးပေးလိုက်တယ်... ဒိနေ့ တနေကုန် ဈေးဝယ်ထွက်လို့ရတယ်တဲ့''

Don't touch my baby (Completed)Where stories live. Discover now